သူငယ်ချင်းတွေနဲ့ ခရီးတစ်ခေါက်ထွက်ဖို့ စီစဉ်ရတာ
အရမ်းလွယ်တယ်လို့ ထင်နေရင် ညွန့်ညွန့်စိန်ကိုသာ
ကြည့်လိုက်ပေတော့...
အရမ်းလွယ်တယ်လို့ ထင်နေရင် ညွန့်ညွန့်စိန်ကိုသာ
ကြည့်လိုက်ပေတော့...
ကားမှန်ပြတင်းပေါက်ကနေ လယ်ကွင်းပြင်တွေ၊
တောင်စဉ်တောင်တန်းတွေကို ငေးမောကြည့်ရင်း
ညွန့်ညွန့်စိန်တစ်ယောက် တွေးနေမိသည်...
တောင်စဉ်တောင်တန်းတွေကို ငေးမောကြည့်ရင်း
ညွန့်ညွန့်စိန်တစ်ယောက် တွေးနေမိသည်...
ဒီခရီးစဉ်အတွက် သူတော်တော်လေး ပင်ပန်းခဲ့ရသည်၊
ပင်ပန်းတာမှ သေချင်စော်တောင် နံသည်အထိ...
ပင်ပန်းတာမှ သေချင်စော်တောင် နံသည်အထိ...
သူငယ်ချင်းတွေ၊ သူငယ်ချင်းတွေ
ဒီတစ်ယောက်တစ်ပေါက် သူငယ်ချင်းတွေ
တအုံတမကြီးနဲ့ ခရီးလေးတစ်ခါထွက်ဖို့အရေး...
ဒီတစ်ယောက်တစ်ပေါက် သူငယ်ချင်းတွေ
တအုံတမကြီးနဲ့ ခရီးလေးတစ်ခါထွက်ဖို့အရေး...
လွန်ခဲ့တဲ့လေးလလောက်ကတည်းက
သူစည်းရုံးခဲ့ရသည်၊ သိမ်းသွင်းခဲ့ရသည်၊ နားချခဲ့ရသည်၊
မြူဆွယ်ခဲ့ရသည်၊ ဂွင်ဆင်ခဲ့ရသည်၊ လိမ်ခဲ့ရသည်၊
ပိုက်ဆံချေးခဲ့ရသည်၊ ဖုန်းဘေလ်ကုန်ခဲ့ရသည်...
သူစည်းရုံးခဲ့ရသည်၊ သိမ်းသွင်းခဲ့ရသည်၊ နားချခဲ့ရသည်၊
မြူဆွယ်ခဲ့ရသည်၊ ဂွင်ဆင်ခဲ့ရသည်၊ လိမ်ခဲ့ရသည်၊
ပိုက်ဆံချေးခဲ့ရသည်၊ ဖုန်းဘေလ်ကုန်ခဲ့ရသည်...
ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်တွေနဲ့
တစ်ခါလောက်တော့ ခရီးထွက်ချင်တယ်ဆိုပြီး
လောဆော်မိကတည်းက ဘယ်နေရာသွားကြမလဲကိုပင်
တစ်လခွဲလောက် ညှိယူခဲ့ရသည်...
တစ်ခါလောက်တော့ ခရီးထွက်ချင်တယ်ဆိုပြီး
လောဆော်မိကတည်းက ဘယ်နေရာသွားကြမလဲကိုပင်
တစ်လခွဲလောက် ညှိယူခဲ့ရသည်...
တစ်ယောက်က ဘာသာရေးလိုက်စားသူမို့
ကျိုက်ထီးရိုးသို့သွားချင်သည်...
ကျိုက်ထီးရိုးသို့သွားချင်သည်...
တစ်ယောက်က ငပလီတစ်ခါမှ မရောက်ဖူးလို့
သွားချင်တယ်ဟုပြောသည်...
သွားချင်တယ်ဟုပြောသည်...
ဒါကို တစ်ယောက်က ငပလီက ဝေးလွန်းသည်
ဈေးကြီးသည်၊ ဒီတော့ ငွေဆောင်သွားမည်ပြောသည်...
ဈေးကြီးသည်၊ ဒီတော့ ငွေဆောင်သွားမည်ပြောသည်...
ဒါကို နောက်တစ်ယောက်က လက်မခံ
ငွေဆောင်ထက်စာရင် ချောင်းသာကမှ ပိုစည်သည်ဟု
အတွန့်တက်သည်...
ငွေဆောင်ထက်စာရင် ချောင်းသာကမှ ပိုစည်သည်ဟု
အတွန့်တက်သည်...
သို့သော် နောက်တစ်ယောက်ကတော့ ပုဂံသို့သာ
ဘုရားဖူးထွက်လိုက်ချင်နေသည်...
ဘုရားဖူးထွက်လိုက်ချင်နေသည်...
ဒါကို တစ်ယောက်က ပုဂံက ခဏခဏရောက်နေသဖြင့်
ရွှေစက်တော်နှင့် ပုပ္ပါးသွားချင်သည်ဟုပြောသည်...
ရွှေစက်တော်နှင့် ပုပ္ပါးသွားချင်သည်ဟုပြောသည်...
တခြားတစ်ယောက်ကတော့ ဒါကို ငြင်းသည်
ရှမ်းပြည်သွားပြီး တောင်ကြီး၊ အင်းလေး၊ ပင်းတယ
ကလောစသဖြင့် ပတ်လိုက်ချင်သည်ဟုပြောပြန်သည်...
ရှမ်းပြည်သွားပြီး တောင်ကြီး၊ အင်းလေး၊ ပင်းတယ
ကလောစသဖြင့် ပတ်လိုက်ချင်သည်ဟုပြောပြန်သည်...
ဒါကိုပင် တချို့က လက်မခံချင်ကြဘဲ တောင်ပေါ်ကိုမှ
သွားချင်ရင် ချင်းတောင်ကို သွားသင့်သည်ဟုပြောသည်...
သွားချင်ရင် ချင်းတောင်ကို သွားသင့်သည်ဟုပြောသည်...
သို့သော် လမ်းပန်းဆက်သွယ်ရေးကို အကြောင်းပြပြီး
ချင်းတောင်မသွားဘဲ မန္တလေးသွားပြီး မေမြို့တက်
အပန်းဖြေတာကမှ ကောင်းသေးကြောင်း ပြောပြန်သည်..
ချင်းတောင်မသွားဘဲ မန္တလေးသွားပြီး မေမြို့တက်
အပန်းဖြေတာကမှ ကောင်းသေးကြောင်း ပြောပြန်သည်..
ဒါ့အပြင် မြစ်ဆုံသွားပြီး ဓာတ်ပုံရိုက်ချင်တယ်ဟု
ပြောတဲ့သူက ရှိသေးသည်...
ပြောတဲ့သူက ရှိသေးသည်...
တချို့ကျတော့ ကရင်ပြည်နယ်သွားပြီး ဇွဲကပင်တောင်မှ
တက်ချင်ကြပြန်သည်...
တက်ချင်ကြပြန်သည်...
တစ်ယောက်ကတော့ ထားဝယ်၊ ကော့သောင်းဘက်
သွားပြီး ပင်လယ်ရနံ့ကို ရှူရှိုက်ချင်နေကြသည်...
သွားပြီး ပင်လယ်ရနံ့ကို ရှူရှိုက်ချင်နေကြသည်...
တချို့ကတော့ ပြည်တွင်းနဲ့တင် အားမရ၊ ပြည်ပအထိ
ခြေစင်္ကြာဖြန့်ချင်နေကြသည်...
ခြေစင်္ကြာဖြန့်ချင်နေကြသည်...
ဘန်ကောက်သွားမယ့်သူနဲ့၊ ဗီယက်နမ်ပြောတဲ့သူနဲ့၊
စလုံးသွားလိုက်ချင်တဲ့သူနဲ့၊ ဘာလီကျွန်းကိုမှ
ရောက်ဖူးချင်ရသူနဲ့၊ မော်ဒိုက်သွားပြီး ကဲမယ့်သူနဲ့
တော်တော့ကို ရူးချင်စရာကြီးပါ...
စလုံးသွားလိုက်ချင်တဲ့သူနဲ့၊ ဘာလီကျွန်းကိုမှ
ရောက်ဖူးချင်ရသူနဲ့၊ မော်ဒိုက်သွားပြီး ကဲမယ့်သူနဲ့
တော်တော့ကို ရူးချင်စရာကြီးပါ...
ဒါတောင် ဗုဒ္ဓဂါယာသွားရင် မကောင်းဘူးလားဟု
တောင်းဆိုသူပင် ရှိသည်အထိ...
တောင်းဆိုသူပင် ရှိသည်အထိ...
ဟော သွားမယ့်နေရာ ငြင်းကြခုံကြပြီးပြန်တော့
သွားမယ့်အချိန် ညှိရပြန်သည်...
သွားမယ့်အချိန် ညှိရပြန်သည်...
တချို့က လဆန်းပဲအားသည်
တချို့က လကုန်ပဲအားသည်
တချို့က တစ်လလုံးမအား၊ နောက်လမှ အားမည်
တချို့က ဘာအလုပ်မှမရှိ၊ ဒါပေမဲ့ မအား
တချို့က သင်တန်းတက်စရာရှိသည်
တချို့က ကျောင်းတက်ရဦးမည်
တချို့က ရုံးမှာ ခွင့်မရ
တချို့က အလုပ်ကိစ္စ ခရီးလွန်နေသည်
တချို့က နယ်မှာ ရောက်နေသည်
တချို့က အသဲကွဲနေသည်
တချို့က တရားစခန်းဝင်နေသည်
တချို့က ဗိုက်ကြီးနေသည်
တချို့က သားတွဲလောင်း၊ မယားတွဲလောင်း
တချို့က နိုင်ငံခြားက ပြန်ရောက် မရောက် မသေချာ...

အထက်ဖော်ပြပါအရာတွေအားလုံး အားမယ့်ရက်ကို
စီစဉ်သူ ညွန့်ညွန့်စိန်ပင် တော်တော်ညှိယူရသည်၊
တော်ရုံစကေးနဲ့တော့ မရ...
စီစဉ်သူ ညွန့်ညွန့်စိန်ပင် တော်တော်ညှိယူရသည်၊
တော်ရုံစကေးနဲ့တော့ မရ...
တချို့ကျ အားသည်၊ ဒါပေမဲ့ မိဘက မထည့်၊
ဒါမျိုးကျ ညွန့်ညွန့်စိန်ကိုယ်တိုင် မိဘအိမ်လိုက်ပြီး
အာပေါက်မတတ် အာမဘန္တေခံရသည်...
ဒါမျိုးကျ ညွန့်ညွန့်စိန်ကိုယ်တိုင် မိဘအိမ်လိုက်ပြီး
အာပေါက်မတတ် အာမဘန္တေခံရသည်...
တချို့ကျ ရည်းစားက မထည့်၊ စိတ်မချ၊
ဒါမျိုးဆိုလည်း ညွန့်ညွန့်စိန်ပင် သူတို့ရည်းစားကို
သူတို့နဲ့အတူ ပတ်ချွဲနှပ်ချွဲ ဝင်ပြောပြီး နှူးရသည်
သူတို့ရည်းစားကို ဘယ်သူမှစနိုက်မကြော်ပါကြောင်း၊
ဘယ်သူမှ ခြံမခုန်စေရပါကြောင်း စသဖြင့်...
ဒါမျိုးဆိုလည်း ညွန့်ညွန့်စိန်ပင် သူတို့ရည်းစားကို
သူတို့နဲ့အတူ ပတ်ချွဲနှပ်ချွဲ ဝင်ပြောပြီး နှူးရသည်
သူတို့ရည်းစားကို ဘယ်သူမှစနိုက်မကြော်ပါကြောင်း၊
ဘယ်သူမှ ခြံမခုန်စေရပါကြောင်း စသဖြင့်...
တချို့ကျ ရုံးက ဘယ်လိုပြောပြော ခွင့်မရ၊
ဒါမျိုးကျတော့ ညွန့်ညွန့်စိန်ပင် ဆေးစာအတုတွေ
ဘာတွေ လီဆယ်ရေးပေးပြီး လံကြုတ်ရသည်၊
မသိရင် သူတို့ဝန်ထမ်းကို ဆေးခွင့်မှ မပေးရင်
မနက်ဖြန် သဘက်ခါပဲ မာလကီးယားတော့မှာလိုလို
ဘာလိုလို စသဖြင့်...
ဒါမျိုးကျတော့ ညွန့်ညွန့်စိန်ပင် ဆေးစာအတုတွေ
ဘာတွေ လီဆယ်ရေးပေးပြီး လံကြုတ်ရသည်၊
မသိရင် သူတို့ဝန်ထမ်းကို ဆေးခွင့်မှ မပေးရင်
မနက်ဖြန် သဘက်ခါပဲ မာလကီးယားတော့မှာလိုလို
ဘာလိုလို စသဖြင့်...
တချို့ကျ အားလည်းအားသည်၊ မိဘကလည်း
ထည့်သည်၊ ရည်းစားလည်းမရှိ၊ ဒါ့အပြင် ပိုက်ဆံလည်း
မရှိပေ၊ ဒါမျိုးဆိုလည်း ညွန့်ညွန့်စိန်ပင် ပိုက်ဆံချေးရသည်
"ငါက တော်တော်နဲ့ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူးနော်"
"အေး အေး၊ ရတယ်၊ နောက်မှ ဖြည်းဖြည်းပေါ့"
စသဖြင့် လူလိုက်လာရင် ပြီးရောဆိုပြီး
ပိုက်ဆံလည်းချေးပေးရသလို၊ လေချိုလည်းသွေးရသည်..

တချို့ကျတော့ တစ်ယောက်တည်းတော့ မလိုက်ချင်၊
အဒေါ်တွေ၊ အမေတွေ၊ လင်ညီအမတွေ၊ ယောင်းမတွေ၊
စသဖြင့် အဖော်တစ်ယောက်တော့ ခေါ်ခဲ့ချင်သည်ဟု
ကွန့်ကြပြန်သည်၊ ဒီတော့လည်း လက်ခံပေးရသည်ပင်...
အဒေါ်တွေ၊ အမေတွေ၊ လင်ညီအမတွေ၊ ယောင်းမတွေ၊
စသဖြင့် အဖော်တစ်ယောက်တော့ ခေါ်ခဲ့ချင်သည်ဟု
ကွန့်ကြပြန်သည်၊ ဒီတော့လည်း လက်ခံပေးရသည်ပင်...
တချို့ကျတော့ စပြောတုန်းက အားသည်၊ နောက်မှ
ဘယ်လိုဖြစ်တယ်မသိ မအားတော့...
ဒါမျိုးကျတော့ ညွန့်ညွန့်စိန်က ပတ်ကြမ်းတိုက်ပစ်သည်...
ဘယ်လိုဖြစ်တယ်မသိ မအားတော့...
ဒါမျိုးကျတော့ ညွန့်ညွန့်စိန်က ပတ်ကြမ်းတိုက်ပစ်သည်...
တချို့ကျတော့ စစချင်းမှာ အားတက်သရော၊
နောက်တော့ စိတ်မပါ လက်မပါ ဖြစ်ကုန်သည်...
ဒါမျိုးကျတော့ ညွန့်ညွန့်စိန်က ချော့ပြီး ဆွယ်သည်...
နောက်တော့ စိတ်မပါ လက်မပါ ဖြစ်ကုန်သည်...
ဒါမျိုးကျတော့ ညွန့်ညွန့်စိန်က ချော့ပြီး ဆွယ်သည်...
တချို့ကျတော့ အရာအားလုံးအဆင်ပြေပြီးခါမှ
အရေးကြီးကိစ္စပေါ်လာတယ်ဆိုပြီး လုပ်ပြန်သည်...
ဒါမျိုးကျတော့ ညွန့်ညွန့်စိန်ပင် လိုက်ရှင်းယူရသည်...
အရေးကြီးကိစ္စပေါ်လာတယ်ဆိုပြီး လုပ်ပြန်သည်...
ဒါမျိုးကျတော့ ညွန့်ညွန့်စိန်ပင် လိုက်ရှင်းယူရသည်...
သွားမယ့်နေရာ၊ သွားမယ့်အချိန် ညှိလို့ရပြန်တော့
ဘာနဲ့သွားမှာလဲဆိုတဲ့ ပြဿနာထပ်တက်ပြန်သည်...
ဘာနဲ့သွားမှာလဲဆိုတဲ့ ပြဿနာထပ်တက်ပြန်သည်...
"အိတ်စပရက် နဲ့ သွားမှာလား"
"အိတ်စပရက်ဆို နှစ်ထပ်ကားမှ စီးမှာနော်"
"ငါက ရှေ့ပိုင်းရမှ လိုက်မှာနော်"
"ငါက ပြတင်းပေါက်ဘက်ပဲ ထိုင်မှာ၊ ကြိုပြောထားတာ"
"ငါက အိတ်စပရက်ဆို မစီးဘူး၊ မူးတတ်လို့"
"ငါလည်း မစီးဘူး၊ ရှူးပေါက်ချင်ရင် အောင့်ထားရလို့"
"ကိုယ့်ကားနဲ့ကိုယ်ဆိုရင်ရော"
"မောင်းမယ့်သူမှ မရှိတာ၊ ငါလည်း မမောင်းချင်ဘူး"
"ဟုတ်တယ်၊ ဆီဖိုးနဲ့ ပြင်ရမှာနဲ့ မကာမိဘူး"
"ကားစင်းလုံးငှားမယ်ကွာ"
"ဒါဆို အန်စာတုံးမှငှားနော်"
"မဟုတ်လည်း အယ်ဖတ်လောက်တော့လုပ်"
"ဟုတ်တယ်၊ လိုက်ထရပ်တော့ မလုပ်နဲ့ ဖီးအောက်တယ်"
"မောင်းတဲ့သူကရော စိတ်ချရပါ့မလား"
"လေယာဉ်နဲ့ သွားရင်ရော"
"ညဘက်ဆို ငါက မစီးရဲဘူးဟ"
"သင်္ဘောစီးကြည့်ရအောင်၊ တစ်ခါမှ မစီးဖူးလို့"
"ရထားတွေလည်း အခုနောက်ပိုင်း အချိန်မှန်လာပြီဟ"
ဟူး တစ်ယောက်တစ်ပေါက်တွေကြားထဲမှာ
ညွန့်ညွန့်စိန်တစ်ယောက် ဟိုဘက်ကြည့်လိုက်၊
ဒီဘက်နားထောင်လိုက်နဲ့ မျက်နှာလေးကိုငယ်လို့...
ညွန့်ညွန့်စိန်တစ်ယောက် ဟိုဘက်ကြည့်လိုက်၊
ဒီဘက်နားထောင်လိုက်နဲ့ မျက်နှာလေးကိုငယ်လို့...
တော်သေးတယ်၊ ဒါတောင် ရဟတ်ယာဉ်တွေ၊ ဒုံးပျံတွေ၊
မီးပုံးပျံတွေ၊ ဆိုက်ကားတွေ၊ ကုန်းကြောင်းလျှောက်တွေနဲ့
သွားချင်တယ်လို့ပြောတဲ့သူ မပါသေးလို့...
မီးပုံးပျံတွေ၊ ဆိုက်ကားတွေ၊ ကုန်းကြောင်းလျှောက်တွေနဲ့
သွားချင်တယ်လို့ပြောတဲ့သူ မပါသေးလို့...
ဟော အရာအားလုံး သဘောတူပြီးပြန်တော့
သွားဖို့အတွက် ပြင်ဆင်ရပြန်သည်...
သွားဖို့အတွက် ပြင်ဆင်ရပြန်သည်...
တချို့ကျ ခရီးစရိတ်က အဲ့လောက်မကုန်၊
ခရီးထွက်ဖို့ ရှော့ပင်ထွက်ရတာက ပိုကုန်နေသည်...
ခရီးထွက်ဖို့ ရှော့ပင်ထွက်ရတာက ပိုကုန်နေသည်...
အိတ်ဝယ်ရသည်၊ ဖိနပ်ဝယ်ရသည်၊ မျက်မှန်၊ ဦးထုပ်၊
မာဖလာ၊ ပဝါ၊ ခေါင်းစွပ်၊ တူးပိစ်၊ အနွေးထည်၊ ပဂျားမား
စသဖြင့် စုံစိနေအောင် ဝယ်ရသည်...
မာဖလာ၊ ပဝါ၊ ခေါင်းစွပ်၊ တူးပိစ်၊ အနွေးထည်၊ ပဂျားမား
စသဖြင့် စုံစိနေအောင် ဝယ်ရသည်...
ဒါတွေဝယ်ဖို့ ညွန့်ညွန့်စိန်ပင် ဒိုင်ခံလိုက်ပို့ပေးရသည်၊
ဒါ့အပြင် သူတို့က ဝတ်ကြည့်ပြီး "ညွန့်ညွန့်စိန်...လှလား"
မေးရင်၊ လှလှ မလှလှ လှတယ်ဟုပင် ပြောရသေးသည်၊
ဒါတောင် သူတို့က အားမရ "ဒါလေးနဲ့ ဆိုရင်ရော"
ဆိုပြီး ထပ်လုပ်သေးသည်...
ဒါ့အပြင် သူတို့က ဝတ်ကြည့်ပြီး "ညွန့်ညွန့်စိန်...လှလား"
မေးရင်၊ လှလှ မလှလှ လှတယ်ဟုပင် ပြောရသေးသည်၊
ဒါတောင် သူတို့က အားမရ "ဒါလေးနဲ့ ဆိုရင်ရော"
ဆိုပြီး ထပ်လုပ်သေးသည်...
အဲ့ဒါတွေ ဝယ်ပြီးတော့ တစ်ခါ စားစရာ ဝယ်ရပြန်သည်...
နေကြာစေ့ပါသည်၊ ကွာစေ့ပါသည်၊ မက်မန်းသီး၊
ဆားငံသီး၊ အချဉ်ထုပ်၊ အားလူးကြော်၊ ပေါင်မုန့်၊
အချိုရည်၊ သကြားလုံး၊ ပူရှိန်း၊ ပီကေ၊ ဆီးသီး၊ ပန်းသီး၊
လိမ္မော်သီး၊ ဒီကြားထဲ ဟိုသကောင့်သားတွေမှာတဲ့
ဘီယာက ဖာလိုက် ဝယ်ပေးရသေးသည်...

နောက်ပြီး ဖဲထုပ်လည်း မပါမဖြစ် ဝယ်ရသည်
ဂီတာတွေပါတော့ ဂီတာကြိုးက အပိုဆောင်ရပြန်သည်
တချို့က နေရောင်ခံလိုးရှင်းမှာသဖြင့် တမြို့လုံး
ပတ်ရှာရပြန်သည်၊ ဒါ့အပြင် ဘောလုံးမှာတဲ့သူက တမျိုး၊
ခြင်းလုံးကတဖုံ ဒါတွေအားလုံးစုံမှ ခရီးက စလို့ရသည်...
ဂီတာတွေပါတော့ ဂီတာကြိုးက အပိုဆောင်ရပြန်သည်
တချို့က နေရောင်ခံလိုးရှင်းမှာသဖြင့် တမြို့လုံး
ပတ်ရှာရပြန်သည်၊ ဒါ့အပြင် ဘောလုံးမှာတဲ့သူက တမျိုး၊
ခြင်းလုံးကတဖုံ ဒါတွေအားလုံးစုံမှ ခရီးက စလို့ရသည်...
ဒါတင်မကသေး တချို့ပစ္စည်းတွေ မေ့မှာစိုးလို့
ခရီးမထွက်ခင်မှာ စစ်ကြရပြန်သည်၊ ဒီနေရာမှာ
ညွန့်ညွန့်စိန်ကတော့ တော်တော်စုံစုံ ပါသည်...
ခရီးမထွက်ခင်မှာ စစ်ကြရပြန်သည်၊ ဒီနေရာမှာ
ညွန့်ညွန့်စိန်ကတော့ တော်တော်စုံစုံ ပါသည်...
ညွန့်ညွန့်စိန်ရဲ့အိတ်ထဲမှာ စဖီစတစ်ပါသည်၊
နားကြပ်ပါသည်၊ ဆောင်းဘောက်ပါသည်၊ ပါဝါဘန့်၊
အားသွင်းကြိုးမျိုးစုံပါသည်...
နားကြပ်ပါသည်၊ ဆောင်းဘောက်ပါသည်၊ ပါဝါဘန့်၊
အားသွင်းကြိုးမျိုးစုံပါသည်...
ပရိတ်ကြီးဆယ့်တစ်သုတ်စာအုပ်နဲ့ စိပ်ပုတီး၊
ဖယောင်းတိုင်၊ မီးခြစ်မှသည် လက်နှိပ်ဓာတ်မီး၊
လက်သည်းညှပ်၊ အိတ်ဆောင်ဓားမှသည် အလှပြင်ပစ္စည်း
ဖယောင်းတိုင်၊ မီးခြစ်မှသည် လက်နှိပ်ဓာတ်မီး၊
လက်သည်းညှပ်၊ အိတ်ဆောင်ဓားမှသည် အလှပြင်ပစ္စည်း
တစ်ရှူး၊ တာဝါမှသည် အမျိုးသမီးလစဉ်သုံးပစ္စည်း
ဆပ်ပြာ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊
သွားကြားထိုးတံ၊ စာအုပ်၊ ဘောပင်၊ ကင်မရာ...
ဆပ်ပြာ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊
သွားကြားထိုးတံ၊ စာအုပ်၊ ဘောပင်၊ ကင်မရာ...
စားစရာမုန့်၊ ဆေး၊ ဓာတ်ဆားထုပ်၊ ခေါင်းမူးပျောက်ဆေး၊
ရှူဆေး၊ ပရုတ်ဆီ၊ နားဖာကလော်၊ အပ်နဲ့ အပ်ချည်၊
ဖတ်စရာစာအုပ်၊ လက်တော့၊ တက်ပလက်၊ ဝမ်းပိတ်ဆေး
ရှူဆေး၊ ပရုတ်ဆီ၊ နားဖာကလော်၊ အပ်နဲ့ အပ်ချည်၊
ဖတ်စရာစာအုပ်၊ လက်တော့၊ တက်ပလက်၊ ဝမ်းပိတ်ဆေး
စောင်၊ ခေါင်းအုံး၊ မှတ်ပုံတင်၊ လိုင်စင်၊ ပတ်စပို့၊
အရက်ပြန်၊ ဂွမ်း၊ ပတ်တီး၊ ပလာစတာ၊ ဟတ်ချိုးဂမုံးနာ
မှန်ဘီလူးတောင်ပါသည် ဟိုကြည့် ဒီကြည့် ကြည့်ဖို့
မသိရင် ခရီးထွက်တာနှင့်ပင် မတူ၊ ယောက်ျားနောက်
လိုက်ဖို့လား၊ တစ်အိုးတစ်အိမ်ထူထောင်မလို့လားဟုပင်
သံသယဝင်ချင်စရာ ကောင်းနေသေးတော့သည်...

ဒါတွေအားလုံးကိုလိုက်စီစဉ်ရင်း ညွန့်ညွန့်စိန်တစ်ယောက်
ခရီးမထွက်မီကပင် လူက ကိုင်ရိုက်ထားသလို ဖြစ်နေပြီး၊
တကယ်ခရီးထွက်တော့ မြော့မြော့သာ ကျန်တော့သည်...
ခရီးမထွက်မီကပင် လူက ကိုင်ရိုက်ထားသလို ဖြစ်နေပြီး၊
တကယ်ခရီးထွက်တော့ မြော့မြော့သာ ကျန်တော့သည်...
ဘာပဲဖြစ်ဖြစ် ဒီလိုခရီးစဉ်မျိုးကတော့ရှားသည်၊
အထူးသဖြင့် တစ်ယောက်တစ်ပေါက် သူငယ်ချင်းတွေကို
စုစည်းပြီး ခရီးစဉ်တစ်ခုဖြစ်မြောက်အောင် စီစဉ်နိုင်သော
ညွန့်ညွန့်စိန်လို ပလန်နာမျိုးက ပို၍ရှားသည်...
အထူးသဖြင့် တစ်ယောက်တစ်ပေါက် သူငယ်ချင်းတွေကို
စုစည်းပြီး ခရီးစဉ်တစ်ခုဖြစ်မြောက်အောင် စီစဉ်နိုင်သော
ညွန့်ညွန့်စိန်လို ပလန်နာမျိုးက ပို၍ရှားသည်...
သို့သော် ညွန့်ညွန့်စိန်တို့အုပ်စု ခရီးစဉ်မှာတော့
လမ်းတဝက်ရောက်မှ ပစ္စည်းတစ်ခု ကျန်နေခဲ့လို့
ပြန်လှည့်ယူရသည်...
လမ်းတဝက်ရောက်မှ ပစ္စည်းတစ်ခု ကျန်နေခဲ့လို့
ပြန်လှည့်ယူရသည်...
အခြားတော့ မဟုတ် ညွန့်ညွန့်စိန်ရဲ့ အိပ်ယာဘေးမှာ
ကျန်နေခဲ့တဲ့ ညွန့်ညွန့်စိန်ရဲ့အပါးတော်မြဲ လက်စွဲတော်
ဖုန်းပင်ဖြစ်သည်...
ကျန်နေခဲ့တဲ့ ညွန့်ညွန့်စိန်ရဲ့အပါးတော်မြဲ လက်စွဲတော်
ဖုန်းပင်ဖြစ်သည်...
-----------------------------
(Credit)
Wai Phyo Maung
1.Jan.2017
(Credit)
Wai Phyo Maung
1.Jan.2017
No comments:
Post a Comment