မည်သူမဆို .. ညအိပ်ရာဝင်ချိန်၌
မနက်အိပ်ရာထချိန်ထက်
နည်းနည်းဖြစ်စေ ...အသိဉာဏ်ပညာ ပိုရှိနေရမည်၊
သို့မဟုတ်ပါက
လူသားတစ်ဦးအနေနှင့်... အကြီးမားဆုံးပြစ်မှုကို
ကျူးလွန်ခဲ့ရာရောက်သည် တဲ့။
လီယိုဗတ်စကာဂလီယာကဆိုသည်။
မှန်သည်။
လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။
အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
သည်အတွက် ဘယ်လိုလုပ်မည်နည်း။ တစ်နည်းသာ ရှိသည်။
"စာဖတ်ပါ"၊ ဒါပဲ။
နေ့စဉ်ဖတ်ပါ။ စာကောင်းပေကောင်းကို ရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေး ရွေးဖတ်ပါ။ ညအိပ်ရာဝင်ကာနီးတိုင်း သည်ကနေ့ ငါ့မှာ ဘာအသိဉာဏ်ပညာ တိုးသလဲ ကိုယ့်ကိုကိုယ် စစ်ဆေးမေးမြန်းပါ...

copy from: စာဖတ်သမား၏ မှတ်စုများ (ဖေမြင့်)
No comments:
Post a Comment