" ဗေဒါပင်ကို အခြေခံထား၍ ကောက်ရိုးမှို စိုက်ပျိုးနည်း "
(မိမိဒေသနှင့် နီးစပ်ရာ မှိုဆရာများထံတွင် အကူအညီတောင်းနိုင်ရန် မှိုဆရာများ၏ လိပ်စာများထည့်ပေးထားပါသည်။ တိုက်ရိုက်ဆက်သွယ်ကြပါရန်)
ပုံများအား Thiha Thu ထံမှယူသုံးပါသည်။
==========================
ဗေဒါပင်သည် ကောက်ရိုးထက် ဆွေးမြေ့မှု နှေးပြီး လစ်နင်(Lignin) ဓာတ်ပိုများပါသည်။ မှိုစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး ကုန်ကြမ်းဖြစ်သည်။ ဗေဒါပင်များသည် ကန်ချောင်းများတွင် အလေ့ကျပေါက်ရောက်၍ ချောင်းပိတ် မြောင်းပိတ်များဖြစ်ပေါ်ကာ သွားလာမှု အခက်အခဲဖြစ်စေပါသည်။ ထို့ကြောင့် ၄င်းတို့အား အသုံးချပြီး အောင်မြင်သော ကောက်ရိုးမှိုစိုက်ပျိုးရေး တစ်ခု ဖန်တီးကြပါစို့-
(1) ဗေဒါပင်များအား (3-4)လက်မအရှည် ဖြတ်တောက်ခုတ်စင်းပြီး နေလှမ်းထားပါ။
(2) အရွက်များအစား အရိုးများအား အသုံးပြုလျှင် ပိုမိုကောင်းမွန်ပါသည်။
(3) ကောက်ရိုး / ရိုးပြတ်တို့ကိုရေစိမ်ပါ။ လေးလက်မထုရသည်အထိခင်းပါ။
(4) 2% ထုံးရည်စိမ်ထားသော ဗေဒါခြောက်များကို ညီညာစွာ ဖိသိပ်ပြီး သုံးလက်မထု ခင်းပေးပါ။
(5) ဖွဲနုအမှုန့်ကို အပုံပတ်လည်တွင် ခြောက်လက်မဗျက် အနှံ့ဖြူးထည့်ပါ။
(ဖွဲနုနို့ဆီဗူး တစ်ဗူး / 20 စတုရန်းပေ)
(6) ဆက်လက်၍ ချေမွထားသော မှိုမျိုးများကို အပုံအနား တစ်လျောက်မှ (3-4)လက်မခွာ ထည့်ပေးပါ။
(7) 2% ထုံးရေစိမ်ထားသော ကောက်ရိုးများကို နှစ်လက်မထုဖြန့်၍ ဖုံးအုပ်ပေးပါ။
ဤတွင် ပထမအလွှာ ပြီးပါပြီ။
(8) ဒုတိယအလွှာကို ဆက်ခင်းပါ။
#သတိပြုရန်မှာ -
ကောက်ရိုးအလွှာခင်းရာတွင် ကောက်ရိုးများ တစ်လွှာနှင့်တစ်လွှာ ကန့်လန့်ဖြတ် ခင်းရမည်။
#ရှင်းလင်းချက်
(1) (3-4) လက်မအရှည် ဗေဒါများချည်း သပ်သပ်အပုံ ပုံပါက အပုံပြိုကျရန် လွယ်ကူသည့်အတွက် ကောက်ရိုးများမှ ထိန်းပေးနိုင်ပါမည်။
(2) ကောက်ရိုးသည် ဗေဒါပင်ထက် အပူကို ထုတ်ပေးနိုင်စွမ်း ပိုမိုများသဖြင့် မှိုအတွက် လိုအပ်သော အပူကိုရရှိစေနိုင်ပါသည်။
(3) ဗေဒါပင်များသည် ရေစုပ်ယူ ထိန်းနိုင်အား များသောကြောင့် မှိုမျှင်များ ရိပုတ်တတ်သည်။ ကောက်ရိုးများ ထည့်သုံးထားခြင်းကြောင့် ဗေဒါပင်များမှ ရေကို မျှယူထိန်းထားနိုင်သည်။
(4) ကောက်ရိုးသည် ဗေဒါပင်ထက် ဆွေးမြေ့မှု မြန်သောကြောင့် မှိုအတွက် အာဟာရဓာတ်များ ပြည့်စုံစွာ ရရှိစေပါမည်။







