ဒါပေမယ့် ဘာသာသာသနာချစ်စိတ်တစ်ခုတည်း
မိဘတွေရင်ခွင်ကို စွန့်လွတ်ပြီး မြို့စာသင်တိုက်ကို ထွက်ခဲ့ရတယ်။
အသိမိတ်ဆွေဆိုလို့ တစ်ယောက်မှ မရှိတဲ့မြို့ကြီးမှာ... မြင်သမျှအရာဝတ္ထုတွေကို ကြောက်နေမိသလို... တွေ့သမျှလူတွေကိုလည်း ကြောက်နေမိတယ်... အခက်ခဲမျိုးစုံကိုလည်း လည်စင်းပြီးခံခဲ့ရတယ်.... အထူးသဖြင့် ဆွမ်းခံရာမှာ အလွန်ပဲဒုက္ခရောက်ခဲ့တယ်။ ဆွမ်းမရလို့ ခေါင်းငိုက်စိုက်နဲ့ ပြန်လာရတဲ့ရက်တွေလည်း ရှိခဲ့ဖူးတယ်။
ကိုရင်ငယ်ဘဝ ဆရာရှေ့မှာ ဒီလိုစာပြန်ခဲ့ရတယ်။ ကြောက်ဒူးတွေတုန်ပြီး စာတွေလည်း မေ့ခဲ့ရတယ်။ ဒါပေမယ့် ဆရာသမားက တော်တော် ကောင်းပါတယ်။ လေးလည်း လေးစားရပါတယ်။ အခုထိလည်း လေးစားရတုန်းပါပဲ
စာမရရင် မဆော့ရဘူးဆိုလို့ ဆော့စရာကို လက်ဝယ်ပိုက်ပြီး စာကျက်ခဲ့ရတာတွေလည်း ရှိခဲ့တယ်။ ကလေးပဲ ဆောတာမက်တာကတော့ သဘာဝပဲလေ....
စာကျက်ရာမှာလည်း ပြိုင်ဘက်သူငယ်ချင်းတစ်ပါးက
စာမေးပွဲတွေကိုလည်း အဆင့်ဆင့် ဖြေဆိုလာနိုင်တယ်။ ဆရာသမားတွေရဲ့ ကျေးဇူးကြောင့်ပါ။
ဘယ်တော့မှ မမေ့ဘူး။ တစ်နေ့မှာ ပြန်လည်ကျေးဇူးဆပ်မယ်။
တစ်ခါတစ်ခါလေ ကျရှုံးမူ့တွေနဲ့ ရင်ဆိုင်ရတဲ့အခါ... ရွာကိုပဲပြန်ချင်သလိုလို... လူပဲထွက်ချင်သလိုလို... ဘလိုလိုညလိုလို.. ခံစားမူ့တွေလည်း ရှိခဲ့ဖူးတယ်။
စိတ်ဓာတ်ကျနေချိန်မှာ ဆရာသမားရဲ့ ဆိုဆုံးမ လမ်းညွန်ပြမူ့ကြောင့် စာကို အသည်းအသန်နဲ့ တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့မျိုးလည်း ရှိခဲ့ဖူးတယ်။
ကြိုးစားမူ့ကြောင့် ကောင်းစွာဖြေဆိုနိုင်ခြင်းဆိုတဲ့ အသီးအပွင့်တွေကိုလည်း ခံစားရတယ်။ ကျေးဇူးပါ ဆရာသမားအပေါင်းတို့ ရှိခိုးဦးတင်ပါတယ်ဘုရား။
ဒီလိုလည်း သူငယ်ချင်းတွေနဲ့ စာအတူတူကျက်.. တိုင်ပင်ဆွေးနွေးပြီး တက်ညီလက်ညီ စာလုပ်ခဲ့တာတွေလည်း မမေ့နိုင်စရာပါပဲ။ ဒါပေမယ့် တစ်တစ်လေ ရန်ဖြစ်ခဲ့ရတာတွေလည်း ရှိပါတယ်။
ဘုံလောင်းတိုးရင် ဗိုက်ဆာတာကို သည်းမခံနိုင်လို့ သကျသီဟဘုရားထဲဝင်ပြီး သပိတ်လုံးလိုက် ဘုရားဆွမ်းတော်ကပ်ကာ အုတ်ခုံတစ်နေရာမှာ အာရုဏ်ဆွမ်းစားခဲ့တာမျိုးတွေလည်း ရှိခဲ့တယ်။ အဲ့အချိန်တုန်းက သကျသီဟဘုရားဝင်းကတော့ ဦးဇင်းတို့အတွက် ဆွမ်းစားဆောင်ကြီး တစ်ခုပေါ့။
တစ်နှစ်တစ်ခေါက် ရွာပြန်တဲ့အခါမှာ ... တစ်နှစ်ပတ်လုံး သားရဟန်းပြန်လာမည့်နေ့ကို လက်ချိုးရေကာ စောင့်ကြိုနေတဲ့ အမေ့ရဲ့မေတ္တာတွေနဲ့ ပြည့်နက်နေတဲ့ ခရီးဦးကြိုဆိုမူ့မျိုးကိုလ ည်း ခံစားရပါတယ်။
No comments:
Post a Comment