Tuesday, 8 August 2017
စိုက်ပျိုးရေးသမားများအတွက်
စိုက်ပျိုးရေးသမားများအတွက်
**********************************************
**********************************************
စိုက်ပျိုးရေးဆိုင်ရာ စက်မှုပညာ၊ ရေတင်ခြင်း၊ ဆိုလာစနစ်များအပါအ၀င် စိုက်နည်းပျိုးနည်းပေါင်းစုံနဲ့ အခြားဗဟုသုတတန်ဖိုးများလှတဲ့ (E-Book) စာအုပ်စာတမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာ ဗီဒီယိုများ အချက်အလက်အားလုံးစုစုပေါင်း 18 GB ကျော်ကျော် (DVD ၅ ချပ်စာ) ကို Aung Nyi Nyi Latt (ရန်ကုန်) က စုစည်းပေးထားပြီး နိုင်ငံအနှံ့ အခမဲ့ ဖြန့်ဝေပေးနေပါတယ်။ အချက်အလက်အားလုံးကို ကွန်ပျူတာနဲ့သာ လေ့လာဖတ်ရှုလို့ရပါမယ်။
တောင်ငူမှာ ကူးယူချင်တယ်ဆိုရင်တော့ ....
“ဦးကြည်” ကွန်ပျူတာရာဘာဘလောက်နှင့် တံဆိပ်ရိုက်လုပ်ငန်း
ရန်ကုန်ဓါတ်ပုံတိုက်ရှေ့ - နာရီစင်အနီးက ဆိုင်ကို 4.7 GB ဆန့်တဲ့ DVD ၅ ချပ် လာပေးထားပါ။ အခွေထည့်တဲ့အိတ်ထဲမှာ ဆက်သွယ်ရမယ့် နာမည်နဲ့ ဖုန်းနံပါတ်လည်း ထည့်ထားပေးပါ။ ကူးပြီးရင် လာယူဖို့ ဖုန်းဆက်အကြောင်းကြားပေးပါမယ်။ အခွေဖိုးငွေပေးပြီး ကူးခိုင်းတာမျိုးမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ကိုယ်တိုင်အခွေဝယ်လာပေးပါ။ ၀န်ဆောင်မှုအားလုံး အခမဲ့ဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။ (ဖုန်း - 0949453180)

ရန်ကုန်ကမိတ်ဆွေများအတွက်ဆိုရင်တော့ ကိုအောင်ညီညီလတ် ဖုန်း - 09 450012121 ကို ဆက်သွယ်ပြီး ကူးယူရရှိနိုင်ပါတယ်။
မန္တလေးနဲ့အနီးတစ်ဝိုက်ဆိုရင် ကိုမောင်စိန် ဖုန်း 09 259019866 နဲ့ https://www.facebook.com/profile.php?id=100008728754203 တို့ဆီမှာ ကူးယူလို့ရပါတယ်။
နေပြည်တော် မှာဆိုရင်တော့ ကိုဇော်ဝင်းနိုင် ဖုန်း 09 254753853 ထံမှာ ကူးယူနိုင်ပါပြီ ...
မုံရွာနဲ့အနီးတ၀ိုက်ဆိုရင်တော့ ကိုဇော်မိုးထက် 09 33330229 ဆီမှာ ကူးယူနိုင်ပါပြီ ခင်ဗျာ ....
တောင်ကြီးမှ အလိုရှိသူများ ညီလေး စိုင်းဆိုင်ဟန် ဖုန်း 09 73902903 အမှတ် ၉၈ ဇောတိကလမ်းသွယ် (၂) ကန်ရှေ့ရပ် တောင်ကြီးမြို့ဆီမှာ ကူးယူပါ။
ပြည်မြို့မှ အလိုရှိသူများ ကိုရည်မွန် ဖုန်း ၀၉ 09 31058568, 09 49230908, 069 200613 အိုကေမြေပဲဆားလှော် စက်ရုံရပ်ကွက် ပြည်လမ်း အောင်လံမြို့ ထံမှာ ကူးယူနိုင်ပါပြီ ...
အောက်ဖော်ပြပါ မြို့နယ်အသီးသီးမှာလည်း တဆင့်ကူးယူနိုင်ကြပါပြီ ...
ဆရာဦးမျိုးလေး ဖုန်း ၀၉ ၄၀၀၄၅၈၅၃၇ တောင်ဇလပ် ကလေးမြို့။
ကိုသူရကိုကို ဖုန်း ၀၉ ၈၆၅၀၃၁၄ လာရှိုးမြို့။
ကိုစောယောသ ဖုန်း ၀၉ ၃၁၃၅၁၉၅၀ ဖဒိုမြို့။
ကိုဝင်းအောင် ဖုန်း ၀၉ ၃၁၇၆၈၄၀၆ လူငယ်စတိုး သထုံမြို့။
ကိုဝင်းနိုင် ဖုန်း ၀၉ ၂၅၄၄၃၀၂၅၅ ကျိုက်ထိုမြို့။
ကိုနိုင်လင်းထက် ၀၉ ၃၃၃၅၃၇၄၆ မဒေါက်မြို့။
ကိုအောင်မင်း ဖုန်း ၀၉၃၁၂၁၃၀၃၇ ... ၀၅၄ ၇၂၁၂၃ မြို့လှမြို့။
မသန္တာမိုး ၀၉ ၄၂၅၃၃၄၈၁၉ ဖားအောက် မော်လမြိုင်။
ကိုဇော်ဝင်းနိုင် ဖုန်း ၀၉ ၂၅၄၇၅၃၈၅၃ ကြံဖိုစုရွာ ပုဗသီရိ နေပြည်တော်။
ကိုရည်မွန် ၀၉ ၃၁၀၅၈၅၆၈... ၀၉ ၄၉၂၃၀၉၀၈ အောင်လံမြို့။
ကိုမောင်စိန် ၀၉ ၂၅၉၀၁၉၈၆၆... ၀၉ ၉၁၀၁၂၄၉၅ မန္တလေးမြို့။
ကိုစိုင်းဆိုင်ဟန် ဖုန်း ၀၉ ၇၃၉၀၂၉၀၃ တောင်ကြီးမြို့။
ကိုတင်ထွန်းဦး ဖုန်း ၀၉ ၅၁၆၇၈၆၈... ၀၉ ၄၉၀၀၀၄၉၀ ပုသိမ်မြို့။
ကိုမြစိုး ဖုန်း ၀၉ ၄၉၂၇၀၅၆၀... ၀၉ ၄၅၀၀၂၉၉၉၄ ကြံခင်းမြို့။
ကိုစိုးစံ ဖုန်း ၀၉ ၅၀၇၁၄၁၀ တိုက်ကြီးမြို့။
ကိုဖူးနောင် ဖုန်း ၀၉ ၄၂၅၀၃၇၆၅၂ သာမညမြို့။
အဆင်ပြေပါစေလို့ .....
ဝါးရူး
ဝါးရူး
*******
ဝါးမြင်ရင် ကျနော်မနေနိုင်ဘူး ... ဝါးကားတောင် ကျနော့်ရှေ့က ဖြတ်မမောင်းရဲဘူးလို့ သူငယ်ချင်းတွေက စနေနောက်နေကြပြီ ... မင်းစိုးရိမ်နေတဲ့ဝါးတွေ အများကြီးကျန်သေးတယ်လို့ ကျနော့်ကို နှစ်သိမ့်ကြပေမယ့် ကျနော်လုံးဝလက်မခံနိုင်ဘူး ... အလယ်ရိုးမထဲခေါ်သွားပြီး မဆုံးနိုင်တဲ့ဝါးတောကြီးကိုပြကြပေမယ့် ကျနော့်မျက်စေ့ထဲ ဘဝင်မကျပြန်ဘူး ... စည်းမဲ့ကမ်းမဲ့ ပရမ်းပတာခုတ်ထားတာတွေ ... အလေအလွင့်ဖြစ်နေတဲ့တိုင်အောင် ဝါးမပြုန်းတီးသေးပေမယ့် ဝါးကောင်းရဖို့ခက်လာပြီလို့ ကျနော်မြင်မိတယ် ... ကျနော်တတ်နိုင်သလောက်တော့ ဝါးအတွက် လှုံ့ဆော်သွားမှာပါ ... လောလောဆယ်တော့ Online ပေါ်ကပဲလှုပ်ရှားနိုင်မှာပါ ... လက်တွေ့မှာ ကွင်းဆင်းလှုံ့ဆော်ဖို့အခက်အခဲရှိတယ် ... ဒီလိုဓါတ်ပုံတွေရဖို့ သွားရလာရတဲ့ခရီးက ဝေးတဲ့အပြင် ဝါးကို အရပ်အခေါ်နဲ့ စာထဲကအခေါ်အဝေါ်တွေက မတူပြန်တာကြောင့် တောထဲတောင်ထဲ ချက်ချင်းအဖြေသိဖို့ ခက်ပြန်တယ် ... အင်္ဂလိပ်နာမည်နဲ့ မြန်မာနာမည်တွဲမိဖို့ကလည်း တိုက်ဆိုင်ရသေးတယ် ... ကိုယ်တိုင်ရိုက်ထားတဲ့ ဓါတ်ပုံထဲကဝါးဟာ နာမည်ပေးမှန်ရဲ့လားလို့ အင်တာနက်မှာ မျိုးနွယ်တူဝါးတွေကို ရှာဖွေစစ်ဆေးတိုက်ဆိုင်ရပြန်တယ် ... ဒါတောင် ကျနော် ဘာမှမလုပ်နိုင်သေးဘူးနော် ... တတ်နိုင်သလောက်လေး အင်တာနက်အကူအညီကိုသုံး ... ခရီးသွားဟန်လွဲတွေ့တဲ့ဝါးပင်တွေကို ဓါတ်ပုံရိုက် ... သိတာလေးပြန်မျှ ... လှုံ့ဆော် ... ဒီလောက်ပဲတတ်နိုင်သေးတာပါ ... အခုတင်ပြချက်ကတော့ ဗဟုသုတပေါ့ ... နောက်လည်း တတ်နိုင်သလောက် တင်ပြသွားမှာပါ ...

ပုံ ၁ နဲ့ ၂ မှာမြင်ရတာကတော့ တင်းဝါး/ပေါင်းတင်ဝါးလို့ခေါ်တဲ့ Cephalostachyum pergracile ပဲဖြစ်ပါတယ် ... ၁ ကတော့ တင်းဝါးရုံတစ်ရုံကို မြင်ရတဲ့ပုံပါ ... ၂ ကတော့ အနီးကပ်တွေ့မြင်ရတဲ့အနေအထားပါ ... တင်းဝါးကို အများစုသိနိုင်ကြတာက ကောက်ညှင်းခဲတံဝါးလုပ်တဲ့ဝါးဆိုရင် သိကြမှာပါ ... အဆစ်တစ်ခုနဲ့တစ်ခုအကြား ၂ ပေကျော်ကျော်လောက် ရှည်လေ့ရှိပါတယ် ... အများအားဖြင့် တင်းဝါးကို ဝါးကပ်ခြံစည်းရိုး၊ နှီး၊ ဝါးဖျာ၊ ခြင်းတောင်း စသည်ဖြင့် ယက်လုပ်ရာတွေမှာ အဓိကအသုံးပြုကြပါတယ် ... အခြားနည်းမျိုးစုံနဲ့လည်းသုံးကြပါတယ် ... တောရွာတွေဖက်မှာတော့ တင်းဝါးကို အိမ်မိုးရာမှာ အခံတန်းအဖြစ်အသုံးပြုပြီး ရှင်ဝါးလို့ခေါ်တဲ့ အရှင်ဝါးကို ချုပ်တန်းအဖြစ် အသုံးပြုကြပါတယ် ... ရှင်ဝါးလို့ခေါ်တဲ့ အရှင်ဝါးဆိုတာတစ်ခြားမဟုတ်ပါဘူး ... တင်းဝါးပေါက်စ (တင်းဝါးငယ်) ကို အရှင်ဝါးလို့ ခေါ်တာပါပဲ ... ဗဟုသုတအဖြစ်မို့ ဒီလောက်ပါပဲ ...
ပုံ ၃ နဲ့ ၄ မှာမြင်ရတာက သိုက်ဝါးလို့ခေါ်တဲ့ Gigantochloa auriculata/Bambusa auriculata ဖြစ်ပါတယ် ... သိုက်ဝါးကိုအများအားဖြင့် ဓါးရိုး လှံရိုး ပုဆိန်ရိုး ပေါက်တူးရိုး စတာတွေအပြင် ... စကော စကာ ခြင်းတွေ ယက်လုပ်ရာမှာလည်း အသုံးပြုကြပါတယ် ... အခေါင်းပိတ်ဝါးမျိုးဖြစ်လို့ အသားထူပြီး ကျစ်လစ်မာကြောပါတယ် ... ခြံစည်းရိုးအနေနဲ့ သုံးတဲ့အခါမှာ တော်တော်နဲ့မဆွေးလို့ လူကြိုက်များကြပါတယ် ... သိုက်ဝါးဆိုတဲ့အတိုင်းပဲ စုစုရုံးရုံး သိုက်သိုက်ဝန်းဝန်းပေါက်ပါတယ် ... တစ်ပင်နဲ့တစ်ပင်လိမ်ယှက်နွယ်ငင်ပြီးပေါက်တာကြောင့် သိုက်ဝါးရုံတစ်ရုံက ဝါးတစ်လုံးခုတ်လို့ရဖို့ အင်မတန်ခက်တယ်လို့ ပြောလေ့ရှိပါတယ် ... သိုက်ဝါးရုံကို ဟိုဖက်ဒီဖက် ဖောက်မြင်နိုင်မှာမဟုတ်ပါဘူး ... ပုံ ၄ မှာ ကြည့်ပါ ... တချို့မိသားစုတွေကတော့ သိုက်ဝါးကို ယတြာအနေနဲ့ ခြံဝန်းထဲမှာ အလှသဘောစိုက်ကြပါတယ် ... မိသားစုကြီးမပြိုကွဲ မထိခိုက်အောင်ဆိုတဲ့သဘောပေါ့ ... သိုက်သိုက်ဝန်းဝန်းဆိုတဲ့အယူနဲ့ပေါ့ ...
ပုံ ၅ နဲ့ ၆ ကတော့ ကျနော်တို့အခေါ် တပင်တိုင်ဝါးလို့အများသိကြပေမယ့် တကယ့်အမည်ရင်းက ထီးရိုးဝါးလို့ခေါ်တဲ့ ကျောင်းဝါးပါပဲ ... တပင်တိုင်ဆိုတာ တပင်ချင်းသီးခြားပေါက်တဲ့ဝါးမျိုးမှန်သမျှကို တပင်တိုင်ဝါးလို့ ခေါ်တယ်လို့ဆိုပါတယ် ... ဒီ ထီးရိုးဝါးတွေကလည်း တပင်ချင်းသီးခြားပေါက်တာမို့ တပင်တိုင်ဝါးလို့ အများစုက ခေါ်ကြတာဖြစ်ပါလိမ့်မယ် ... အမှန်ကတော့ ထီးရိုးလိုဖြောင့်ဖြောင့်ဖြူးဖြူး ချောချောမွေ့မွေ့ရှိတာကြောင့် ထီးရိုးဝါးလို့ခေါ်တာ ပိုပြီးသဘာဝကျပါတယ် ... ဒီဝါးတွေကတော့ ရုံလိုက်စုရုံးပေါက်ပေမယ့် တင်းဝါးတို့ သိုက်ဝါးတို့လို တပင်နဲ့တပင်ထိယှက်ပြီးပေါက်လေ့မရှိဘဲ တစ်လုံးချင်းစီ လှလှပပထိုးထွက်ပေါက်လေ့ရှိပါတယ် ... အများစုအသုံးပြုတာကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ငြမ်းအဖြစ်အသုံးပြုကြပါတယ် ... ဝါးအကြောသန်မာပြီး ရေရှည်ခံတာကြောင့် အခုအခံအထောက်အကူတိုင်တွေအနေနဲ့လည်း ယာယီသုံးလေ့ရှိပါတယ် ... ခြံစည်းရိုးအဖြစ်လည်း များများစားစားသုံးလေ့ရှိပါတယ် ... ဘုန်းကြီးကျောင်းတွေမှာ အများစုတွေ့ကြမှာပါ ... ဒါကြောင့် ကျောင်းဝါးလို့လည်းခေါ်တာဖြစ်ပါလိမ့်မယ် ...
မကြာခင်မှာ ကျလိုဝါးလို့ခေါ်တဲ့ အကြီးစားဝါးပင်တွေအကြောင်း ဓါတ်ပုံနဲ့တကွ တင်ပြပေးပါ့မယ် ... ပဲခူးရိုးမထဲမှာ ကျလိုဝါးအကြီးစားတွေ တွေ့ထားပါတယ် ... တကယ့်အကြီးကြီးတွေပါ ... အသေးဆုံး လုံးပတ် ၂ ပေကနေ အကြီးဆုံးလုံးပတ် ၃ ပေအထက်ရှိတဲ့ဝါးတွေပါ ... ဒီဝါးပင်ကြီးတွေတွေ့တော့ ကျနော်ဝမ်းသာမိတယ် ... ဝါးပိုးဝါးဆိုတာ ဝါးထဲမှာ အကြီးဆုံးလို့ထင်ထားခဲ့တာ ကျလိုဝါးက ဝါးပိုးဝါးထက်ပိုပြီး ကြီးတဲ့ဝါးမျိုးပါတဲ့ ...
ပုံ ၇ နဲ့ ၈ ကတော့ ဝါးပင်တွေအကြောင်းမဟုတ်ပါဘူး ... အလှစိုက်ဖို့စိတ်ဝင်စားစရာကောင်းတဲ့ Cyrtostachys renda လို့လည်းခေါ်တဲ့ ကွမ်းနီပင်ပါ ... ကွမ်းနီပင်က အလှစိုက်သပ်သပ်ပါ ... စီးပွားဖြစ်ကွမ်းသီးပင်လိုမဟုတ်ပါဘူး ... ထူးခြားတာက ရွက်ရိုးတံက နီရဲပြီး အမြဲတမ်းစိမ်းစိုနေတတ်တဲ့အပင်မျိုးပါ ... ဟိုတယ်နဲ့ နိုင်ငံတကာက သံရုံးနဲ့ ဝန်ကြီးရုံးတွေမှ အလှစိုက်ကြတာ သတိထားမိမှာပါ ... အုံလိုက် ရုံလိုက်စိုက်ကြပါတယ် ... အပင် ၂၀ လောက်ပါတဲ့ အုံကြီးတစ်အုံကို ၃၅ သိန်းလောက် ဈေးခေါ်ရောင်းကြပါတယ် ... အပင်ပေါက်ကလေးတစ်ပင်တလေကို တစ်သောင်းဝန်းကျင်ရောင်းကြပါတယ် ... အသီးသီးခဲပါတယ် ... သီးရင်လည်း ငရုတ်ကောင်းစေ့လောက်ကလေးတွေ သီးပါတယ် ... အစေ့ကိုပျိုးရင် အပင်ဖြစ်ဖို့ အရမ်းကြာပါတယ်တဲ့ ... အပင်ပေါက်ဝယ်ပြီး မြေကောင်းကောင်းနဲ့ထည့်စိုက်ရင် တစ်နှစ်လောက်ဆို တစ်ပင်ကနေ ၁၀ ပင်လောက်ပွားတယ်လို့ဆိုပါတယ် ... ပုံ ၇ မှာ ကျနော်လိုချင်လွန်းလို့ မရမကလိုက်ရှာပြီးရလိုက်တဲ့ ကွမ်းနီပင်ကလေးပါ ... ပုံ ၈ ကတော့ ကွမ်းနီပင်တွေရဲ့အလှကိုခံစားလို့ရအောင် အင်တာနက်က ရှာဖွေပေးထားတာပါ ...
ပုံ ၉ ကတော့ စီးပွားဖြစ်စိုက်တဲ့ ကွမ်းသီးပင်ပါ ... ဒါပေမယ့် ထူးခြားချက်ကတော့ အပင်ပုမျိုးပါ ... ၃ ပေလောက်နဲ့ သီးတဲ့ ကွမ်းပင်ပုမျိုးပါ ... ဒီပုံထဲကအပင်က ၃ နှစ်သားကျော်ကျော်ရှိပါပြီတဲ့ ... သုံးလေးပြန်လောက် သီးပြီးပြီလို့ဆိုပါတယ် ... အပင်ခြေကနေ အရွက်ဖျားအထိ ၇ ပေလောက်ပဲမြင့်ပါတယ် ... အခုပုံမှာလည်း သီးတော့မယ့်အဖူးတွေကို ငုံထားလို့ ဖောင်းနေတာ မြင်ရမှာပါ ... သာမန်ကွမ်းသီးပင်တွေလို အမြင့်ကြီးမဟုတ်တဲ့အတွက် ခူးရဆွတ်ရလွယ်ကူပြီး အလုပ်တွင်ကျယ်မယ့် ကွမ်းသီးပင်မျိုးပါ ... ဒါပေမယ့် ဒီအပင်ကသီးတဲ့အသီးကို မျိုးခံပြီးပြန်စိုက်တဲ့အခါ အလုံး ၅၀ မှာ အပင် ၂၀ လောက်ပဲတင်လေ့ရှိပြီး ... ပေါက်လာတဲ့အပင်တိုင်းနီးပါး မိခင်မျိုးရင်းအပင်လို မပုဘဲ အပင်လတ်မျိုးဖြစ်သွားတတ်တယ်လို့ လက်တွေ့စိုက်ပျိုးသူ ကျွမ်းကျင်သူများကဆိုပါတယ် ... ပြန်ပျိုးတဲ့အပင်တွေထဲမှာ လေးငါးပင်လောက်ပဲ မိခင်မျိုးရင်းအစစ်ကို ပြန်ရနိုင်တယ်လို့ဆိုပါတယ် ... ဒါကြောင့် ကွမ်းသီးပင်ပုမျိုးဆိုပြီး မျိုးပြန်ဖောက်တိုင်း မိခင်မျိုးရင်းစစ်စစ်ပြန်ရဖို့ခက်တယ်လို့ဆိုပါတယ် ... ကွမ်းသီးပင်ကျွမ်းကျင်သူတစ်ဦးရဲ့အဆိုအရ အပင်ခပ်ငယ်ငယ်အရွယ်မှာ ခွဲခြားသိနိုင်တဲ့နည်းလမ်းအချို့ကို ဗဟုသုတပြောပြတာက ကွမ်းသီးပင်ပုအစစ်ဆိုရင် ငယ်ငယ်ကတည်းက ဇာတိပြတယ်တဲ့ ... အရွက်ရိုးတံက အခြားကွမ်းသီးပင်တွေထက်တိုပြီး ပင်စည်လည်းတိုတိုတုတ်တုတ်ပဲတဲ့ ... ပြီးတော့ အရွက်တွေက နှင်းဆီပွင့်လွှာတွေထပ်နေသလို ထပ်ပြီးလည်နေတယ်ဆိုရင် ဒါ မိခင်မျိုးအစစ်ကိုပြန်ရတဲ့ကွမ်းပင်ပုမျိုးဖြစ်တယ်လို့ သတ်မှတ်နိုင်တယ်တဲ့ ... ကွမ်းသီးပင်အပုမျိုးက ထွန်းတဲ့သဘောလား ... မျိုးရင်းအစစ်ရှိသလား ... ဗဟုသုတရှိသူတွေ ပြောပြရင် ကျနော်တို့ပညာရမယ်ထင်ပါတယ် ...
www.facebook.com/groups/MyanmaBamboo ဆိုတဲ့ ဝါးအကြောင်းတွေဆွေးနွေးကြတဲ့ Group ကိုလည်း လာလည်ကြပါဦး ...
ပျိုးပင်တွေဝင်ချင်တယ် ရောင်းချင်တယ်ဆိုရင်လည်း www.facebook.com/groups/selling.plants ဆိုတဲ့ Group မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးရှာဖွေနိုင်ကြပါတယ် ...
ပျိုးပင်တွေဝင်ချင်တယ် ရောင်းချင်တယ်ဆိုရင်လည်း www.facebook.com/groups/selling.plants ဆိုတဲ့ Group မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးရှာဖွေနိုင်ကြပါတယ် ...
ကမ္ဘာမြေစိမ်းလန်းပါစေ ...
သင်္ဘောပင်စိုက်ပျိုးနည်း
သင်္ဘောပင်စိုက်ပျိုးနည်း
*************************
*************************
သင်္ဘောပင်စိုက်ပျိုးနည်းပါ တင်ပေးဦးဆိုလို့ တင်ပေးလိုက်ရပါတယ်။ မထူးတော့ဘူး သင်္ဘောပင်ပါရောင်းလိုက်တော့မယ်။ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်ပျိုးထောင်ပေးထားပါကြောင်း။
အထူးဆိုတာကတော့ Red Lady Thai မျိုးဖြစ်ပါတယ်။ အပင်အမြင့် ၇၀ စင်တီမီတာ သို့မဟုတ် ၂ ပေကျော်ကျော်အတွင်းမှာ သီးပါတယ်။ အလုံးကြီးပြီး အသားထူ ချိုမွှေးပါ။
အနီကတော့ Red Royal မျိုးဖြစ်ပါတယ်။ အပင်အမြင့် ရင်စို့လောက်နဲ့သီးပါတယ်။ သီးနှုန်းကောင်းပါတယ်။
အဝါကတော့ Sun Rise မျိုးဖြစ်ပါတယ်။ အပင်အမြင့် ရင်စို့လောက်နဲ့သီးပါတယ်။ သီးနှုန်းကောင်းပါတယ်။
အသုပ်စုံကတော့ အခုနောက်ဆုံး ယိုးဒယားမှာခေတ်စားလာတဲ့ အသီးမျိုးဖြစ်ပါတယ်။ အမှည့်ထားစားဖို့မဟုတ်ဘဲ သင်္ဘောသီးထောင်း၊ လက်သုပ် စသည်ဖြင့် အသုပ်မျိုးစုံမှာ အစိမ်းသီးအနေနဲ့ စားသုံးတဲ့ အသီးမျိုးပါ။ သီးနှုန်းများပြီး။ သင်္ဘောသီးအစိမ်းရောင်းပြီး တွက်ချေကိုက်နိုင်ပါတယ်။
သင်္ဘောမျိုးအားလုံးကို မိမိတို့ စိုက်ပျိုးလိုတဲ့ရာသီအလိုက် လိုအပ်သလောက် ကြိုတင်မှာယူထားနိုင်ပါတယ်။ မျိုးကောင်းမျိုးသန့်များဖြစ်ကြောင်းအာမခံပြီး စိုက်ပျိုးသူများအကျိုးအတွက် အထူးရွေးချယ်ပျိုးထောင်ပေးထားပါတယ်။
ဖုန်းနံပါတ် 0949453180 သို့လည်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ကြော်ငြာဝင်နေတာနဲ့တင် သင်္ဘောပင်အကြောင်း မပြောရသေးဘူး ...
အောက်မှာ ရှုစားဖတ်မှတ်ကြပါကုန်။
အောက်မှာ ရှုစားဖတ်မှတ်ကြပါကုန်။
မြန်မာအမည်-သင်္ဘောသီး
အင်္ဂလိပ်အမည်-Papaya
ရုက္ခဗေဒအမည်-Carica papaya
မျိုးရင်းအမည်-Caricaceae
အင်္ဂလိပ်အမည်-Papaya
ရုက္ခဗေဒအမည်-Carica papaya
မျိုးရင်းအမည်-Caricaceae
၁။ မူရင်းဒေသ
သင်္ဘောပင်၏မူရင်းဒေသမှာ တောင်အမေရိက၊ မြောက်အမေရိကတိုင်းပြည်များနှင့် အနောက်အိန္ဒိယကျွန်းစုဟုယူဆကြပါသည်။
သင်္ဘောပင်၏မူရင်းဒေသမှာ တောင်အမေရိက၊ မြောက်အမေရိကတိုင်းပြည်များနှင့် အနောက်အိန္ဒိယကျွန်းစုဟုယူဆကြပါသည်။
၂။ စိုက်ပျိုးသည့်ဒေသများ
သင်္ဘောပင်သည် အပူပိုင်းစားသုံးသီးပင်ဖြစ်၍ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသရှိတိုင်းပြည်များတွင်
စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင်စိုက်ပျိုးကြပါသည်။
သင်္ဘောပင်သည် အပူပိုင်းစားသုံးသီးပင်ဖြစ်၍ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသရှိတိုင်းပြည်များတွင်
စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင်စိုက်ပျိုးကြပါသည်။
၃။ သင်္ဘောမျိုးများ
သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင် အဓိကသုံးမျိုးရှိသည်။ အဖိုပင်မှ အသီးသီးသည်ကိုတွေ့ရခဲသည်။ အမပင်နှင့်လိင်စုံပင်များမှသာအသီးသီးလေ့ရှိသည်။
သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင် အဓိကသုံးမျိုးရှိသည်။ အဖိုပင်မှ အသီးသီးသည်ကိုတွေ့ရခဲသည်။ အမပင်နှင့်လိင်စုံပင်များမှသာအသီးသီးလေ့ရှိသည်။
(က) အဖိုပင်
အဖိုပင်မှာ များသောအားဖြင့် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်ပါသည်။
အဖိုပင်မှ ပုံမှန်အားဖြင့်အသီးသီးလေ့မရှိသော်လည်း အပင်ကိုထိခိုက်ဒဏ်ရာရခြင်း၊ ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့် အဖိုပွင့်များကြားတွင်အမပွင့်များပြောင်းလာကာ အသီးငယ်များသီးလာတတ်သည်။ ဤအပင်မျိုးကိုသင်္ဘောပဒေသာဟုခေါ်သည်။

(ခ) အမပင်
အမပွင့်သီးသန့်ပွင့်၍ ပွင့်သီးလေ့ရှိသည်။ ထို့ကြောင့် မျိုးအောင်ရန်အတွက်
အခြားအပင်မှ ဝတ်မှုန်ကူးပေးရသည်။ ရာသီဥတုနှင့်ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်
အပွင့်ပုံသဏ္ဌာန်နှင့် သဘာဝပြောင်းလဲမှုမရှိချေ။
အမပွင့်သီးသန့်ပွင့်၍ ပွင့်သီးလေ့ရှိသည်။ ထို့ကြောင့် မျိုးအောင်ရန်အတွက်
အခြားအပင်မှ ဝတ်မှုန်ကူးပေးရသည်။ ရာသီဥတုနှင့်ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်
အပွင့်ပုံသဏ္ဌာန်နှင့် သဘာဝပြောင်းလဲမှုမရှိချေ။
(ဂ) လိင်စုံပင် - (Hermaphrodite)
အပွင့်ပွင့်ရာတွင် ပွင့်တံတစ်ခုမှ အပွင့်နှစ်ပွင့်သုံးပွင့်ပွင့်တတ်သည်။ အပွင့်များတွင်
အမအင်္ဂါ (ovary) နှင့် အဖိုအင်္ဂါ (stamen) များပါသည်။ ရာသီဥတုပေါ်မူတည်၍
အဖိုပွင့်၊ အမပွင့်များရော၍ပွင့်လာတတ်ကြသည်။ ရာသီဥတုအလိုက်
အပွင့်၏ ပုံသဏ္ဌာန်နှင့်သဘာဝ အနည်းငယ်အပြောင်းအလဲရှိသည်။ ထို့အတူ အသီး၏
ပုံသဏ္ဌာန်နှင့် သဘာဝလည်း အနည်းငယ်ပြောင်းလဲလာသည်။

၎။ ရေမြေရာသီဥတု
သင်္ဘောပင်သည် ပူနွေးစွတ်စိုသောရာသီဥတုကို ကြိုက်နှစ်သက်သည်။
မြန်မာနိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင် ပေ ၃၀၀၀ အထက်မြင့်ပြီး (ဒေသများတွင်)
ဆောင်းဥတုတွင်အအေးဓာတ်များခြင်း၊ ဆီးနှင်းကျခြင်းကြောင့်အပင်များသေသွားတတ်ပါသည်။
သင်္ဘောပင်သည် မြေသြဇာထက်သန်ပါက မြေအမျိုးအစားမရွေးဖြစ်ထွန်းသည်။
မြေသြဇာထက်သန်သော နုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ စနယ်မြေစေး၊ ရေဝပ်သောမြေနှင့်
မြေအောက်ရေမျက်နှာပြင်နီးသောနေရာများတွင် ကောင်းစွာမဖြစ်ထွန်းနိုင်ချေ။

၅။ ပျိုးထောင်နည်း
သင်္ဘောပျိုးပင်ကို များသောအားဖြင့် အစေ့မှပျိုးထောင်၍စိုက်ပျိုးကြသည်။
အချို့သောအပင်များသည် တစ်ခါတစ်ရံအတက်များထွက်တတ်ရာ ယင်းအတက်ကို
အရင်းပိုင်းအဖုလေးပါအောင်ဖြတ်ယူပြီး အမြစ်ဖောက်၍စိုက်ပျိုးနိုင်သည်။
သင်္ဘောပင်ပျိုးထောင်ရန်အတွက် ပျိုးဘောင်၊ ပျိုးသေတ္တာ၊ ပျိုးခြင်းတောင်း၊ ပလတ်စတစ်အိတ်တို့ကိုအသုံးပြုနိုင်ပါသည်။ ပျိုးထောင်မည့်မြေသည် နွားချေးဆွေး၊ ဖွဲပြာ၊ မြေကြီးတို့ကို ဆတူနှုန်းဖြင့်ရောမွှေထားသော မြေမျိုးဖြစ်ရန်လိုသည်။
သင်္ဘောစေ့ကိုပျိုးထောင်ရာတွင် မြေနက်နက်ဖုံးမိလျှင် အစေ့ပုပ်သွားပြီး အပင်ပေါက်ညံ့ဖျင်းတတ်သည်။ သင်္ဘောစေ့ကို ပျိုးဘောင်ပေါ်တွင်
တစ်တန်းနှင့် တစ်တန်း (၆) လက်မထား၍ တစ်ပင်နှင့် တစ်ပင် (၄) လက်မခန့်ထားပြီး ပျိုးထောင်ရသည်။ အပေါ်မှကောက်ရိုးပါးပါးဖုံး၍ ရေလောင်းပေးရသည်။

တစ်ဧကစိုက်ပျိုးခင်းအတွက် မျိုးစေ့ (၁၅၀-၂၀၀) ဂရမ်ခန့်လိုသည်။ သင်္ဘောပျိုးပင်များတွင်
အမပင် (၄၀-၆၀) % အထိ ပါရှိတတ်သည်။ အဖိုပင်သည် အမပင်ထက်ပို၍သန်စွမ်းတတ်ကြသည်။ သင်္ဘောစိုက်ပျိုးသူအချို့က ပျိုးထောင်ရာတွင်
သွပ်ပြားကိုအောက်မှခံပြီး ယင်းပေါ်တွင် မြေသား (၄) လက်မခန့်အထူထည့်၍
ပျိုးထောင်လေ့ရှိသည်။ အဖိုပင်သည် အမပင်ထက်သန်စွမ်းသောကြောင့်
အမြစ်သည် အောက်တွင်ခံထားသောသွပ်ပြားနှင့် မြန်မြန်ထိလွယ်ပေရာ
ပြောင်းရွှေ့ စိုက်ပျိုးချိန်တွင် အဖိုပင်များသည်ညှိုးနွမ်းနေလေ့ရှိသည်။ အဖိုပင်နှင့် အမပင်ခွဲခြားရာတွင် ဤနည်းကို အများဆုံးအသုံးပြုကြသည်။ ပျိုးသက် တစ်လခွဲမှနှစ်လသားခန့်ရှိလျှင် စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်နိုင်ပြီဖြစ်သည်။

၆။ မြေပြုပြင်နည်း
စိုက်ကျင်းတူးမည့်နေရာသည် ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။
စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်း အကွာအဝေးမှာ မျိုးကိုလိုက်၍ (၈x၈) ပေအထိထားသင့်သည်။ မိုးများသောဒေသများတွင် တစ်ပေပတ်လည် ကျင်းတူးသင့်သည်။ စိုက်ကျင်းတစ်ကျင်းလျှင်
နွားချေးဆွေး (သို့) သစ်ဆွေးမြေသြဇာစသည့် သဘာဝမြေသြဇာများကို ခွဲတောင်းတစ်လုံးခန့်ထည့်ပေးရသည်။ သင်္ဘောပင်ကိုစိုက်ပျိုးရာတွင် လေးကွက်ကျားစနစ် (သို့) ဖိုဖနောင့်ဆိုင်စနစ်ဖြင့် စိုက်လေ့ရှိသည်။ ဖိုဖနောင့်ဆိုင်စနစ်ဖြင့်စိုက်ပါက အပင်အရေအတွက် (၁၅)% ပို၍ဝင်ဆန့်သည်။ လေးကွက်ကြားစနစ်ဖြင့် (၈×၈) ပေအကွာစိုက်ပါက တစ်ဧကတွင်
သင်္ဘောပင် (၆၈၀) ခန့်ဝင်၍ (၁၂×၁၂) ပေစိုက်လျှင် တစ်ဧကတွင် (၃၀၁) ပင် ဝင်ဆန့်မည်။

၇။ ရွှေ့ပြောင်းစိုက်ပျိုးနည်း
အသင့်ပြင်ထားသောစိုက်ကျင်းများ၌ ပျိုးပင်များကို တစ်ကျင်းလျှင် တစ်ပင်ကျစိုက်၍ သတိပြုရန်မှာ
ပင်စည်ပိုင်းကိုမြေထဲမြုပ်အောင် မစိုက်မိရန်ဖြစ်သည်။ စိုက်ပြီးလျှင် ရေဝလင်အောင်လောင်းပေးရသည်။ ပျိုးမထောင်ဘဲ အစေ့ကိုတိုက်ရိုက်စိုက်မည်ဆိုလျှင် စိုက်ကျင်းထဲသို့ အစေ့များများထည့်စိုက်ရသည်။
စီးပွားဖြစ်စိုက်ခင်းအနေဖြင့်စိုက်ပါက ဝတ်မှုန်ကူးရန်အတွက် အမပင် (၂၀) လျှင် အဖိုပင်တစ်ပင်နှုန်း ထားပေးရသည်။

၈။ အပင်ပြုစုနည်း
ရွှေ့ပြောင်းစိုက်ပျိုးပြီးနောက်တစ်ပတ်အတွင်း အပင်သေများရှိလျှင် ချက်ချင်းအစားထိုးစိုက်ပေးပါ။
စိုက်ပြီးစနှစ်ပတ်အတွင်း ရေကိုနေ့စဉ်လောင်းပေးရန်လိုအပ်ပါသည်။ ရေလောင်းရာတွင်
အပင်ငယ်များပေါ်သို့ ရေလုံးရေပေါက်များ အားအင်အရှိန်ဖြင့်မကျစေရပါ။
စိုက်ခင်းတွင်ပေါင်းမရှိစေရန်နှင့် အပင်ခြေရင်း၌ရေမဝပ်စေရန် အထူးဂရုစိုက်ရပါသည်။

၉။ မြေသြဇာကျွေးနည်း
ရွှေ့ ပြောင်းစိုက်ပြီး အမြစ်စွဲသည့်အချိန်မှစ၍ (၆) လတစ်ကြိမ်
စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေးတစ်တောင်းခန့်ကျွေးရပါသည်။ နွားချေးဆွေးမြေသြဇာကျွေးချိန်တွင် တစ်ဧကလျှင် ယူရီးယား (၁၂) ပေါင် တီစူပါ (၂၄၀) ပေါင်
ပိုတက်ရှ် (၂၄၀) ပေါင်နှုန်း ကျွေးပေးရသည်။ ဓာတ်မြေသြဇာများကျွေးရာတွင် အမြစ်များသွားသည့်အကွာအဝေးထိ အနှံ့ပက်ကြဲပေးရသည်။
အမြစ်များသည် အပင်မြင့်ထက်ပို၍ရှည်အောင်သွားနိုင်ကြသည်။ ထို့ကြောင့် အပင်ပု၍ အသီးထွက်ကောင်းသော မျိုးကိုသာ ကြားညှပ်ပင်အဖြစ် စိုက်ပျိုးသင့်သည်။ ဓာတ်မြေသြဇာကျွေးပြီးချိန်တွင် ရေဝလင်အောင်လောင်းပေးရန် လိုအပ်သည်။
မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့သောမြေများတွင် သင်္ဘောပင်အောက်ရွက်များဝါလာခြင်း၊ အသီးတွင်သကြားဓာတ်နည်းသွားခြင်းနှင့် အနံ့အရသာ သိသိသာသာညံ့ဖျင်းသွားခြင်းတို့
ဖြစ်တတ်သည်။ ထိုသို့ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့မှုဖြစ်ပါက မဂ္ဂနီစီယမ်ဆာလ်ဖိတ် (ဓာတ်ဆား) ကိုရေဖျော်၍ အရွက်များပေါ်နှံ့အောင်ဖျန်းပေးရပါသည်။

၁၀။ ဆွတ်ခူးခြင်းနှင့်အထွက်
စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပြီး (၄-၅) လကြာလျှင် ပန်းစပွင့်၍ (၆) လကြာလျှင်
အသီးစတင်သီးသည်။ သုံးနှစ်သားအရွယ်အထိ အသီးအထွက်ကောင်းသည်။ မျိုးကိုလိုက်၍
တစ်ပင်လျှင်အသီး (၅၀-၁၀၀) အထိသီးနိုင်သည်။ သင်္ဘောပင်များကို ရှစ်ပေလေးကွက်ကျားစနစ်ဖြင့်စိုက်ပါက သင်္ဘောတစ်ပင်သည်
ပျမ်းမျှအသီး (၇၀) ခန့်သီးလျှင် တစ်ဧကမှအသီးပေါင်း (၄၇၆၀၀) ရနိုင်သည်။
Source:သစ်သီးဝလံစိုက်ပျိုးနည်း

ဒါကတော့ ယေဘူယျ သင်္ဘောပင်စိုက်ပျိုးနည်းပါ။ အကယ်၍ အသေးစိတ်သိရှိလိုတယ်ဆိုရင် 0949453180 ကို ဆက်သွယ်ပြီးမေးမြန်းပါ။ သိသလောက် တတ်သလောက် အကြံပေးပါမယ်။ အားလုံးအခမဲ့ပါ။ အပင်ကတော့ ရောင်းတာနော်
:D
:D
:D

အောင်မဲညို (Butterfly Pea)
အောင်မဲညို (Butterfly Pea)
**********************************
**********************************
အောင်မဲညိုလို့ကြားလိုက်ရင် ကျနော့်မျက်လုံးထဲမှာ အညာသား ညိုညိုထွားထွားလူတစ်ယောက်လို့ပဲ မြင်မိတယ် ... အမှန်တော့ အောင်မဲညိုဆိုတာ ပန်းပွင့်နာမည်ပါ ... ဘယ်လိုက ဘယ်လိုအောင်မဲညို နာမည်ရသလဲဆိုတာတော့ မသိဘူးဗျ ... ဒီပန်းက အနွယ်အရုံနဲ့ပွင့်တဲ့ ပန်းအမျိုးအစားပေါ့ ... စကားမစပ်ပြောရဦးမယ် ... ဦးမိုးသိန်းက ကိုဇင်ရာ အောင်မဲညိုအကြောင်းရေးစမ်းပါတဲ့ ... ဘာပြုလို့တုန်း ဦးမိုးရာ သူများတကာရေးထားတာပဲမဟုတ်လားဆိုတော့ ခင်ဗျာ့ရေးရင် လူပိုသိလို့တဲ့ ... Share ကြတဲ့သူလည်းများတော့ လူပိုသိတာပေါ့တဲ့ ... သြော ဒီလိုပရိတ်သတ်ကြီးအားပေးနေမှတော့ ရေးရတာပေါ့ဗျာ ... နေပါဦး ... ကျနော် Psychology နဲ့ကျောင်းပြီးတယ်နော် ... ကျနော့်မိန်းမက Zoology နဲ့ကျောင်းပြီးတာ ... ငါးတစ်ကောင်လုံးဝယ်လာတဲ့အခါ သူက ငါးလည်းမကိုင်တတ်ဘူးဗျ ... တုံးလည်းမတုံးတတ်ဘူး အကြေးလည်းမထိုးတတ်ဘူး ဗိုက်လည်းမခွဲတတ်ဘူးဗျို့ ... ငါးကိုင်တာပဲမတော်တာ ကျန်တာအားလုံးတော်တယ် ... ကြိုကြိုတင်တင်ဖားထားဦးမှ ကွန်မန့်မှာ ဝင်ဆော်မှဖြင့်လေ ... ပြောချင်တာက ကျနော့်မှာ Botany နဲ့ကျောင်းပြီးထားတဲ့ သူငယ်ချင်းတွေ ဒုနဲ့ဒေး ... သူတို့ သစ်ပင်အကြောင်းရေးတာ တစ်ခါမှမတွေ့မိဘူး ... ရေးကြပါလား ဟရို့ ...
#အောင်မဲညို ဆိုတာရှိသလို အောင်မဲဖြူ အောင်မဲနီဆိုတာလည်းရှိသေးတယ်တဲ့ ... အများစု လူစိတ်ဝင်စားမှုအရဆုံးကတော့ အောင်မဲညိုပါပဲ ... အောင်မဲညိုသည်ဖြစ်စေ ဖြူသည်ဖြစ်စေ နီသည်ဖြစ်စေ အသုံးဝင်တာချင်းကတော့ ထူးမခြားနာပါ ...
အရှင်နာဂသိန်ဆေးကျမ်းအလိုအရ ...
#အောင်မဲညို ပဉ္စငါးပါးအသုံး
အောင်မဲညိုသည် ခါး၏၊ ပြေပြစ်၏၊ ဒေါသသုံးပါးပျက်သည်ကို နိုင်၏။ (စကားချပ် - ဒေါသသုံးပါဆိုတာ လေ၊ သလိပ်၊ သည်းခြေ ကိုဆိုလိုတာ) ... အေးသောဂုဏ်ရှိ၏။ လေသလိပ်ဖျားခြင်း၊ ပူလောင်ခြင်း၊ မူးဝေထိုင်းမှိုင်း၊ သွေးဝမ်းသွားခြင်း၊ ရူးသွပ်ခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ ပန်းနာရင်ကြပ်စွဲခြင်း၊ ခူနာ ပိုးနာနှင့် အဆုတ်ရောဂါတို့ကို များစွာကင်းဝေးစေ၏။

#အောင်မဲညိုမြစ်
အောင်မဲညိုမြစ်သည် အောင်မဲဖြူမြစ်နှင့် ဂုဏ်သတ္တိစွမ်းရည်များ တူမျှ၏။ သို့ရာတွင် ၎င်း၏ထူးခြားချက်မှာ ကာမအားကို တိုးပွားစေတတ်၏။ (စိတ်ဝင်စားဖို့တော့ကောင်းနေပြီ ... ဟို ပဲခွေးလျားလို့ခေါ်တဲ့ ပဲနက်စေ့နဲ့ ဘယ်ဒင်းကသာသလဲ စမ်းသပ်ကြည့်ဦးမှ ... အလကားနောက်တာ ... အတည်ပြောမယ် ဆရာဘုန်းကြီးတစ်ပါးက မိန့်ဖူးတယ် ... မင်းတို့ ကမြင်းကြောထဖို့ပြောတာမဟုတ်ဘူးကွ အောင်မဲညိုမြစ်ကို နွားနို့နဲ့ပြုတ်ပြီးသောက်ပေးရမယ် ... ယောက်ျားတွေမှာ သုတ္တကဓါတ်လို့ခေါ်တဲ့ အမျှင်ဓါတ်အားကောင်းဖို့လိုတယ်တဲ့ ... ဒါမှ ကျန်းမာရေးကောင်းနေမယ် ... ကျန်းမာမှ မိသားစုကို ကောင်းကောင်းမွန်မွန်ရှာဖွေကျွေးမွေးနိုင်မယ် ... မိသားစုစားဝတ်နေရေးကောင်းမှ ဘာသာရေး လူမှုရေး စတဲ့အကျိုးပြုလုပ်ငန်းတွေမှာလည်း အားတတ်သရောရှိပေလိမ့်မယ်လို့ ဆုံးမပါတယ် ... ဆေးကျမ်းအလိုကို ဆက်ဖတ်ပြမယ်နော့် ...) ပိတ်ဝမ်းသွားခြင်းကို ပယ်တတ်၏။ ကြောက်မက်ဖွယ်ကောင်းသော လေကြောများ၏ ပူလောင်ခြင်းကို ငြိမ်းအေးစေတတ်၏ (အသက်ရှူလေကြော၊ ဆီးကြော စသည်ကိုဆိုလို၏) ပန်းနာ၊ ရင်ကြပ်၊ ရေဖျဉ်းရောဂါ၊ ဝမ်းဗိုက်တင်းရောင်ခြင်းတို့ကို ပယ်ဖျောက်တတ်၏။

#နိဃဏ္ဍုကျမ်းအလို
အောင်မဲညိုသည် ခါး၏။ အဆီ အစေးရှိ၏၊ တြိဒေါသကို နိုင်၏ (ရှေ့မှာပြောခဲ့တဲ့ ဒေါသသုံးပျက်တာကို နိုင်တယ်လို့ပြောတာ) အေးသောဝိရိယဂုဏ်ရှိ၏။ လေနာ၊ သည်းခြေနာ၊ ဖျားနာ၊ ကိုယ်ပူနာ၊ မူးယစ်နာ၊ မြေဘုတ်ဘီလူးဖမ်းစားသောအနာ၊ သွေးဝမ်းသွားသောအနာ၊ ရူးသွပ်နာ၊ မူးမိုက်နာ၊ အလွန်ချောင်းဆိုးသောအနာ၊ ပန်းနာ၊ သလိပ်နာ၊ နူနာ၊ ပိုးနာ၊ ခယရုဂ်ရောဂါတို့ကိုနိုင်၏၊ ကြွင်းသောဂုဏ်တို့သည် အောင်မဲဖြူနှင့်တူသောသဘောရှိ၏။ အောင်မဲညိုရွက်သည် ချို၏။ အဆိပ်အတောက်ကို နိုင်၏။ အောင်မဲညိုမြစ်သည် လေကိုနိုင်၏။ အာဟာရအပုပ်ကို ကြေစေ၏။

ဒါ ဆရာတော်အရှင်နာဂသိန်က အာယုဗ္ဗေဒဆေးကျမ်းကြီးတွေမှာ ဖော်ပြတဲ့အတိုင်း သွန်သင်တာဖြစ်ပါတယ် ...
#တရုတ်ဆေးကျမ်းအလိုအရ
အောင်မဲညိုပွင့်ဟာ အမျိုးသမီးလိင်အင်္ဂါနဲ့တူကြောင်း ... အမျိုးသမီးများ လိင်ရောဂါအချို့အတွက် ကုသနိုင်ကြောင်း ... စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကျလွန်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းတို့အတွက်လည်း ကုသနိုင်ကြောင်း ဖော်ပြပါတယ် ...

#IVU Plant Lover's ဆိုတဲ့ Page မှာဖော်ပြထားတာကျတော့ ...
အသုံးပြုပုံ (ပဉ္စငါးပါး)
၁။ အောင်မဲဖြူသည် မြွေဆိပ်ဖြေဆေးအဖြစ် ထင်ရှား၏။ အောင်မဲဖြူမှုန့်နှင့် ဣဿရ မူလီမြစ်မှုန့် ရောစပ်သောက်သော် မြွေဆိပ်ပြေ၏။
၂။ အောင်မဲဖြူရွက်ကိုကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာ ခဏ ဆွတ်ပေးပါက ခူနာ ပျောက်၏။
၃။ အောင်မဲဖြူမြစ်ကို အခြားသော ဆေးမြစ်များနှင့် ရောစပ်၍ ရေဖျဉ်းရောဂါ ပျောက်ဆေးအဖြစ်သုံးသည်။
၎။ အောင်မဲဖြူ မြစ်ကို လှော်၍ အမှုန့်ပြုပြီး ရေနွေးနှင့်သောက်သော် အသည်းကြီး ရောဂါ၊ သရက်ရွက် ကြီးသော ရောဂါ၊ ရေဖျဉ်း ရောဂါ ပျောက်၏။
၅။ အောင်မဲဖြူမြစ်၏ အခေါက်ကို ရေနှင့် စိမ်သောက်သော် ကိုယ်လက် ရောင်ရမ်းသော ရောဂါပျောက်၏။
၆။ အောင်မဲဖြူ အဖိုမြစ်၏ ကြိတ်ညှစ်ရည်ကို နွားနို့အေး နှင့် ရောသောက်သော် နာတာရှည် ချောင်းဆိုး ရောဂါ ပျောက်၏။
၇။ အောင်မဲဖြူ အသီးစိမ်း အစေ့ ကြိတ်ညှစ်ရည်ကို နှာခေါင်းတွင် ခတ်ပေးက ခေါင်းတစ်ခြမ်း ကိုက်ခြင်းပျောက်၏။
၈။ အောင်မဲဖြူမြစ်ကို ကိုယ်ဝန်မလျှောကျ စေရန်လည်းကောင်း၊ လည်ပင်း၌ အကျိတ် အဖု ပေါက်သော ရောဂါ၊ သွေးအန် သွေးလျှံနာ၊ ခရုသင်း၊ မျက်စိတိမ်ကျခြင်းရောဂါများအတွက် ဆေးအဖြစ် ဖော်စပ်အသုံးပြု၏။
၉။ အပွင့်ကို နွားနို့နှင့် ကြိတ်၍ မျက်စိကို ကွင်းပေးခြင်း၊ ခတ်ပေးခြင်း ပြုက သူငယ်နာ မျက်စိနာ ပျောက်၏။
၁၀။ အစေ့ကို လိင်ဥ ရောင်ခြင်း ၊ ကြို့ထိုးခြင်းရောဂါများအတွက် သုံး၏။
မှတ်ချက်။ ။ အောင်မဲဖြူနှင့် အောင်မဲညို ဂုဏ်သတ္တိ စွမ်းရည် များစွာ ကွာခြားခြင်း မရှိသဖြင့် အောင်မဲညိုကိုလည်း အောင်မဲဖြူကဲ့သို့ပင် အသုံးပြုနိုင်၏။

တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ပန်းပွင့်ပါ ...
နိုင်ငံတကာမှာတော့ ဖျော်ရည်မျိုးစုံ၊ လက်ဖက်ခြောက်၊ ဆေးမျိုးစုံ၊ အပွင့်ကို အစားအစာ အရောင်ဆိုးတာ စတဲ့သုံးစွဲနည်းမျိုးစုံနဲ့ သုံးနေကြပါပြီ ...
နိုင်ငံတကာမှာတော့ ဖျော်ရည်မျိုးစုံ၊ လက်ဖက်ခြောက်၊ ဆေးမျိုးစုံ၊ အပွင့်ကို အစားအစာ အရောင်ဆိုးတာ စတဲ့သုံးစွဲနည်းမျိုးစုံနဲ့ သုံးနေကြပါပြီ ...
ထူးခြားတာလေးတစ်ခုက သံပုရာ သို့မဟုတ် အခြားသောအသီးအနှံတွေနဲ့ ဖျော်ရည်လိုရောစပ်ဖျော်သောက်မယ်ဆိုရင် ဦးနှောက်ဉာဏ်ရည်ကိုလည်း ဖွံ့ဖြိုးစေပါတယ်တဲ့ ... ကလေးသူငယ်တွေကိုလည်း အန္တရာယ်ကင်းစွာနဲ့ တိုက်ကျွေးနိုင်ပါတယ် ...
စိုက်ပုံစိုက်နည်းလား ... မိုးတွင်းမှာ အစေ့ပစ်ချထားလိုက် နွယ်တက်စရာ စင်ကလေးထိုးရင်ထိုး မထိုးချင်လည်း ခြံစည်းရိုးဘေးသာ စိုက်ပစ် ... အပွင့်ပွင့်လာရင် ဉာဏ်ရှိသလိုအသုံးချပေါ့ ...
စိုက်စားရင် စီးပွားရေးအရ တွက်ချေကိုက်မကိုက်ဆိုတာကတော့ Value added ကုန်ချောအဆင့် ကမ္ဘာ့အဆင့်မီထုတ်လုပ်နိုင်မှသာ နိုင်ငံတကာဈေးကွက်ကို တိုးဝင်နိုင်လိမ့်မယ်ထင်ပါတယ် ... E bay တို့ Amazon တို့ နောက်အခြား Online Shopping တွေမှာ ဂရမ် ၅၀ လောက် အပွင့်ခြောက်တစ်ထုပ်ကို ဒေါ်လာ ၂၀ ကျော်ပေးရတယ်ဆိုတော့ ဈေးကမသေးလှဘူး ... နောက် အောင်မဲညိုအခြေခံ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အစားအစာ၊ အလှကုန်၊ ဖျော်ရည်စတာတွေကလည်း ဈေးကြီးပါတယ် ...
ဘာပဲပြောပြော မြန်မာပြည်ကမြေကြီးမှာ ရွှေသီးစရာတွေ တပုံကြီးပါလားနော့် ...
Credit to: အရှင်နာဂသိန်၊ Kothetnaing Kothetnaingoo, IVU Plant Lover's, Wikipedia, Google Search and Facebook Search
ကိုဇင် အဓိပတိပစ္စယော
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်။
Monday, 7 August 2017
အုန်းပင်စိုက်ပျိုးနည်း
အုန်းပင်စိုက်ပျိုးနည်း
************************
************************
ယိုးဒယားမှာနေတုန်းက အုန်းရည်အမြဲတမ်းဝယ်သောက်ဖြစ်တယ် ...
အုန်းချိုသီးတစ်လုံးကို ဘတ် ၂၀ ပါ ...
တခါသောက်ရင် ၂ လုံးလောက်တော့ သောက်ပစ်တာပဲ ...
ပိုက်ဆံမရှိတဲ့အခါတော့ ရေပဲဖိသောက်ရတာပေါ့ ...
အုန်းချိုသီးတစ်လုံးကို ဘတ် ၂၀ ပါ ...
တခါသောက်ရင် ၂ လုံးလောက်တော့ သောက်ပစ်တာပဲ ...
ပိုက်ဆံမရှိတဲ့အခါတော့ ရေပဲဖိသောက်ရတာပေါ့ ...
အခု မြန်မာပြည်မှာ ယိုးဒယားအုန်းပု၊ ၃ နှစ်အတွင်းသီး၊ အရည်ချိုဆိုတဲ့အမျိုးကို စိုက်ဖို့စိတ်ဝင်စားလာကြတယ် ...
တချို့လည်း အလှစိုက်ဖို့စိတ်ဝင်စားကြတယ် ...
အုန်းပင်မျိုးနွယ်တွေနဲ့ပတ်သက်လို့ အမျိုးအစားဘယ်လောက်ကွဲကွဲပြားပြားရှိတယ်ဆိုတာ မသိပါ ...
အုန်းပင်စိုက်နည်းမေးလာကြတာလည်းရှိပါတယ် ...
ကိုယ်တိုင် အသေးစိတ်နည်းလမ်းမသိလို့ ဘီဘီစီ ဦးဝင်းမြင့်ဆီက တီးခေါက်ပြီး အင်တာနက်မှာလည်း အကိုးအကားတချို့လည်းလေ့လာပြီး အဆင်ပြေအောင် ပြန်ပြောပါ့မယ် ...

ယိုးဒယားမှာတော့ Samut Songkhram, Samut Sakhom နဲ့ Koh Samui ကျွန်းလိုနေရာမျိုးတွေမှာ အုန်းသီးကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ် ...
Samut Songkhram နဲ့ Samut Sakhom ဟာ ဗန်ကောက်အနီးက ပင်လယ်ရေငံ ရေချိုစပ်ဒေသတွေဖြစ်ပြီးတော့ Koh Samui ကတော့ မြန်မာပြည် ခြေထောက်နားက ကျွန်းပဲဖြစ်ပါတယ် ...
အုန်းသီးကို စီးပွားဖြစ်စိုက်ပျိုးတဲ့နေရာတွေကို လေ့လာကြည့်တဲ့အခါ ရေချို ရေငံစပ်နေရာတွေမှာ အစိုက်များတာကို တွေ့ရပါတယ် ...
အုန်းပင်ကြိုက်တဲ့ ရေမြေသဘာဝဟာ အဲဒီလိုဒေသမျိုးဖြစ်ပါလိမ့်မယ် ...
မိုးများတာကိုလည်း ပိုပြီးကြိုက်ပါလိမ့်မယ် ...
ရေချို ရေငံစပ်ဒေသမှာသီးတဲ့ အုန်းသီးက အရည်လည်းပိုချို အုန်းသားလည်းပိုကောင်းပါမယ် ...
သူငယ်ချင်းတစ်ယောက်က ပြင်ဦးလွင်မှာ ယိုးဒယားအုန်းချိုမျိုးကိုစိုက်ချင်လို့ မျိုးရှာပေးဖို့ ပြောဖူးတယ် ...
ကျနော်ကတော့ မစိုက်ပါနဲ့ဗျာလို့ ခပ်တိုတိုပဲ ပြန်ပြောမိပါတယ် ...
အခုဒါကို သူဖတ်မိရင် ကျနော့်ကို စိတ်ဆိုးပြေမယ်ထင်ပါတယ် ...

အုန်းခြံစီးပွားဖြစ်စိုက်သူတချို့ကတော့ ရေတက်ရေကျရှိတဲ့ခြံတွေမှာ မြောင်းဘောင်တွေကန့်ပြီးစိုက်တာလေ့လာမိပါတယ် ...
ဘောင်ပေါ်မှာ အုန်းချိုမွှေးကိုစိုက်ပြီး မြောင်းထဲမှာတော့ ငါးမွေးကြတယ် ...
ရေရနည်းတဲ့ခြံတွေမှာတော့ ရေသွင်းစိုက်ရပါတယ် ...
အုန်းပင်က ရေစိုးတိုးစပ်တပ်ကို ကြိုက်တာကိုး ...
အုန်းပင်စိုက်မယ်ဆိုရင် စိုက်ကျင်းကို နှစ်တောင်ပတ်လည်အကျယ်တူးပြီး နွားချေး၊ ကြက်ချေး၊ မြေဆွေးမြေသြဇာဖြည့်နှပ်ပြီး ၂ လလောက်ထားရပါတယ် ...
အဲဒီနောက် အုန်းပင်ပေါက်ကို ၃ ပုံ ၂ လောက်မြေထဲမြှုပ်စိုက်ပါတယ် ...
ရေကို ပုံမှန်လောင်းပေးရပါတယ် ...
အုန်းပင်ပေါက်ကို နေထွက်ရာအရပ်ဖက် ၄၅ ဒီဂရီလောက် ခပ်ငိုင်းငိုင်းကလေးစောင်းပေးထားရတယ် ...
အဲဒီလိုစိုက်လိုက်တော့ စောင်းရာကနေ တဖြည်းဖြည်းထောင်မတ်လာပါတယ် ...
အပင်အရင်းလည်းသာမန်ထက်ပိုကြီးပြီး အမြစ်ပွားတွေလည်းပိုများစေပါတယ် ...
စောင်းထားလို့ အပင်ကိုပုသွားစေတဲ့အပြင် အမြစ်ပွားတွေ အပင်ရင်းမှာများနေတဲ့အတွက် အသီးကိုလည်းကောင်းစေပါတယ် ...

ယိုးဒယားက ထန်းလျှက်အများစုဟာ အုန်းဖူးကနေခံပြီးရတဲ့အရည်ကို ပြန်ချက်ကြတာများသတဲ့ ...
အုန်းဖူးကိုဖြတ် အရည်ခံယူခဲ့ဖူးတဲ့အပင်က အုန်းသီးသီးနှုန်းပိုကောင်းစေလို့ဆိုပါတယ် ...
နောက် အဲဒီလိုပြုပြင်လိုက်တဲ့အုန်းပင်ကသီးတဲ့ အုန်းသီးဟာ ထောပတ်အုန်းလို့ ယိုးဒယားမှာခေါ်ကြတယ် ...
အုန်းသီး သွင်ပြင်လက္ခဏာပြောင်းသွားတဲ့သဘောဖြစ်ပါလိမ့်မယ် ...
ကျနော်တို့ ဇွန်းခြစ်အုန်းသီးနုစားတဲ့သဘောမျိုး အသားမရင့်တဲ့အုန်းသီးဖြစ်ပါတယ် ...

ငယ်ငယ်က ကြားဖူးတာတော့ အုန်းသီးသိပ်မကောင်းတဲ့အခါ အပင်ခြေရင်းမှာ ဆားပုံပြီးရေလောင်းသတဲ့ ...
ဒါဆို အုန်းပင်ဟာ အငံဓါတ်ကို သဘောကျတယ်လို့ဆိုရမှာပါ ...
အငံကြိုက်တယ်ဆိုတိုင်း အညာက ဆားပေါက်မြေမှာ အုန်းပင်စိုက်ဖို့တော့ ခက်ပါမယ် ...
မိုးအလွန်နည်းတာကြောင့်ပါ ...
တောင်ငူ ဇရပ်ကြီး ကင်မွန်းချုံဖက်မှာတော့ သဘာဝအတိုင်းစိုက်တဲ့ အုန်းခြံတွေရှိပါတယ် ...
အဲဒီနေရာတွေက အခြားအပင်တွေ စိုက်လို့ပျိုးလို့အဆင်မပြေတဲ့ စိမ့်စွဲမြေတွေမှာ အုန်းခြံ ကွမ်းသီးခြံအဖြစ် တည်ထောင်စိုက်ပျိုးကြတာပါ ...
ကျနော်တို့နိုင်ငံမှာ အခြားအပင်တွေစိုက်လို့အဆင်မပြေတဲ့ ရေနက်ကွင်းတွေ စိမ့်စွဲမြေတွေ ရေချိုရေငံစပ်နေရာတွေကို အနည်းငယ်ပြုပြင်ပြီး စီးပွားဖြစ်အုန်းခြံတည်ထောင်မယ်ဆိုရင် ပိုပြီးတွက်ချေကိုက်နိုင်ပါတယ် ...
ငါးမွေးမြူရေးနဲ့တွဲဖက်နိုင်ရင် ပိုပြီးအဆင်ပြေနိုင်ပါတယ် ...

ယိုးဒယားမှာ သင်္ဘောသီးထောင်နာမည်ကြီးသလို အုန်းချိုရည်ကလည်း အမှတ်ရစရာပါ ...
နိုင်ငံခြားသားခရီးသည်တွေဆီက ပိုက်ဆံရတဲ့အထဲမှာ ဒါတွေလည်းပါတယ်ဆိုရမှာပဲ ...
သူတို့ အုန်းသီးကို ဘယ်လိုစိုက်ပြီး ဘယ်လိုစီးပွားရှာသလဲဆိုတာ ဒီထက်ပိုသိအောင် ကျနော်တို့လေ့လာသင့်ပါတယ် ...
ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ကိုက်တဲ့ သီးနှံကိုသာစိုက်ပျိုးဖို့ အကြံပြုပါရစေ ...
မဲဆောက်မှာနေတုန်းက အုန်းချိုပုဆိုလို့ ၂ ပင် ဝယ်ပြီး အိမ်နောက်ဖေးချောင်းစပ်မှာ စိုက်ခဲ့ဖူးတယ် ...
မြန်မာပြည်ပြန်ခါနီး (၅ နှစ်လောက်ကြာတဲ့အချိန်) အထိ ပန်းပွင့်တာမမြင်ခဲ့ရဘူး ...
အုန်းသီးစိုက်နည်းကို ဝေမျှပြောပြပေးတဲ့ ဘီဘီစီ ဦးဝင်းမြင့်ကို ကျေးဇူးအထူးတင်လျှက် ...။

စိုက်ပျိုးသူများအောင်မြင်ကြပါစေ ...
ကိုဇင် အဓိပတိပစ္စယော
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်။
ကိုဇင် အဓိပတိပစ္စယော
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်။
လေခြူ၊ လောင်ဂန်၊ တရုတ်ဇီးသီး
လေခြူ၊ လောင်ဂန်၊ တရုတ်ဇီးသီး
*************************************
*************************************
စစ်ကိုင်းကိုရောက်တော့ တစ်မြို့လုံး သရက်ပင်မြင်ရဖို့မပြောနဲ့ လေခြူ (လောင်ဂန်) ပင်တွေချည်းပဲ တွေ့ရမှာပဲ ... ဒီအပင်တွေဟာ ဒီ စစ်ကိုင်းလိုရာသီဥတုမှာဖြစ်ပါလားလို့ မျက်မြင်တွေ့မှပဲ အံ့သြမိတော့တယ် ... ငယ်ငယ်တုန်းကတော့ အိမ်နီးနားချင်းတရုတ်တွေ ဝယ်စားကြတဲ့အခါ ကိုယ့်ကိုလည်း မကြာမကြာကျွေးလို့ စားဖူးပေမယ့် ဒီအသီးဟာ တရုတ်ပြည်ကလာတဲ့အသီးလို့ပဲ စိတ်မှာစွဲနေတယ် ... နာမည်ကလည်း တရုတ်ဇီးသီးလို့ ပြောပြောနေကြတော့ ဟုတ်မှာပါပဲလေလို့ ထင်ရတာပေါ့ ... တကယ်တမ်းကျတော့ မူလဒေသစာရင်းကို အင်တာနက်မှာလေ့လာရတော့မှ မြန်မာ၊ တရုတ်တောင်ပိုင်း၊ အိန္ဒိယအနောက်တောင်ပိုင်း၊ သီရိလင်္ကာနဲ့ အင်ဒိုချိုင်းနားဒေသများလို့ ဖော်ပြထားတာတွေ့ရတယ် ...
တရုတ်တွေက လုန် = နဂါး၊ အန်း = မျက်လုံး (နဂါးမျက်လုံးအသီး) လို့ ခေါ်ပြီး အဲဒီ လုန်အန်းဆိုတဲ့စကားကို မြန်မာတွေက လောင်ဂန်လို့ သမုတ်လိုက်ကြတာပေါ့ ... အမှန်မှာ မြန်မာအမည် လေခြူပင် လေခြူသီးလို့အခေါ်ရှိပေမယ့် ဒီကနေ့တော့ လောင်ဂန်သီးလို့ပဲ အပြောတွင်ကျယ်သွားပြီ ... တရုတ်တွေရဲ့ ဆေးကျမ်းအလိုအရဖြစ်ဖြစ် ခေတ်သစ်အသီးအနှံသုတေသနစစ်တမ်းတွေအရဖြစ်ဖြစ် လောင်ဂန်မှာပါတဲ့ အာဟာရတွေဟာ ကျန်းမာရေးအတွက်အတော်ကလေး အထောက်အကူပြုတယ်လို့ဖော်ပြကြတယ် ... တရုတ်အယူအရ နောက်တစ်မျိုးကတော့ ဒီနဂါးမျက်လုံးကို အသီးပေါ်တဲ့အချိန်မှာ အနည်းဆုံးတစ်ခါတော့စားရမယ် ... ဒါမှ တစ်နှစ်ပတ်လုံးကျန်းမာရေးကောင်းပြီး လာဘ်လာဘတွေလည်းရွှင်မယ်လို့ ဆိုသတဲ့ ... နဂါးဟာ တန်ခိုးကြီးတယ်လို့ အယူရှိကြတာကိုး ... နဂါးမျက်လုံးကိုစားရတယ်ဆိုရင် စားတဲ့သူလည်း တန်ခိုးထွားမယ်လို့ ဆင့်ကဲအယူရှိတာဖြစ်မယ် ... ဘာပဲဖြစ်ဖြစ် လောင်ဂန်သီးဟာ အစာအိမ်ရောဂါ၊ အိပ်မပျော်တဲ့ရောဂါ၊ သွေးလေခြောက်ခြားစိတ်ကျရောဂါ၊ အစာမျိုလမ်းကြောင်းရောဂါတွေကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုစနစ်ကိုကောင်းမွန်စေပြီး အာရုံကြောစနစ်တွေကိုလည်း နိုးကြားစေသတဲ့ ... လောင်ဂန်တော်နစ်အားဆေးရည်အပြင် အိပ်မပျော်ရောဂါနဲ့ စိုးရိမ်ကြောင့်ကျလွန်ရောဂါခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါသည်တွေအတွက်လည်း ဆေးဝါးအဖြစ်အသုံးပြုနိုင်သေးတယ် ... ဒီလိုဆိုရင် မြန်မာတိုင်းရင်းဆေးအလိုအရ သည်းချေကို အေးစေပြီး စိတ်နှလုံးကိုငြိမ်းချမ်းစေမယ့် အသီးအနှံတစ်မျိုးလို့ ဆိုရမှာပဲ ... ထူးထူးခြားခြား ဗီယက်နမ်တွေကတော့ လောင်ဂန်အစေ့ကို မြွေကိုက်တဲ့အခါမှာ ဆေးဝါးအဖြစ်သုံးတယ်လို့လည်း လေ့လာရပြန်တယ် ... ဘယ်လိုသုံးသလဲဆိုတာ အသေးစိတ်တော့မသိဘူး ... ဒါလောက်ကလေးဖတ်ပြီး မြွေကိုက်လို့လောင်ဂန်အစေ့ကို ဝါးစားတာတို့ သွေးလိမ်းတာတို့ ထွေးပြီးအနာပေါ်သိပ်တာတို့လုပ်လို့ မြွေဆိပ်တက်သေရင် ကျနော့်အပြစ်မဟုတ်ဘူးနော် ...
ဒီကနေ့ လောင်ဂန်နဲ့စီးပွားဖြစ်နေတဲ့နိုင်ငံတွေက ထိုင်း၊ တရုတ်နဲ့ အမေရိကန် (ဟာဝိုင်အီ၊ ဖလော်ရီဒါ) တို့ပဲ ... ကျနော်တို့မြန်မာနိုင်ငံမှာ စစ်ကိုင်းတစ်မြို့တည်းမှာပဲ စီးပွါးဖြစ်လောက်အောင် စိုက်ပျိုးတာတွေ့ရတယ် ... စစ်ကိုင်းသီးက ထိုင်းထက် ၁ လခွဲလောက် စောသီးတယ် ... မေလအလယ်လောက်ကနေ ဇွန်လအကုန်လောက်အထိ အသီးထွက်တယ် ... ထိုင်းက ဇွန်၊ ဇူလိုင်လောက်မှ လှိုင်လှိုင်ပေါတယ် ... မြန်မာက စောစောထွက်တာမို့ ကမ္ဘာ့သီးနှံဈေးကွက်မှာ လက်ဦးမှုရနိုင်ပေမယ့် နိုင်ငံတကာကိုတင်ပို့ရောင်းချနိုင်လောက်အောင် တယ်ပြီးမစိုက်နိုင်သေးဘူး ... စစ်ကိုင်းကထွက်သမျှ တရုတ်ဝယ်လက်က အလုံးအရင်းနဲ့ဝယ်လေ့ရှိတယ် ... အရွယ်ရောက်တဲ့ လောင်ဂန်ပင်တစ်ပင်ကနေ အသီးချိန် ကီလို ၂၀၀ ကျော်ရနိုင်တယ် ... မစိုက်သေးဘဲ ဝင်ငွေအကြောင်းက သိချင်လာပြီမဟုတ်လား ... ၂၀ ပေ x ၂၅ ပေ ပင်ခြားတန်းခြားစနစ်နဲ့စိုက်ရင် တစ်ဧကကို ၈၇ ပင် အနည်းဆုံးဝင်မှာဖြစ်ပြီး ... အရွယ်ရောက်ပြီးသား တစ်ပင်ကို ကီလို ၂၀၀ သီးတယ် ... အပင် ၈၇ ပင်ဆိုရင် ကီလို ၁၇၀၀၀ ကျော်ပေါ့ ... ထားပါတော့ ကီလို ၁၀၀၀၀ ဆိုရင် တစ်ကီလို ဒီကနေ့ထိုင်းဘတ်နဲ့ ၃၀ ဘတ် ၄၀ ဘတ်ရတယ်ဆိုပါစို့ ... တစ်ဧက ဘတ် ၄ သိန်း ... မြန်မာငွေသင့်ရင် သိန်း ၁၂၀ ဝန်းကျင်ပေါ့ ... တွက်ရေးကတော့ စက်သူဌေးနော့် ... ရမ်းသမ်းတော့ မလုပ်ကြနဲ့ဦး ... ဒါပေမယ့် ဒီနှစ်လောင်ဂန်ဈေးက တစ်ပိသာအားဖြင့် မြန်မာငွေ ၄၀၀၀ ကျပ် ... တစ်ဧက ပိသာကုန်ချိန် ၆၀၀၀ (ကီလိုတစ်သောင်း) ထွက်ရင် သိန်း ၂၄၀ ... အင်း ... မြန်မာဈေးက တွက်ချေပိုကိုက်သလိုလိုပေါ့ ... ဒါက ခန့်မှန်းတွက်ချက်မှုပါ ... စနစ်တကျစိုက်ပျိုးမှ ... စနစ်တကျပြုစုစောင့်ရှောက်မှ ... ဈေးကွက်က အာမခံနိုင်မှုရှိပါမှ ...
လောင်ဂန်က အပူချိန် ၄၀ ဖာရင်ဟိုက်ကနေ ၉၅ ဖာရင်ဟိုက်အကြား၊ မိုးရေချိန် ၄၅ လက္မမှသည် ၇၅ လက္မဝန်းကျင် (မိုးသိပ်များရင်မကြိုက်ဘူးဆိုတဲ့သဘော) ... ပင်လယ်အမြင့်ပေ ၃၀၀၀ အောက်၊ မြေချဉ်ကိန်း ၅.၅ ကနေ ၇.၅ အကြား၊ မြေအမျိုးအစား သဲဆန်မြေ၊ သဲနုန်းမြေ၊ ကျောက်ရောသဲဆန်မြေ (ကျောက်တောင်ကုန်းတွေမဟုတ်) ... အငန်ဓါတ်မရှိတဲ့မြေ၊ ရေဆင်းကောင်းပြီး စိုထိုင်းဆကိုထိန်းထားပေးနိုင်တဲ့မြေအမျိုးအစားကို ပိုပြီးနှစ်သက်ပါတယ် ... သူက လိုင်ချီးနဲ့ ကြက်မောက်မိသားစုမျိုးနွယ်မို့ လိုင်ချီး ကြက်မောက်ဖြစ်ထွန်းတဲ့ဒေသတွေမှာလည်း ဖြစ်နိုင်တယ်လို့ ပြောရင်ရပါတယ် ... လိုင်ချီးနဲ့ကြက်မောက်က မိုးများပြီး အေးတဲ့ဒဏ်ကိုခံနိုင်ရည်ရှိပြီး လောင်ဂန်က အပူကြိုက်ပုံရပါတယ် ... လောင်ဂန်မျိုးကို ကိုင်းထုပ်စည်းမျိုးပွားပင်ကိုစိုက်တာ အသီးမြန်မြန်ရနိုင်တယ် ... အစေ့ပျိုးက ၅ နှစ်ကျော်မှ ပန်းပြပြီးသီးလိမ့်မယ် ... တောင်ငူက အိမ်စိုက်ပင်တစ်ပင်ကတော့ အနှစ် ၂၀ ကျော်မှသီးတယ် ... တရုတ်အဖိုးကြီး သူစားတဲ့အစေ့ကိုစိုက်ထားတာ “မော်စင်ရေ ... အီရိပ်ကလော့ အတော်ကောင်းလယ်ကွာ အတက်နှီဆယ်ကျော်လယ်နော် ... အီခုမှပဲ အသီးချားရတော့လယ်ကွာ ... ရော့ချားချား ...” တဲ့ ... အိမ်စိုက်ပင်ဖြစ်လို့ အလင်းရောင် လေဝင်လေထွက် မြေဆီသြဇာနဲ့ ပြုစုစောင့်ရှောက်မှုမရလို့ ဒါမှမဟုတ် သူနဲ့သင့်တော်တဲ့မြေအမျိုးအစားမဟုတ်လို့ ဒီလောက်ကြာသွားတာဖြစ်နိုင်တယ် ... ရေသွင်းရေပေးစနစ်၊ လိုအပ်တဲ့မြေသြဇာ၊ ကိုင်းဖြတ်ကိုင်းညှပ်စနစ်၊ ခပ်စိတ်စိတ်စိုက် အသီးနည်းနည်းယူစနစ် စသည်ဖြင့် ခေတ်သစ်စိုက်ပျိုးရေးနည်းပညာတွေနဲ့စိုက်ပျိုးရင် သေချာပေါက် စီးပွားဖြစ်အောင်မြင်မှာပဲ ...
ဒီတော့ စိုက်မယ်ဆိုရင် အချက်အလက်ပြည့်စုံအောင်လေ့လာသင့်တယ် ... အောက်ဆုံးမှာ ကိုးကားလင့်တွေပေးထားပါတယ် ... ဘာသာပြန်သင့်တာပြန် ... လေ့လာသင့်တာ လေ့လာကြပါဦး ...
လောင်ဂန်စိုက်သင့်တယ်လို့တော့ အထူးအကြံပြုချင်တယ် ... မြန်မာပြည် ဒေသအတော်များများနဲ့ကိုက်ညီမယ်လို့ထင်တယ် ... သရက်ကို ကျနော်တို့အားထားစိုက်ပျိုးနေတဲ့အချိန်မှာ လောင်ဂန်ကိုလည်း စီးပွါးဖြစ်အားထည့်စိုက်ပျိုးသင့်တယ် ... သီးနှံတစ်ခုတည်းကိုဇောင်းပေးပြီး ဖိစိုက်နေရင် ဈေးကွက်မှာ လိပ်ခဲတည်းလဲဖြစ်နိုင်တယ် ... လောင်ဂန်ကို ထိုင်း တရုတ် အပါအဝင် အနောက်နိုင်ငံအားလုံး မက်မက်မောမောစားကြပေမယ့် လောင်ဂန်များများစားစားစိုက်ဖို့ ပထဝီအနေအထား အားနည်းချက်တွေရှိတယ် ... လောင်ဂန်က Ever Green လို့ပြောရမယ့် တစ်နှစ်ပတ်လုံးစိမ်းနေတဲ့ အရွက်တွေနဲ့ အရိပ်ကလည်း အေးမြတယ် ... ဒီတော့ စီးပွါးလည်းဖြစ် သဘာဝပတ်ဝန်းကျင်ကိုလည်း ပြုပြင်ပြီးသားဖြစ်စေနိုင်တယ် ... မိုးနည်း မိုးအသင့်အတင့်ဒေသတွေနဲ့ ကိုက်ညီတာကြောင့် အတော်အကျိုးရှိစေနိုင်ပါတယ် ...။
ကိုးကား -
ဒေါက်တာချစ် “လိမ္မော်နှင့်နှစ်ရှည်သီးပင်စိုက်ပျိုးရေး”
https://en.wikipedia.org/wiki/Longan
http://edis.ifas.ufl.edu/mg049
www.naturalfoodbenefits.com/display.asp?CAT=1&ID=30
http://www.huffingtonpost.com/…/lychee-rambutan-and-longan_…

မြန်မာပြည် စိမ်းလန်းသာယာပါစေ
ကိုဇင် အဓိပတိပစ္စယော
၂၀၁၆ ခုနှစ်၊ ဇွန်လ (၈) ရက်။
ကိုဇင် အဓိပတိပစ္စယော
၂၀၁၆ ခုနှစ်၊ ဇွန်လ (၈) ရက်။
မြန်မာပြည်သားစစ်စစ် စိန်တစ်လုံး
မြန်မာပြည်သားစစ်စစ် စိန်တစ်လုံး
****************************************
****************************************
ကျနော်တို့နိုင်ငံမှာ စိန်တစ်လုံးကို အကောင်းဆုံးသရက်သီးအဖြစ် အသိအမှတ်ပြုသလို နိုင်ငံတကာ သရက်သီးဈေးကွက်မှာလည်း အသိအမှတ်ပြု လက်ခံလာကြပါပြီ … နိုင်ငံတကာကို တင်ပို့ရောင်းချနေသူတစ်ဦးရဲ့အဆိုအရ မနှစ်က ၂၀၁၅ ခုနှစ်မှာ သူတစ်ဦးတည်းတင်ပို့ရောင်းချတာ တန်ချိန် ၂၀၀ ကျော်ပြီး အခုနှစ် ၂၀၁၆ ခုနှစ်မှာတော့ တန်ချိန် ၄၀၀ အထိ တင်ပို့ရောင်းချနိုင်ဖို့ မှန်းထားတယ်တဲ့ … ဒါဟာ စိန်တစ်လုံးရဲ့ အောင်မြင်မှု အစပျိုးချက်အဆင့်လောက်ပဲရှိဦးမယ်လို့ ကျနော်ထင် ပါတယ် … နောက်ဆုံးသတင်းတွေအရ နယ်သာလန် နဲ့ တောင်ကိုရီးယားလိုနိုင်ငံတွေကလည်း စိန်တစ်လုံးသရက်ကို နောင်နှစ်တွေကစလို့ ရသလောက်ဝယ်ယူတော့မှာတဲ့ … အားရစရာကြီးပေါ့ဗျာ …
သီးနှံတွေ နိုင်ငံတကာကို တင်ပို့တဲ့အခါမှာ အကန့်အသတ်နဲ့ စိစစ်လက်ခံမှုတွေကလည်း အတော်လေးများပါတယ် … ဥပမာ - ဂျပန်လိုနိုင်ငံမျိုးဆိုရင် သီးနှံမှာ လူကို အန္တရာယ်ဖြစ်စေမယ့် ဓါတုဓါတ်ကြွင်းတွေ သို့မဟုတ် သူတို့ဒေသအတွင်း ပျံ့နှံ့ပြီး ဖျက်ဆီးနိုင်တဲ့ အင်းဆက်ပိုးမွှားမျိုးစိတ်တွေနဲ့ ရောဂါသစ်တွေပါလာမှာမျိုးကို အတော် ကလေး စိစစ်ပါတယ် … ဒီတော့ ကျနော်တို့စိုက်ပျိုးသူတွေဖက်က စနစ်တကျနဲ့ စိုက်ပျိုးထုပ်လုပ်ကြဖို့ အင်မတန်ပဲ အရေးကြီးလာပါတယ် …
သရက်သီးစိုက်ပျိုးထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံကတော့ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မက္ကဆီကို၊ ဘရာဇီး၊ ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယားနဲ့ ဖိလစ် ပိုင်နိုင်ငံတွေပဲဖြစ်ပြီး အဲဒီ ၁၀ နိုင်ငံရဲ့ သရက်သီးမျိုးစုံထုတ်လုပ်ရောင်းချမှုက စုစုပေါင်း တန်ချိန် သိန်း ၃၁၀ ကျော်ပါတယ် … ဒါက ၂၀၁၄ ခုနှစ်စာရင်း ဇယားတွေအရပေါ့ … ဒီတော့ ကမ္ဘာ့သရက်သီးစားသုံးမှုက မသေးလှဘူး … ဈေးကွက်အကြီးကြီးက ထိုင်စောင့်နေပါတယ် …
သရက်သီးဈေးကွက်မှာ နေရာရနေတဲ့ ထိပ်တန်းနိုင်ငံတွေစာရင်းမှာ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက တစ်ဝက်လောက်ရှိပါတယ် … ဒီတော့ ကျနော်တို့အနေနဲ့ ကမ္ဘာ့သရက်သီးမျိုးစုံဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ဆိုတာ နာမည်ရဖို့ဆိုတာ အတော်လေးပဲ ခက်ခဲမှာပါ … ဘာပဲပြောပြော တစ်ထောင့်တစ်နေရာကနေ မြန်မာသရက်သီးကို ကမ္ဘာကသိစေနိုင်တဲ့ သရက်သီးတစ်လုံးကတော့ ရှိနေပါတယ် … အဲဒါက စိန်တစ်လုံးပါပဲ …
စိန်တစ်လုံး ဘယ်ကစ
*************************
စိန်တစ်လုံးကို ကျနော်စိတ်ဝင်စားလာတော့ မေးမြန်းတီးခေါက် သင်ယူရပါတော့တယ် … ဒေါက်တာအုန်းမြင့်ရဲ့ကျေးဇူးကြောင့် စိန်တစ်လုံးရဲ့ဇစ်မြစ်ကို သိခွင့်ရပါတယ် … ကျောက်ဆည်၊ ဟန်မြင့်မိုရ် အရှေ့ဖက် (၅) မိုင်လောက်မှာ သံရွာဆိုတာရှိပြီး အဲဒီရွာရဲ့တောင်ဖက် (၂) မိုင် ခံတပ်ကုန်းရွာကိုအကျော် ပဲခင်းရွာဆိုတာရောက်ရင် ရွာအနောက်ဖက် ပဲခင်းဘုန်းကြီးကျောင်းဝန်းထဲမှာ သက်တမ်း ၁၀၀ ကျော်ပြီဖြစ်တဲ့ မူလစိန်တစ်လုံးသရက်ပင်ကြီးကို တွေ့ရပါလိမ့်မယ် … စိန်တစ်လုံးဆိုတဲ့နာ မည်ဖြစ်လာတာကိုလည်း ဒေါက်တာအုန်းမြင့်က အခုလို ဖောက်သည်ချပါသေးတယ် … အဲဒီသရက်ပင်ကြီးရဲ့အောက်မှာ စင်ကတုံးတစ်ခုရှိခဲ့ဖူးတယ် … အဲဒီစင်ကတုံးကို အစွဲပြုပြီး စင်ကတုံးပင်လို့ခေါ်ရာကနေ စင်ကတုံးသရက်သီးလို့ ဖြစ်လာပြီးနောက် ကာလရွေ့လျားလာတော့ စိန်တစ်လုံးသရက်သီးဆိုပြီး အမည်တွင်သတဲ့ … ၁၉၈၀ နောက်ပိုင်း လူကြီးခရီးစဉ် (တချို့လည်း ဦးစိန်လွင်ခရီးစဉ်လို့ပြောပါတယ်) … အဲဒီခရီးစဉ်မှာ အဲဒီသရက်သီးနဲ့ဧည့်ခံရာက လူကြီးသိသွားပြီး ဒီသရက်သီးကို လူသိများ ထင်ရှားလာတယ်လို့ သိရပါတယ် … စင်ကတုံးသရက်သီးကနေ စိန်တစ်လုံး သရက်သီးလို့ဖြစ်လာတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင်တာပါပဲလေ … ဒီစိန်တလုံးသရက်ကို ၁၉၈၄ ခုနှစ်လောက်မှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းရဲ့ ဒေါက်တာစိန်လှဗိုလ်က ရှာဖွေဖော်ထုတ်ခဲ့ကြောင်း အထောက်အထားများလည်းရှိကြောင်း သရက်ပညာရှင် ဆရာစောဂျိန်းက မှတ်ချက်ပြုပေးပါတယ် . . . နောက်ခံအကြောင်းအမျိုးမျိုးဖြစ်စေဦးတော့ သရက်သီးကတော့ အရသာမပြောင်းသွားပါဘူး … ဒီလိုနဲ့ ကိုင်းကူး၊ ကိုင်းဆက်၊ အစေ့စိုက်၊ မျိုးပွားယူရာ ကနေ ဒီကနေ့ မြန်မာပြည်တလွှားရေပန်းစားတဲ့ စိန်တစ်လုံးဖြစ်လာတော့တာပါပဲ …

နိုင်ငံတကာသရက်ဈေးကွက်မှာ စိန်တစ်လုံး ကို မြည်းစမ်းခွင့်ရလိုက်တဲ့ ပြည်ပဝယ်လက်တွေအနေနဲ့ စိန်တစ်လုံးဟာ ကမ္ဘာ့အကောင်းဆုံးထိပ်တန်းသရက်သီးဖြစ်တယ်ဆိုတာ မငြင်းနိုင်ကြတော့ပါဘူး … အခုတော့ စိန်တစ်လုံးနောက်ကို သူတို့ပိုက်ဆံထုပ်ပိုက်ပြီး လိုက်လာနေကြပြီ … ဒီအကွက်ကို ကြိုမြင်ခဲ့တဲ့ တရုတ်၊ အိန္ဒိ၊ ထိုင်းဆိုတဲ့ သရက်ထိပ်တန်းနိုင်ငံတွေက စိန်တစ်လုံးကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက မြန်မာပြည်က မျိုးယူပြီး စိုက်နေခဲ့ကြပါပြီ …
ထူးဆန်းတဲ့စိန်တစ်လုံး
***************************
ဒီလို စိန်တစ်လုံးကို မျိုးယူစိုက်ပျိုးခဲ့ကြ တဲ့နိုင်ငံတွေဟာ အောင်မြင်မှုမရခဲ့ကြဘူးလို့ မြန်မာနိုင်ငံ သရက်စိုက်ပျိုးသူအားလုံးက တညီတညွတ်တည်း ပြောကြပါတယ် … စိန်တစ်လုံးကို သူတို့ယူသွားပြီး စိုက်တဲ့အခါ ဒေသရာသီဥတု သဘာဝပတ်ဝန်းကျင်နဲ့ ရောဂါနဲ့ ပိုးမွှားဒဏ်တွေကို ခံနိုင်ရည်မရှိတော့ဘူးတဲ့ … ဒါ့အပြင် သရက်သီး သီးခဲ့ရင်တောင် မချိုတော့တဲ့ အရသာပျက်တဲ့သရက်သီး၊ ရောင်းတန်းမဝင်တဲ့သရက်သီးဘဝရောက်ရတော့တယ်လို့ ဆိုကြပါတယ် … ဒီတော့ စိန်တစ်လုံးဟာ ကျနော်တို့မြန်မာနိုင်ငံသားစစ်စစ် သို့မဟုတ် ကျနော်တို့နိုင်ငံကိုသစ္စာရှိတဲ့ သရက်သီးမျိုး ဒါမှမဟုတ် ကျနော်တို့ပြည်သူလူထုကိုသာ အလုပ်အကျွေးပြုလိုတဲ့သရက်သီးလို့ပြောမယ်ဆိုရင် လွန်ရာကျမယ်မထင်ပါဘူး …

စိန်တစ်လုံးကို စိုက်ကြပါ
******************************
ပြောခဲ့သလိုပါပဲ … စိန်တစ်လုံးသရက်သီးဟာ ကျနော်တို့ကို သဘာဝကပေးထားတဲ့ လက်ဆောင်ကောင်းပါ … ကမ္ဘာပေါ်မှာ အကောင်းဆုံးထိပ်တန်း သရက်သီးကို ကျနော်တို့ ပိုင်ဆိုင်ထားကြပါပြီ … “အခွံပါးသော်လည်း အထားခံ၊ အသားရယ် ထူပြန်တော့ အစေ့ကသေး၊ ရနံ့ကလေးမွှေးထုံထုံ၊ ရသာကစုံပြန်သမို့ … သြော် … အေးဘုံရေ … နင်ဘယ်မှာတုန်း …” ဆိုတဲ့စာတောင် ချိုးလို့ရပါတယ် … အဲဒီလို စိန်တစ်လုံးစားပြီးရင် ဆွေမျိုးမေ့လို့ရတယ်ပေါ့လေ … ဒီသရက်သီးတစ်လုံးကိုအရင်းပြုပြီး ကျနော်တို့အတွက် နိုင်ငံတကာဝင်ငွေအမြောက်အများကို ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ် … ဒီတော့ ကျနော်တို့အနေနဲ့ စိန်တစ်လုံးကိုစိုက်ကြရလိမ့်မယ် အများကြီးစိုက်ကြရလိမ့်မယ် … နည်းစနစ်မှန်မှန် နိုင်ငံတကာရောင်းတန်းဝင် စံနှုန်းမီအောင် ဂရုတစိုက် စိုက်ပျိုးကြဖို့လည်း လိုအပ်ပါလိမ့်မယ် …

စိန်တစ်လုံးအတွက် အောက်ခံသရက်
*******************************************
စိန်တစ်လုံးရဲ့သဘာဝက ပင်စည်းပိုးထိုးတဲ့ဒဏ်ကို ခံနိုင်ရည်နည်းပါတယ် … သီးထိုးယင်၊ သရက်ဖြုတ်ပိုး၊ သရက်ခူမွှေးရှည်၊ သရက်လောင်မီးပိုး၊ အခြားစုပ်စားပိုးမျိုးစုံရဲ့ဒဏ်ကိုလည်း ခံရပါတယ် … သရက်မှာဖြစ်လေ့ ရှိတဲ့ ရောဂါတွေဖြစ်တဲ့ ကြပ်ခိုးမှိုရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ ဖားဥမှိုရောဂါအပြင် သစ်ပင်တွေမှာဖြစ်လေ့ရှိတဲ့ ရောဂါဒဏ်ကိုလည်း ခံရနိုင်ပါတယ် …

အခုနောက်ပိုင်းမှာတော့ သရက်စိုက်ပျိုးသူများအနေနဲ့ အောက်ခံပင်မျိုးကောင်းတွေကို ပျိုးထောင်ပြီး စိန်တစ်လုံးကိုင်းတတ်ကို သပ်ထိုးဆက်ပြီး စိုက်ပျိုးလာကြပါတယ် … ဒီလိုနည်းကြောင့် သရက်ပင်လည်း အရွယ်ရောက်မှုမြန်ဆန်ပြီး စောစောသီးပါတယ် … အစေ့စိုက်သရက်က ၅ နှစ်မှာသီးတယ်ဆိုရင် ကိုင်းဆက်သရက်က ၃ နှစ်ဝန်းကျင်မှာ သီးပါတယ် … ကိုင်းဆက်တဲ့အခါမှာ သီးဖူးပြီးသားသရက်ပင်က ကိုင်းတတ် ကိုဆက်မှသာလျှင် အရွယ်ရောက် အသီးသီးတဲ့ မျိုးဗီဇပါလာမှာဖြစ်ပြီး မူလသရက်အရည်အသွေးအတိုင်း ရနိုင်ပါတယ် …
အပေါ်မှာပြောခဲ့သလို စိန်တစ်လုံးအတွက် အောက်ခံပင်မျိုးကောင်းဆိုတာက ပင်စည်ပိုးထိုးဒဏ်၊ ပိုးမွှားဒဏ်နဲ့ ရောဂါဘယဒဏ်တွေကိုခံနိုင်ရည်ရှိတဲ့ သရက်တစ်မျိုးမျိုးကို အောက်ခံပင်အဖြစ် ပျိုးထောင်ထားရပါတယ် … အောက်ခံပင် ခဲတံလုံးလောက်ရောက်တဲ့အခါ စိန်တစ်လုံးမျိုးကောင်းအပင်က ရတဲ့ကိုင်းတတ်ကို သပ်ထိုးနည်းနဲ့ ဆက်လိုက်တာပါ … အောက်ခံပင်ရွေးချယ်မှုကလည်း အရေးပါပါတယ် … အောက်ခံပင် အကျိုးသက်ရောက်မှုကလည်း စိန်တစ်လုံးရဲ့အရည်အသွေးကို ထိခိုက်နိုင်တယ်လို့ သရက်ကျွမ်းကျင်သူတွေက သတိပေးကြပါတယ် … ဥပမာ အောက်တတ်ပွားထွက်လာတတ်တဲ့ သရက်မျိုးကိုအောက်ခံပင်ထားရင် အပေါ်ကဆက်လိုက်တဲ့ကိုင်းကတော့ စိန်တစ်လုံးဖြစ်ပြီး အောက်ကသရက်ကတော့ အူကြောင်ကြားသရက်တွေဖြစ်လာနိုင်တယ်တဲ့ … ဒါ့အပြင် အောက်ခံပင်မျိုးက ချဉ်လွန်းတဲ့အမျိုးဆိုရင် အချဉ်နည်းနည်းပေါက်နိုင်တယ်ပေါ့ … အောက်ခံပင်အမျိုးက ရောဂါဘယနဲ့ ပင်စည်ရောဂါတွေကိုခံနိုင်ရည်နည်းရင်လည်း စိုက်ပျိုးသူအတွက် အကျိုးဖြစ်ထွန်းမှုနည်းစေမှာဖြစ်တယ်တဲ့ …
စိန်တစ်လုံးအောက်ခံပင်ရွေးချယ်မှုနဲ့ပတ်သက်လို့ တောအုပ်ကြီးထင်လင်းအောင်နဲ့ သရက်ကျွမ်းကျင်သူ ဦးမြင့်မော်တို့ကတော့ တောသရက်မျိုးကို အထူးရွေးချယ်တယ်လို့ဆိုပါတယ် … တောသရက်က တောထဲတောင်ထဲ မြေမရွေး နေရာမရွေးပေါက်ရောက်နိုင်ပြီး ရေငတ်ဒဏ်ခံနိုင်တဲ့အပြင် အကြမ်းပတမ်းလည်းခံနိုင်တယ် … ဒါ့အပြင် ပင်စည်းပိုးထိုးရောဂါနဲ့ အခြားသရက်ရောဂါမျိုးစုံကို ခံနိုင်ရည်ပိုရှိတယ် … တောသရက်က တစ်စေ့မှာတစ်ပင်တည်းထွက်တဲ့ သရက်မျိုးဖြစ်လို့ အားကောင်းတဲ့အောက်ခံပင်ကို ရစေမှာဖြစ်တယ် … ဒါ့အပြင် အောက်တတ်ထွက်တဲ့ရာခိုင်နှုန်းနည်းတာမို့ ကိုင်းဆက်ထားတဲ့သရက်မျိုးကို အနှောက်အယှက်မပေးနိုင်ဘူး … အမြစ်ဖြာထွက်မှုအားကောင်းတဲ့သရက်မျိုးဖြစ်တာကြောင့် သရက်ကိုင်းဆက်ပင်အတွက် အစာအာဟာရစုပ်ယူမှုအားကောင်းစေပြီး အသင့်တော်ဆုံးဖြစ်ပါတယ် … ဒါ့အပြင် တောသရက်ရဲ့ မူလဇာတိက အချိုဓါတ်ကဲပြီး အနံ့အရသာလည်းမွှေးတာကြောင့် စိန်တစ်လုံးကို အကျိုးသက်ရောက်မှု ပကတိအတိုင်းပဲဖြစ်စေတယ် … တောသရက်က အစေ့ကြီးတယ် … အသားပါးတယ် … ဒါက စိန်တစ်လုံးအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသလား … စဉ်းစားစရာအချက်တွေလည်းရှိနေပါသေးတယ် … ဒါပေမယ့် ဒီကနေ့အထိ စိန်တစ်လုံးကို မချစ်စုအောက်ခံပင်နဲ့လည်းဆက်ခဲ့ပြီ … ရင်ကွဲသရက်အောက်ခံနဲ့လည်း ဆက်ခဲ့ကြပြီ … စသည်ဖြင့် သရက်မျိုးစုံကို အောက်ခံထားပြီးဆက်ခဲ့ကြပြီးပြီဖြစ်သော်လည်း စိန်တစ်လုံးရဲ့ မူလအရည်အသွေးမပျက် ပကတိကောင်းမွန်ဆဲပဲလို့ ထောက်ပြတာလည်းရှိပါတယ် … ဘယ်လိုပဲဖြစ်ဖြစ် စိန်တစ်လုံးသရက် ကမ္ဘာကျော်ဖို့ … စိန်တစ်လုံးသရက်စိုက်ပျိုးသူများ အကျိုးစီးပွားပိုမိုဖြစ်ထွန်းဖို့နဲ့ နိုင်ငံရဲ့ သရက်စိုက်ပျိုးရေးကဏ္ဍတိုးတက်လာဖို့အတွက် ဆက်လက်သုတေသနပြု လုပ်ဆောင်ကြရမှာလည်းဖြစ်ပါတယ် …
အခုနောက်ပိုင်းမှာတော့ စိန်တစ်လုံးသရက်သီးဟာ မြန်မာနိုင်ငံကသရက်ဖြစ်တဲ့အကြောင်း၊ မြန်မာမျိုးရင်းစစ်စစ်ဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့မူပိုင်သရက်မျိုးစိတ်ဖြစ်တဲ့အကြောင်း ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုနိုင်ဖို့အတွက် မှတ်ပုံတင်ဖို့ကြိုးပမ်းနေကြပြီလို့ဆိုပါတယ် …
စိန်တစ်လုံးဟာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာကောင်းပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် သရက်မျိုးကောင်းတစ်ခုဖြစ်တဲ့အပြင် ကမ္ဘာ့သရက်ဈေးကွက်မှာ နေရာရပြီး နိုင်ငံခြားဝင်ငွေအမြောက်အများရဖို့ အခွင့်အလမ်းကောင်းတွေလည်းရှိနေတာမို့ အများကြီးစိုက်ပျိုးထုတ်လုပ်ကြဖို့လိုအပ်လှပြီး ပညာရှင်တွေရဲ့ဝိုင်းဝန်းကူညီပံ့ပိုး ညွှန်ကြားပြသပေးမှုတွေလည်း လိုအပ်နေပါသေးတယ် …။
မှတ်ချက် - ကျနော် သရက်ပျိုးပင် မရောင်းပါ
ကျေးဇူးတင်ခြင်း - ဦးမြင့်မော်၊ ဒေါက်တာအုန်းမြင့်၊ တောအုပ်ကြီးထင်လင်းအောင်
ကိုးကား - “စီးပွားဖြစ်သရက်စိုက်ပျိုးနည်း” မင်းဝင်းထိန် (B.Ag)
“စိန်တစ်လုံးသရက်စိုက်ပျိုးထုတ်လုပ်ရေး” စောငုဝါ (ပျဉ်းမနား)
အင်တာနက်
ဝီကီပီးဒီးယား
mapsofworld.com/world-top-ten/mango-producing-countries.html

၂၀၁၆ ခုနှစ်၊ မေလ (၁၄) ရက်။
၂၀၁၆ ခုနှစ်၊ မေလ (၁၄) ရက်။
Sunday, 6 August 2017
မှိုစိုက်နည်း
တစ်ခုတွေ့ပါတယ် ဒီနေ့လိုင်းပေါ်မှာပါ
ကိုရောင်စဉ်ထွန်းတင်ထားတာပါ (ထိုင်းနိုင်ငံက စနစ်တစ်ခုဖြစ်မယ်ထင်ပါတယ်)
ကြိုက်လွန်းအားကြီးလို့ ခွင့်တောင်းပြီး ကျနော့်အမြင်နဲ့ အသေးစိတ်ရေးချင်လို့ပါခင်ဗျာ
ကိုရောင်စဉ်ထွန်းတင်ထားတာပါ (ထိုင်းနိုင်ငံက စနစ်တစ်ခုဖြစ်မယ်ထင်ပါတယ်)
ကြိုက်လွန်းအားကြီးလို့ ခွင့်တောင်းပြီး ကျနော့်အမြင်နဲ့ အသေးစိတ်ရေးချင်လို့ပါခင်ဗျာ
ကျနော်တို့ ကောက်ရိုးမှို သမားတွေအတွက် အပူချိန် အလင်း/ အမှောင် ဟာ တော်တော် အရေးကြီးပါတယ်
နေရာဒေသ ရာသီဥတုကလည်း အရေးပါလှပါတယ်
နေရာဒေသ ရာသီဥတုကလည်း အရေးပါလှပါတယ်
ကိုရောက်စဉ်တင်တဲ့ စိုက်စနစ်က အထက်ပါအရာတွေကို ဖြေရှင်းပေးထားတာတွေ့ရပါတယ်ခင်ဗျာ
ကော်ပုံးကြီးထဲမှာ ခြင်းကို (သံဇကာလည်းရပါသည်) ထည့်ထားပါတယ် အပေါ်က အဖုံးပိတ်ပြီး လေနဲ့ အလင်းရောင်အတွက် အပေါက် နှစ်ပေါက် ထားပါတယ်
( ဒီနေရာမှာ ကျနော်တို့တွေ ရင်ဆိုင်နေရတဲ့ စင်ထိုးရတဲ့ ပြသနာ နေရာရွေးချယ်ရတဲ့ပြသနာ ပလပ်စတစ်အုပ်ရတဲ့ ပြသနာ အမိုးတွေလုပ်ရတဲ့ ပြသနာတွေ တသ်ခါထည်းဖြေရှင်းပြီးသားဖြစ်သွားပါတယ်)
အတွင်းခြင်းနဲ့ ကော်ပုံး ကြား နေရာပတ်လည်က ကုန်ကြမ်းထည့်ဖို့ပါ ကုန်ကြမ်းက ကောက်ရိုးဗေဒါ နွားချေး ဂျပ် ပြောင်းခွံ ပဲရိုးအကုန်ရပါတယ် (သူ့လုပ်ငန်းစဉ်အတိုင်းတော့ လုပ်ရမှာပါ ဒါကိုတော့ မှို စိုက်တဲ့ သူတိုင်း သိကြပါတယ်) ကောက်ရိုးတစ်ထပ် ဖွဲနုဖြူး မှိုတစ်ထပ်သွားတာပါ

ဒီမှာ အတွင်းခြင်းရဲ့ နေရာလွတ်က မှို ခူးဖို့ပါ မှိုဟာ ခြင်းအတွင်းပတ်လည်နဲ့ အပေါ်မှာပေါက်မှာပါ ( တော်တော်လေးကို အကြံကောက်းတာတွေ့ရပါတယ်)
ပြီးခြင်းပို အဖုံးလုံအောက်ဖုံးလိုင်တော့
ကျနော်တို့ရဲ့ (ပလပ်စတစ်တွေ အုပ် ဖက်တွေကာ စင်တွေထိုး မလုပ်ရတော့ပါဘူး) လုပ်ငန်းစဉ်ဟာ သက်သက်သာသာ ပြီးသွားပါရော
အဲဒီမှာ အဖုံးမှာ အပေါက်နှစ်ပေါက်ဖေါက်ပြီး ရေသန့်ဗူးနဲ့ ပိတ်ထားတာတွေ့ရပါတယ်
အလယ်ပေါက်က အလင်းရောင်အတွက်ပါ ၅ ရက်နောက်ပိုင်းမှာ အလင်းရောင်လိုသလောက်ပေးပါလိမ့်မယ်
ဘေးအပေါက်ကတော့ လေ၀င်လေထွက်ပါခင်ဗျာ
အပူလျော့ဖို့ အောက်ဆီဂျင် ရဖို့ သုံးတာပါ
(ကျတော်ထင်တာတော့ ကော်ပုံးဖင်မှာ ရေထွက်ပေါက်လေးတွေ ပါမယ်ထင်ပါတယ်)
ကဲ အဲဒီပုံးကို ထားချင်တဲ့မေရာမှာထားဗျာ ရပြီ
မှိုထွက်ရင်ခူးရုံပါဘဲ

ကျနော် ဒီအတိုင်းမစိုက်ဖူးပါ ပုံ ကြည့်ပြီး မှို သဘောတရားနဲ့ ချိန်ဆပြီး ကျနော့်အမြင်အရ သုံးသပ်တာပါ ဒါပေမယ့် ကျနော် အမြန်ဆုံးစမ်းမှာပါ
ဘာမှလက်မ၀င်လို့ မှို စိုက်သူတိုင်းစမ်းကြည့်ပြီးတော့ ရရှိချက်လေးတွေကို သုံးသပ်မယ်ဆိုရင် ကျနော်တို့အတွက် နည်းပညာကောင်း တစ်ခုရမှာပါခင်ဗျာ
ဘာမှလက်မ၀င်လို့ မှို စိုက်သူတိုင်းစမ်းကြည့်ပြီးတော့ ရရှိချက်လေးတွေကို သုံးသပ်မယ်ဆိုရင် ကျနော်တို့အတွက် နည်းပညာကောင်း တစ်ခုရမှာပါခင်ဗျာ
ကရက်ဒစ် ရောင်စဉ်ထွန်း ( ကျေးဇူးတင်စွာဖြင့်)
"နင် .. အခု ဘာလုပ်နေလဲ .. "
ဆိုတဲ့ မေးခွန်းကို
နင် စိတ်ရူပ်ချင် ရူပ်လိမ့်မယ် ...
တကယ်တော့ အဲ မေးခွန်း နောက်ကွယ်မှာ
"ငါ နင့်ကို လွမ်းတယ်" ဆိုတဲ့ ..
စကားတခွန်းကို ..
ငါ .. တိတ်တဆိတ် ဖွက်ထားတယ် ..
🐾
🐾
#သိုးငယ် credit
ဆိုတဲ့ မေးခွန်းကို
နင် စိတ်ရူပ်ချင် ရူပ်လိမ့်မယ် ...
တကယ်တော့ အဲ မေးခွန်း နောက်ကွယ်မှာ
"ငါ နင့်ကို လွမ်းတယ်" ဆိုတဲ့ ..
စကားတခွန်းကို ..
ငါ .. တိတ်တဆိတ် ဖွက်ထားတယ် ..

#သိုးငယ် credit
Subscribe to:
Posts (Atom)