Tuesday, 1 August 2017

" ကောက်ရိုးမှို လက်တွေ့စိုက်ပျိုးပြီး အတွေ့အကြုံ မျှဝေခြင်း "

" ကောက်ရိုးမှို လက်တွေ့စိုက်ပျိုးပြီး အတွေ့အကြုံ မျှဝေခြင်း "
(ပိုစ့်ကိုဆုံးအောင်ဖတ်ပြီးမှ မေးခွန်းများ မေးကြပါရန်မေတ္တာရပ်ခံပါသည်။ 
#ဤပိုစ့်ကိုလွတ်လပ်စွာ ရှယ်ခွင့်ပြုပါသည်။
#copyယူခွင့်မပြုပါ။ လုပ်ဆောင်လိုသူများ အတွက် ကျွန်တော်အတွေ့အကြုံများအား ထိထိရောက်ရောက် သိစေလိုပါသဖြင့် 
#copy ယူခြင်းမပြုရန် မေတ္တာရပ်ခံပါသည်။)
Lu Gyan Gyi
21-7-2016
#တည်နေရာ
တိုက်ကြီးမြို့ တာဂွကျေးရွာ မိုင်တိုင်အမှတ် (44) ဣစာသယကျောင်းလမ်း 
ပုလဲနဒီ မှိုစိုက်ပျိုးရေးခြံ
#မှိုစိုက်ပျိုးရေးအဆောက်အဦး
ရုံအနံ (20)ပေ အလျား (65)ပေ
စင်အတိုင်းအတာ အနံ (5)ပေ အလျား(21)ပေ 
စင်(4)စင် 
တစ်စင်တွင် အထပ် (4)ထပ် 
စုစုပေါင်း စင်(4)စင် အထပ်ပေါင်း(16)ထပ်
ရုံရှေ့ (10)ပေအခန်းအား ဂိုထောင်အဖြစ် ထားပြီး ရုံအမြင့်မှာ (12)ပေဖြစ်ပါသည်။
#သုံးစွဲသောပစ္စည်းများ
စင်တိုင်များအား မျှောသစ်
အကာ အခင်း ဝါး
ဘေးအကာ အမိုး တာပေါ်လင်
မြေပြင်တွင် သဲ (5)လက်မထုခင်း
#စင်တိုင်းတွင်အသုံးပစ္စည်းများ
တရုံလုံးအကာ အမိုးအား တာပေါ်လင်ဖြင့် အသုံးပြုထားပါသည်။
စင်တိုင်းတွင်လည်း တာပေါ်လင် ထပ်ကာပြီး (70%)အနက်စ အလယ်ထည့်ပြီး ပလပ်စတစ်အကြည်စအား အတွင်းမှ တစ်ထပ်တည်း အလွှာသုံးလွှာ ထပ်ထားပါသည်။ 
(မှိုစင်အတွင်း ဝင်လျှင် ကပ်ငြိနေသော ချွေးများ လူနှင့်ထိကျမည်ကို ကာကွယ်ရန် အတွက် ဘေးနံရံတွင် တစ်ထပ်တည်း ကာရံထားပါသည်)
စင်နှစ်စင်အကြားတွင် လူလျှောက်လမ်း တခု ထားပါသည်။
#စင်တစ်ခုနှင့်တစ်ခုအကွာအဝေး
ရုံနံရံမှ စင်အကွာအဝေး (3)ပေ
စင်တခုနှင့်တခု (5)ပေကွာ
စင်တစ်ထပ်နှင့်တစ်ထပ် (1.5)ပေ
အလယ်လျှောက်လမ်း (5)ပေ
#ရုံဘေးတွင်
စက္ကူစိမ်ရန် တာပေါ်လင်ကန်တခု
(စက္ကူစိမ်ရာတွင် ငါးအမိုင်နိုအက်စစ် တစ်လီတာနှင့်ဖျော်စိမ်ပါသည်)
စက္ကူရေစစ်ရန် စင်တခု
#သုံးစွဲသောကုန်ကြမ်းများ
(အထပ်တစ်ထပ်အတွက်)
ဘိုကာရှီ ကီလို(30) (2)အိတ်
နွားချေးခြောက် (3)တင်း
ဂျပ်စက္ကူ (20)ပိသာ
ထိုင်းမှိုမျိုး (6)ထုပ်
မှိုအစာ
အားဆေး
#မျိုးထည့်ပုံ
(1) အောက်ဆုံးတွင် ဂျပ်စက္ကူရေစိမ် ပါးပါးခင်း
(ကုန်ကြမ်းပစ္စည်းများ ထွက်မကျစေရန်)
(2) ဘိုကာရှီ+နွားချေးအိတ်များရော 
သုံးပုံ ပုံ အောက်ခံနှစ်ပုံခင်းပါသည်။
(3) ဆေးဖြန်းပုံး (2)ပုံးစာရေဖြန်းပါသည်။
(4) ဂျပ်စက္ကူ ခင်းပါသည်။
(5) မှိုမျိုး(6)ထုပ်ဖြူးပါသည်။
(5) ကျန်ဘိုကာရှီ+နွားချေးရော (1)ပုံအား အပေါ်မှဖြူးပါသည်။
(6) အားဆေးအား ရေဖြင့်ရောဖြန်းပါသည်
(ဆေးဖြန်းပုံး တစ်ပုံးသာ)
(7) အပူချိန်တိုင်းကိရိယာထည့်
(8) တာပေါ်လင်+အနက်စ+ပလပ်စတစ် အဖြူစ တထပ်တည်းကျအောင် လုပ်ပြီး ရုံပိတ်ပါသည်။
(9) သုံးရက်မြောက်နေ့တွင် စင်များအား ရေပါးပါးဖြန်းပါသည်။ (ဆေးဖြန်းပုံးဖြင့်)
(10) ငါးရက်မြောက်နေ့တွင် ရုံအပေါက်များ ဖွင့်ပြီး ရေးပါးပါးဖြန်းပါသည်။
(11) ရုံဘေးဘက်တွင် လေဝင်/ထွက် အတွက် အပေါက်ဖောက်ထားပြီး သစ်ခွပန်းခြင်းမျာအားတပ်ဆင်ထားပါသည်။(ပန်ကာအစားထိုးအသုံးပြုခြင်း)
(12) စိုက်ပြီး(5)ရက် အပူချိန်(42°C) စိုထိုင်းစ (90) ဖြစ်ပါသည်။
(13) (6)ရက်မြောက်နေ့မှစ တရက်လျှင် (10)မိနစ် လေဝင်/လေထွက်လုပ်ပေးပြီး အပူချိန်(34-32-31)စိုထိုင်းဆ (80မှ100)ကြား ရှိပါသည်။
(14) အပူချိန်များသဖြင့် စင်ဘေးရှိ တာပေါ်လင်တစ်ထပ်အား ခွာချပေးလိုက်ပါသည်။ (7)ရက်မြောက်နေ့
(15) စတင်စိုက်ပျိုးရက်မှ (12)မြောက်နေ့ တွင် မှိုများစတင်ခူးပါသည်။
(16) မှိုရုံအတွင်းသို့ (6)ရက်မြောက်နေ့မှစ တစ်နာရီတစ်ကြိမ် ဝင်ကြည့်ပြီး အပူချိန် စိုထိုင်းဆ မှတ်သားပါသည်။ (စင်တိုင်းတွင် ဝှိုက်ဘုတ်တခုစီ ချိတ်ဆွဲထားပါသည်)
(17) အပေါ်ဆုံးစင်တွင် အပူချိန်များသဖြင့် မှိုရိုင်းများပေါက်ခြင်းအား ရှင်းလင်းပြီး ဘောင်ခြောက်သွေ့နေ၍ ဆေးဖြန်းပုံးဖြင့် ရေမွှားကလေးများ ပက်ဖြန်းပေးပါသည်။
(18) အလုပ်သမား (8)ဦး
#ဘေးထွက်ပစ္စည်းများ ပြန်လည် အသုံးချခြင်း 
(1) ဘိုကာရှီအိတ်ခွံများအား လွှစာ နွားချေး ထည့်ရန် ရေလျော်ပြန်သုံးသည်။
(2) မှိုမျိုးအိတ်များအား ပျိုးခင်း ပျိုးအိတ် အဖြစ်ပြန်သုံးသည်။
(3) စက္ကူစိမ်ရေများအား စိုက်ခင်းအတွက် စုဆောင်းထားရှိပါသည်။
(4) စက္ကူဖြဲရာတွင် စွန့်ပစ်ရသော အပိုင်းအစများအား ဘိုကာရှီဖောက်ရန် စုဆောင်းထားပါသည်။
#ဘိုကာရှီအားအဓိကထားသုံးသည့် သဘောထား
ကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်းသည် စွန့်ပစ်ပစ္စည်း (အမှိုက်မှ) ရွှေဖြစ်အောင် လုပ်သောလုပ်ငန်း ဖြစ်သော်လည်း ကျွန်တော် ယူဆချက်မှာ တစ်ခုလိုခြင် တစ်ခုပေးရမည်ဖြစ်ပါသည်။ ဒါကြောင့် တိရိစ္ဆာန်ချေး ကုန်ကြမ်းသည် ဝယ်ယူသယ်ဆောင်ရ ခက်ခဲခြင်း၊ မသန့်ပြန့်ခြင်းတို့ကြောင့် မှိုအထွက်နှုန်း ထိခိုက်စေပါသည်။ 
#စီးပွားရေးလုပ်ခြင်းသည် အမြတ်လိုခြင်လို့ လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် 
(1) ခိုင်မာသော ကုန်ကြမ်း 
(2) တိကျသော နည်းစနစ် 
(3) တတ်ကျွမ်းနားလည်သော ဆရာ
(4) ကိုယ်တိုင်လေ့လာ အားထုတ်မှု စသော အချက်များ လိုအပ်မည်ဖြစ်ပါသည်။
ထိုအချက်များအားလုံး ကျွန်တော်ဖြည့်ဆည်း ထားပါသည်။
#ကုန်ကျစရိတ်နှင့် အမြတ်(ခန့်မှန်း)
(တစ်ထပ်အတွက်)
အလျား (21)ပေ အနံ(5)ပေ တစ်စင်
(1) ဘိုကာရှီ (2) အိတ် 10000 ကျပ်
(2) နွားချေးခြောက်(2)အိတ် 1000 ကျပ်
(3) မှိုမျိုး ပွားစာ အားဆေး 7000 ကျပ်
(5) ဂျပ်စက္ကူ (20)ပိသာ 3000 ကျပ်
(6) အလုပ်သမားခ 4000 ကျပ်
#စုစုပေါင်း 25000 ကျပ်
(7) စင်တစ်ထပ်မှ မှိုကုန်ချိန် (10)ပိသာ ထွက်လျှင် တစ်ပိသာ 5000 ကျပ်ဈေးဖြင့် ငါးသောင်းကျပ် ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် ပျမ်းမျှ (50%)အား (15)ရက် အတွင်း အမြတ်ရရှိမည် ဖြစ်ပါသည်။
#ကျေးဇူးတင်လွှာ
ယခုကဲ့သို့အောင်မြင်စေရန် ထောက်ပံ့သူများ-
#ဦးလူမုန်း #ဦးမင်းစံ
(စိုက်ခင်းပုံများအား နေ့စဉ်ပေးပို့စေပြီး လိုအပ်ချက် လုပ်ဆောင်ရန်များ ပြောကြားပေးပါသည်)
#ကိုသန့် (အနီးကပ် (3)ရက်တစ်ကြိမ် လာရောက် စောင့်ရှောက်ပေးသည်)
#သီဟသူ (ချသာချ လိုတာကူညီမယ် အားပေးသည်)
#မြတ်စိုးဟိန်း (ဂျမ်းကြီး စွတ်လုပ်မနေနဲ့ဟ တတ်သိနားလည်သူတွေ မေးဦး ကျွန်တော်ကတော့ ဒီလိုလုပ်သင့်တယ် ဟိုလိုမလုပ်သင့်ဘူးဆိုပြီး ပြောကြားပေးသူ)
#ကြည်စိုးလင်း (လုပ်ငန်းအရှုံး အမြတ်နှင့် လူအင်အား ဦးနှောက်စားပေးသူ)
#ဆည်းဆာ (ဦးဂျမ်း သမီးလုပ်တုန်းက ဒီလိုမှားခဲ့လို့ ဒါတွေဖြစ်တာဆိုပြီး အမှားတွေ ထောက်ပြပေးသူ)
#ဦးလူမုန်းမှ ပိုစ့်တင်ပြီး မှိုဆရာများ၏ သဘောထားကိုမေးထားသော ကောက်ရိုးမှို စိုက်ရာတွင် တိရစ္ဆာန်ချေးမသုံးပဲ အခြားကုန်ကြမ်းဖြင့် စိုက်ပျိုးနည်းအတွက် သစ်ပွလွှစာအား ဘိုကာရှီဖြင့် ရောနှပ်ကာ စိုက်ပျိုးသောနည်းစနစ်အား ကိုသန့် အနီးကပ်ကြီးကြပ်မှုဖြင့် နောက်ဆုံး လေးစင်မြောက်စမ်းသပ်ထားပါသည်။
# ဖွားသီ မှိုမျိုးနှင့်ပွားစာ အားဆေး ရောင်းချပေးသူ
#အေးချမ်း ဘိုကာရှီ ရောင်းချပေးသူ
**************
#အမကြီးတူး နှင့် မိသားစု (ရဲရဲဝံ့ဝံ့သာလုပ် လုပ်ငန်းဆိုတာ တစ်ခါမှားရင် မှားမယ် အတွေ့အကြုံယူ နှစ်ကြိမ်မှာ အမှားနည်း ရမယ် သုံးကြိမ်မြောက်ရင် အောင်မြင်ရမယ် ဆိုပြီး အားပေးစကားတွေပြော ကုန်ကျစရိတ် အားလုံးထုတ်ပေးသော ခြံပိုင်ရှင် မိသားတစ်စု)
#အခြားကျေးဇူးတင်ထိုက်သူ အားလုံး ကျေးဇုး တင်ရှိပါကြောင်း။
Lu Gyan Gyi
21-7-2016



















No comments:

Post a Comment