Sunday, 12 June 2016

ငယ်ဘဝ 
••••••••••
ဘဝသစ္စာ၊ ငါဖွေရှာခိုက်
ပမာပန်းလှ၊ ငယ်ဘဝသည်
ငါ့ထံပါးမှ ပြေးလေပြီ...။
ပန်းလိုလှပ၊ငယ်ဘဝကိုမှန်းဆရော်ရမ်း၊ ငါလျင်လွမ်း၍
အလွမ်းပြေစေ၊သက်သာစေဟု
ငါနေခဲ့ရာ၊ မွေးရပ်ရွာသို့
မကြာမကြာ ပြန်ဖူးပြီ...။

ရွာသို့ရောက်လည်း
ရောက်ရုံသာပဲ၊မျက်ရည်ဝဲကာ
ငယ်ခါဘဝ၊ရှာမရ၍
လှည့်ပြန်ရတာ များခဲ့ပြီ။
တစ်ခါတစ်ခါ
ကာလဝိုးဝါး၊ မြူ မှုန်ကြား၌
လှုပ်ရှားတက်ကြွ၊ငယ်ဘဝကို
အစအန မြင်လိုက်ရသည်..
မြင်ရဆဲတွင်၊ငယ်ရုပ်သွင်သည်
ငုပ်ဝင်ကွယ်လျှိုးသွားခဲ့သည်...။ ။
မောင်သင်းကြည်
(စက်တင်ဘာ၊၂၀၀၇၊)
ချင်းတွင်း မဂ္ဂဇင်း

No comments:

Post a Comment