Saturday, 5 August 2017

မှတ်မှတ်ရရ...ငါးလပိုင်း ၂၅ ရက်နေ့ .. ၂၀၀၉ ခုနှစ်



မှတ်မှတ်ရရ...ငါးလပိုင်း ၂၅ ရက်နေ့ .. ၂၀၀၉ ခုနှစ်...
---------------------------------------------------------
''လာဟ.. မိအဲ.. တွေ့လား.. 
အဲတိုက် အမြင့်ကြီးမှာ ငါတို့ အလုပ် လုပ်ရမှာတဲ့.. မိုက်တယ်နော်...''
''အေးဟ.. အိမ်ကို ဖုန်းဆက်ရင်တော့ ကြွားလို့ရပီ...''
''အေးအေး ဆက်တာတော့ ဆက်ပေါ့ဟာ..နင့်. ပိုက်ဆံလည်း ခြွေတာအုန်းဗျ..''
''အေးပါဟာ နင်ကလည်း....ပြောလိုက်ရင် ခြွေတာဆိုတာချည်းပဲ... 
ကပ်စေးနည်းတဲ့အကျင့်က ဘယ်တော့ ပျောက်မှာလဲ''
သူငယ်ချင်းနှစ်ယောက် စကားတပြောပြောဖြင့် မြင်နေရသော 
၇ ထပ်အဆောက်အဦးကြီးဆီသို့.. 
လမ်းလျောက်ရင်း ရေပက်မ၀င် ပြောနေကြခြင်းဖြစ်သည်...
ဒီနေ့က ကျန်တော်တို့ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးပြီးချင်း
နယ်မှ တက်ကာ ရန်ကုန်သို့ အူကြောင်ကြားဘ၀ဖြင့် အလုပ်လာလုပ်ခြင်းဖြစ်သည်.
ကိုယ်တွေနယ်မှာက ၇ ထပ်ဆိုတာ တက်ဖူးတာလည်း မဟုတ်ပဲကိုး..
ဒါနဲ့ မြောက်ကြွသော ခြေလှမ်းများဖြင့်.. ထို ရုံးအသစ်ကြီးဆီသို့... 
ကဲ ရောက်ပါပီ ရုံးထဲ.. အဲဒါနဲ့ ခပ်တည်တည်ပဲ ကောင်တာကိုသွားကာ ..
''ကျန်တော်တို့က ၀န်ထမ်းအသစ်တွေအမ.. ဒီနေ့မှ မန်းလေးက လာတာပါ.. အဲဒါ ကျန်တော်တို့ ဘယ်သွားရမလဲဗျ...''
''အော်.. ဟုတ်.. အန်ကယ်က ပြောထားပါတယ်.. ခုနှစ်လွှာကို သွားလိုက်ပါ... နောက်မှာ ဓါတ်လှေကားရှိပါတယ်ရှန့်...''
''အော်..အိုကေပါ.. ကျေးဇူးပါအမ...''
နောက်ထဲသွားကာ.. ဓါတ်လှေကားဆီသို့.. ကျန်တ်ာနှင့် ကျန်တော့်သူငယ်ချင်း ..
အဲမှာ ဇတ်လမ်းက စတာပါပဲ.. သူကော ကျန်တ်ာကော ဓါတ်လှေကားကို ပထမဆုံးအကြိမ်စ စီးဖူးခြင်း....
သို့ပေသောကြောင့်.. ဘယ်ခလုတ်နှိပ်ရင်း ပွင့်ပြီး အဘယ်ခလုပ်က ပိတ်ပါသနည်း... ၇ နှစ်လွှာကို ရောက်ဖို့..
အဘယ်ခလုတ်က အလုပ်လုပ်ပါသနည်း.. 
မသိခြင်းများစွာဖြင့်... ကြောင်နေကြသည်..
အော်..အဲချိန်မှာ ကိုယ်က ယောကျာ်ားလေ 
မားမားမက်မက်ရပ်တည်ရမယ်မလား...
''အေး ငါလည်းသိဘူးဟ...''
ငင်.. နင်ကတော့ လုပ်ပီး..
''ဒါဆို ခဏစောင့်ဟာ တခြားလူလာရင် သူတို့ သွားတဲ့အတိုင်း လိုက်မယ်ဟာ...''
ကိုယ်တွေက ဘာမှသာမသိတာ.. သိက္ခာကတော့ ပထမဆုံးနေ့မှာ လုံးဝ အကျမခံနိုင်ပေါင်...
တော်ကြာ.. ဓါတ်လှေကားမစီးတတ်လို့ အဟားခံရတဲ့အဖြစ်..မဖြစ်နိုင်...
ဒါပေမယ့် ကံတရားက ကိုယ့်ဘက်မပါ.. ရုံးတတ်ချိန်မို့ ထင်ပါရဲ့.. မည်သူ တစ်ဦးတစ်လေမျှ..
ဆင်းမလာ .. တတ်မလာ.. နောက်ဆုံးတော့.. ကျန်တ်ာတို့ ဆုံးဖြတ်ချက် ချလိုက်တယ်...
လာဟာ ..ရိုးရိုးလှေကားကနေ တတ်မယ်.. ရွာမှာဆို အဲလိုတတ်တာပေါ့..ကျမ်းမာရေးပေါ့...
အေးပါဟာ.. ပထမဆုံးနေ့ အမှတ်တရပေါ့..
သူနဲ့ ကျန်တော်.. ခုနှစ်လွာသို့ ကုန်းကြောင်း 
ထီပေါက်သွားခဲ့လေတယ်..
မှတ်မှတ်ရရ...အဲဒါနဲ့.... ဒါနဲ့ ဒီလိုနဲ့ လိုက်ကာဖွင့်ပီ....
''သြော်.. မန်းလေးက လာတဲ့ ၀န်ထမ်းနှစ်ယောက်လား.. 
လာလာ မောင်လေးနဲ့ ညီမလေး...''
အဟုတ်သဟ... အရပ်ရှည်ရှည်နဲ့ သဘောကောင်းပုံရသော အမကြီး သုံးယောက်...
ဆံပင်ကောက်ကောက်လေးဖြင့်..လှပသော အမလေးတစ်ယောက်..
၀၀တုတ်တုတ် အသားဖြူဖြူနဲ့ အကိုကြီး တစ်ယောက်...
ဆံပင်ဖြောင့်ဖြောင့်လေးဖြင့်.. စကားပြောချိုသာသော အမ တစ်ယောက်...
အားလုံးကို .. လိုက်ငေးနေရတယ်...
''ဟဲ့.. နှာဗူးကျမနေနဲ့.. အလုပ်လာလုပ်တာနော်.. ငပု...''
''အေးပါဟ..နင်ကလည်း... သူတို့က ချောလို့ပါ.. တိတ်တိတ်နေစမ်းပါ..
ငါ့ကို ဆြာ မလုပ်စမ်းပါနဲ့...''
ကျန်တော်တို့ နှစ်ယောက်က ဦးသူ ဟောက်ကြေးလေ.. ဦးတဲ့သူက ဆရာပါပဲ...
ဒါနဲ့ ခုနက အမကြိးက ဆက်ပြောတယ်.. အခု အမတို့ အလုပ်ခန့်တာက .. ဒီဇိုင်း ဋ္ဌာနမှာ..၀န်ထမ်း ၁၂ ယောက်လေ.. ၁၀ ယောက်ကတော့ ဒီရန်ကုန်ကပါ.. ကျန်တဲ့ နှစ်ယောက်ကတော့ မန်းလေးက မောင်လေးနဲ့ ညီမလေး ပေါ့..
''ဟုတ်ကဲ့ပါ အမ.. ကျန်တ်ာတို့က တွေ့ရတာ ၀မ်းသာပါတယ်.. 
ဟုတ်ကဲ့ပါ အမတို့လည်းဝမ်းသာပါတယ်...''
စကားတွေကို ကောင်းလို့...
''အေးအေး မောင်လေးတို့.. ညီမလေးတို့ အသစ်တွေအားလုံး....
ငါးလွာမှာ ခဏ ဆင်းနေကြဦးနော်.. ပြီးရင် အမတို့ ခေါ်လိုက်မယ်....''
အိုကေလား.. ကျန်တ်ာတို့လည်း အသစ်လေးတွေဆိုတော့
ပျော်ရွင်စွာ..ငါးလွာသို့ ဆင်းခဲ့ကြသည်...
ငါးလွာမှာ ကိုယ်တွေ ၁၂ ယောက်ပဲ ရှိတယ်.. လူကြီး တစ်ယောက်တစ်လေမျှ မရှိ..
အဲတော့ ကိုယ်တွေအလွာပေါ့.. လုပ်ချင်တိုင်းလုပ်ကြမယ်ပေါ့.. 
သူ့မိတ်ဆက် ကိုယ့်မိတ်ဆက်..
ကျန်တ်ာတို့က အငယ်တွေဆိုတော့ ကျန်တ်ာတို့က စတင်တယ်..
''အဟမ်း .. အဟမ်း.. ''
''ဟဲ့ မိတ်ဆက်မှာလား ချောင်းဆိုးမှာလား ငပု..''
''သာနေစမ်း.. စကားပြောမလို့.. နင် မရှည်နဲ့ .. ပြီးငါ့ကို လူကြားထဲ ငါ့နာမည်အရင်းခေါ်..နာမည်လာမဖျက်နဲ့.. နင်သေမယ်..''
''အေးပါ နင် ပြောမှာသာပြော..''
''ဟဲ့ နင်တို့နှစ်ယောက် ရန်ဖြစ်မှာလား မိတ်ဆက်ကြမှာလား...''
ကျန်တ်ာတို့ နှစ်ယောက် ဆရာလုပ် စမံခုတ် နေတာကို သူတို့က ၀င်ထိန်းလိုက်ကြတယ်..
''အပြင်မှာတော့ ကျန်တာ့်နာမည် လင်းသီဟပါအမ.. သူငယ်ချင်းတွေကတော့ ကျန်တာ့်ကို ရုပ်ချောလို့ လင်းပုလို့ ခေါ်ပါတယ်..'' (ငင် ဘာမှမဆိုင် ၀င်ကြော်ငြာလိုက်တယ် တခါတည်း ဘယ်သူ့မှန်မှန် မှန်တဲ့သူထိပေါ့..ပစ်ပလိုက်တယ် ထိတဲ့သူ ကိုယ့်ဖူးစာရှင်းပေါ့..စိတ်ကူး ပြောပါတယ်)..
''အော်.. အော်.. အော်.. ဟုတ်ပါပီ မှတ်ထားလိုက်ပါ့မယ်ကွယ်..''
ရုပ်ချောတာ ထောက်ခံကြတယ် ထင်ပ့ါ..
အားလုံးမျက်နှာ ရူံ့မဲ့စွာဖြင့်...ပေါ့
''ကဲ့ ဟုတ်ပါပီ မိအဲ နင့်အလှည့် ပြော..''
''အော်..ဟုတ်.. စမီးက အိန့်မျက်ခြယ်ပါ.. ကျောက်ဆည် GTC က ပီးပါတယ်.. စမီးကော သူကောပါ...''
အမယ် ငါနဲ့သာ အာပြဲပီး ဆရာကြီး လုပ်တာ.. ဒီလိုကျတော့ ချိုသားသာဟ...
''သူကလေ ရုပ်ဆိုး အာပြဲ လစ်ရင်လစ်သလို ဆရာကြီးလုပ်ပါ...''
ကဲ ကျော်တို့ ပီးပီ.. အမတို့ အလှည့်...
စစချင်း မိတ်ဆက်တာက ရုပ်ဆိုးဆိုး ဆံပင်ဖြောင့်ဖြောင့်နဲ့ အမကြီး.. စာသီဒိုး ခေါ် စိုးသီတာ...
'' အမကလေ ပြောလို့ ဆိုလို ဆိုလို့ရှိရင်ပေါ့... မအူပင် ဂျီတီစီကပေါ့နော်.. အမတို့က အားလုံးသယ်ရင်းတွေတော့ဟုတ်ပါဘူး.. ဒီရောက်မှ ခင်ကျတာပေါ့နော်..''
အင်းမဆိုးဘူးဟ.. သဘောတော့ ကောင်းသား ရန်ကုန်သူတွေက. ရုပ်သာဆိုးတာ...
စိတ်ထဲမှာတော့ တွေးလိုက်တယ် .. ဘာလဲပေါ့.. 
ဆိုလို့ ဆိုလို့ရှိရင်ဆိုတာက.. သူက ပဲများတာလား သူ့စတိုင်လားပေါ့.. ကျောင်းတုန်းက ဖတ်ဖူးတဲ့ ၀တ္တုတွေထဲကလို့ သက်သက်ထွင်တာလားပေါ့...
ဘယ်ဟုတ်မလဲ နောက်မှသိတာ..စကားမပီတာ.. သူက...
အိုကေလား.. နောက်တစ်ယောက်
''အင်း.. အမကတော့.. နေရာတကာ နန့်တဲ့ မနန့်ငုစာကျော်မြင့်ပါ...''
အင်းအရပ်ကပု ရုပ်ကသာ ကြည့်မရတာ.. ဆံပင်ကတော့ အရှည်ကြီးဟ.. အင်း မဆိုးပါဘူး...
ကိုယ့်ထက်တော့ အသက်နည်းနည်း ကြီးတယ်..ကိစ္စ မရှိပါဘူးလေ.. ကြီးရင် မှီလို့ရတာပေါ့...
တွေးပလိုက်တယ် အစွန်းဆုံးထိ..
အင်း.. နောက်တရောက်အလှည့်....
'' အမ အီးပီပါ မောင်..အဲ.လေ ကေရည်မောင်ပါ.''
.. အမယ် နာမည်က တူးတူးသီချင်းထဲက နာမည်ပဲ..
လူကပိန်ပိန်လေးအတိုင်း စကားသံကလည်း တိုးတိုးလေးနဲ့.. (အစက ထင်တာကတော့ ပဲလေးနဲ့ ပြောတယ်ပေါ့).. .အင်း သူလေးလည်း မဆိုးပါဘူး...
''အ၀ှာလေ.. အမနာမည်က ၀င်းမင်းသိန်းပါ.''
. ဟင်.. ဘာလဲ..ယောက်ျာလေးနာမည်ကြီး..
ဘာလဲပေါ့ ..သူ့အိမ်က သူမွေးခါနီး သားလေး လိုချင်တာ သမီးလေး ဖြစ်သွားလို့..
ပေးပီးသာနာမည် စဉ်းစား၇မှာ ပျင်းလို့ ဒီအတိုင်းပဲ ပေးလိုက်တယ် ထင်ပါရဲ့..
လူကသာ အရပ်ပုပု ဆံပင်တိုတို ဂင်တိုတိုနဲ့ မထင်ရင် မထင်သလို ထရိုက်မယ့်ရုပ်...
''တို့နာမည်က ခိုင်မွန်က... တို့က ရန်ကုန်ကလေ.. ''
အမယ်.. တ တို့ တို့ နဲ့.. ဒီတယောက်က အလာသားဟ...ဘာလား ညာလားပေါ့..
အိုကေလား ဒီတယောက်ဆိုရင်တော့ မဆိုးဘူးဟ.. ကဗျာ ဆန်တယ်...ပေါ့.. တွေးလိုက်ပြန်ရော...
''အမနာမည်က ခိုင်မြင့်သူပါ မောင်လေးနဲ့ ညလေး.. တွေ့ရတာ ၀မ်းသာပါတယ်..''
အသားဖြူဖြူနဲ ဆံပင်ဖြောင့်ဖြောင့်နဲ့ ကြည့်ကောင်းသားဟ
(စိတ်ဆိုးမှာ ကြောက်လို့ ချောတယ်တော့ ပြောလိုက်တယ်)
'' သိလား.''. (မသိဘူး..ဟုတ်တယ်လေ.. ဘာမှမပြောရသေးဘူး သိလားက စပြောတာ)
'' အမကလေ ၀ါဝါမျိုးလို့ ခေါ်ပါတယ်..သူငယ်ချင်းတွေကတော့ ၀ါဝါ လို့ ခေါ်ပါတယ်... အိမ်ကတော့ ၀ါလေး လို့ ခေါ်ပါတယ်..'' (အော် အရပ်ရှည်သလောက် စကားလည်း တော်တော်ရှည်သကိုး)
ဆံပင်ကောက်ကောက် အရပ်၇ှည်ရှည် အသားဖြူဖြူ ရုပ်ဆိုးဆိုး အမ တစ်ယောက် သူ့ဘာသူ မိတ်ဆက်ခြင်းကို ကျန်တ်ာက လိုက်တွေးနေခြင်းပါ...
ကဲ နောက်တယောက် လားထား..
''အမက ပိန်ပိန်ပါမောင်.. အဲလေ.. အမက သင်းမြအေပါ.. တချို့ကတော့ သင်းသင်းလို့ ခေါ်ပါတယ်..မောင်လေးလည်း ရင်းနှီးသလို ခေါ်လို့ရပါတယ် မောင်လေး..''
အမယ်.. အထာလေးတွေနဲ့ ..မဆိုးဘူးဟ.. ဒီတစ်ယောက်ကိုတော့ တစ်မှတ် ပိုပေးလိုက်ပီ...
လိုက်မယ့်စာရင်းထဲမှာ...
ကဲ နောက်က..
'' အမကြီးက တင်တင်ထွေးပါ မောင်လေး.. ''
ဟုတ်ကဲ့ပါအမ..
သူ့ကိုတော့ ချိန်မယ့်စာရင်းထဲ မထည့်တော့ပါဘူး..သူက ကိုယ့်အမ အရွယ်လေ...
''အကိုကတော့အထီးပါ.. 
အမတွေများတော့... မသိမှာစိုးလို့ပါ..
စတာ အကို့နာမည်က မန်းသူပါ ညီ...နဲ့ ညီမ..''
(င်နာမည်ကလည်း.....သူ့အိမ်က ကားထောင်တယ် ထင်ပါရဲ့..လိုင်းကားနာမည်ကြီးလေ ..အဲတုန်းက... တွေးမိတာ)
ဟုတ်ကဲ့ရပါတယ်အကို.. အမတွေကြားမှာ အထီးက သူရယ် ကျတော်ရယ်.. နှစ်ယောက်ပဲ ပါတယ်ဆိုတော့.. ကိုယ်တွေက တည့်အောင် ပေါင်းထားမှ ဖြစ်မယ်..
အဲဒါမှ ကိုယ်မဟုတ်တာ လုပ်တာ လူမသိမှာ...
သူတို့က တယောက်ပီး တယောက်မိတ်ဆက် ကိုယ်ကတည်း တယောက်ပီးတယောက် ချိန်...
ချိန်လိုက်ရင် လွဲမယ် သူများနောက်ပါမယ်...ဆိုတာ
သိသိကြီးနဲ့ကို ချိန်တုန်းပဲ..ခုချိန်ထိ
--------------------------------------------------
ကဲ မိတ်ဆက်တဲ့ အလုပ်တွေ ပီးပီ.. လူကြီးတွေကလည်း မလာဘူး.. 
အဲတော့ တို့တွေ ဘာလုပ်ကြမလဲ..
စပီး အဆိုတင်သွင်းသူက.. ခုက ဆိုလို့ ဆိုလို ဆိုလို့ရှင် ရှပ်ပြာသခင် စာသီဒိုး...
အဲဒါဆို စိန်ပြေးလိုက်တမ်း... အာလူးနိုက်တမ်း.. ဘာတိုင်းညာတိုင်း.. ထွက်လာကြတာ အများကြီးပဲ...
သိပ်မဆော့ချင်ကြရှာဘူး.. အလုပ်ချိန်မှာ..
တစ်ယောက်တမျိုး ပြောနေကြတဲ့အထဲမှာ..
ကျန်တ်ာကတော့ အိပ်မယ်ပေါ့.. ကိုယ်တွေက အေးဆေး နေတတ်တဲ့ သူမျိုးလေး.. မွေးကတည်းက..
ရုပ်ချော အေးဆေး ဇာတာက ပါပီးသား..ထင်ပါရဲ့..
ဒါပေမယ့် မရပါဘူး.. သာသနာဖျက် မိအဲက အဆိုတင်သွင်းလိုက်တယ်..
ရုပ်ရှင်ဖွက်တိုင်း ဆော့မယ်တဲ့...
အားလုံးကလည်း ဘာလာလာဒေါင်းမယ့် သူတွေထင်တယ်.. ဟေး ၀ါး.. သဘောတူတယ်ပေါ့...
အဲဒါနဲ့.. ငါးလွှာက နိုင်ငံခြားသားတွေလာရင် အစည်းဝေးလုပ်တဲ့အခမ်းက ကျန်တ်ာတို့ ၀န်ထမ်း အသစ်စက်စက်လေးတွေရဲ့.. ရုပ်ရှင်ဖွက်တမ်း ဆော့တဲ့.. happy world အသွင် ခဏ ပြောင်းထားလေးရဲ့...
အဲတော့ သိတဲ့အတိုင်း ၂ ဖွဲ့ခွဲ.. ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့... အဓိက ဦးဆောင် ငြင်းတဲ့သူကတော့...လား.. တစ်ယောက်ထဲမဟုတ်ဘူး...
အားလုံးပဲ..
အဲကျမှ သိရတာ အားလုံးက ဇရှိလို့ ဇစ်ဖြုတ်တဲ့... ဇော်တွေချည်းပဲ ..နာမည်ကသာ တစ်ယောက်မှ ဇော်လို့ မပါတာ...
ဆရာကြီးတွေချည်းပဲ.. ဦးတဲ့သူက ဆရာဆိုတာ နေရာတိုင်းမှာပါလား ဆိုတာ..သိလိုက်ရပါရဲ့...
အဲတော့ ငြင်းကြတယ်..ခုန်ကြတယ်...
ဘယ်လောက်တောင် အငြင်းကောင်း အခုန်ကောင်း အဆော့ကောင်းသလဲဆိုတော့...
ဒီဇိုင်းဋ္ဌာနက ချုပ် အန်ကယ်ကို အတိုင်ခံလိုက်ရတယ်.. လေးလွာကနေ တဒုန်းဒုန်းနဲ့ ဆူတာ ကြားရသတဲ့...
ဝန်ထမ်းသစ်တွေက ဘာဖြစ်တယ် ညာဖြစ်တယ်.. ဘာဖြစ်လား ညာဖြစ်လား ပေါ့...
ကဲပါ.. တစ်ရက်ဆိုလည်း တစ်ရက်ဆိုသလောက်.. စည်းလုံးညီညာ အောင်ကြောင်းဖြာ ပြလိုက်တယ်..
နည်းနည်းတော့ သွေးလန့်သွားအောင်ပေါ့...
သူတို့ သွေးလန့်လား မလန့်လား မသိဘူး.. နောက်ရက် ဟိုနေ့က ဆော့တဲ့အခမ်း တာဝန်မှအပ မ၀င်ရ..
အပိတ်ခံလိုက်ရလေရဲ့..
ကဲလေ.. ဆော့မရတော့ နောက်တနည်းပေါ့.. အားလုံး စဉ်းစားကြစမ်း..စဉ်းစားကြစမ်း...
အကြံနီ အကြံနက် အကြံပြာ အကြံဝါ အကြံ ကာလာစုံပေါ့...
အဲမှာ အဆို တင်သွင်းတာက ကျတော်..
ကျန်တော့်ရဲ့ ဖေ့ဖ၇ိတ်ဖုက ထမင်းသုတ်လေ.. အဲတော့ ထမင်းသုတ်တော့ ဆြာတဆူပဲ...
သူများအတွက်..ကောင်းမကောင်း ကြိုက်မကြိုက် တော့မသိဘူး.. ကိုယ်လုပ်တာတော့ ကိုယ်ကြိုက်တယ.်...
ကိုယ်ကောင်းတယ်.. မဟုတ်လည်း.. လွင့်ပစ်ပီး အမိုက်ပုံလာစားတဲ့ ကိုယ်နဲ့ခွေးပဲ နှပါးသွားရမှာ....
အဲတော့ ကိုယ်တွေက စောစောက ပြောသလို အလုပ်မလုပ်ရ ပီးေ၇ာ...
ကျန်တာ ဘာလာလာ ဒေါင်းဆိုတော့.. သဘောတူတယ်ပေါ့..
အဲချိန်မှာ ကိုယ်က အငယ်ဆုံးဆိုပေမယ့်..မန်းလေးက လာတော့..ဘာရယ်ညာရယ်မဟုတ်.. မန်းလေးထမင်းသုပ် ဆရာကြီးပါ...
နောက်ရက် ရုံးချိန်မှာ လုပ်စားမယ့် မုန့်တွေကလည်း အများသား....
လက်ဖက်ထမင်း၊ ထမင်းသုပ်၊ မုန့်တီသုပ်၊ လက်ဖက်သုပ် တွေပေါ့...
အဲမှာ ဂျုတီတွေ အဆိုင်းတွေ ခွဲပလိုက်တယ်...
မတင်ထွေး --- ပဲမူန့် ဆား ဟင်းချိုမူန့် နည်းနည်းစီ
မ၀င်းမင်းသိန်း - သရက်သီးအစိမ်း နံနံပင် (တရုတ်+ဗမာ) ငရုတ်သီးစိမ်း ကြက်သွန်နီ သံပရာသီး
မ၀ါဝါမျိုး - ပဲပုတ်ထောင်း ဂျင်း ကြက်သွန်ဖြူ
မစိုးသီတာ - ကြက်ဥကြော်+ပြုတ် ၅ လုံးစီ
မခိုင်မြင့်သူ - ပဲပြုတ်
မနန့်ငုဇာကျော်မြင့် - ဆီချက် စွန်တန်ဟင်းရည်
မိအဲနဲ့ ကျန်တော် - မုန့်တီဖက် ဆော့အချဉ်
မခိုင်မွန် - ပဲကပ်ကြော် ဗယာကြော်
မသင်းမြအေ - ပဲကပ်ကြော် ဗယာကြော်
ကိုမန်းသူ - လက်ဖက်အစို သရက်သီးဆီစိမ်
မကေရည်မောင် နှစ်ပြန်ကြော်..
နောက်ရက် မနက် ရုံးတက်တော့ ပစ္စည်းတွေ အထုပ်တွေ အားလုံး ကိုယ်စီကိုယ်စီနဲ့ ကိုယ့်အတွေးတွေနဲ့ကိုယ်. ပြုံးစိ ပြုံးစိနဲ့ ရုံးတတ်ကြလေရဲ့...
အမ တွေကလည်း ထင်နေမယ် ဒီအခွက်တွေ ဘာဖြစ်နေကြပီလဲ..
ဒီနေ့ ဘာသောင်းကျမ်းအုန်းမလဲပေါ့...
မဟုတ်ပါဘူး အမရယ်.. ကျန်တော်တို့က အမတို့ကို လုပ်တတ်တာလေး လုပ်ကျွေးချင်လို့ပါဗျာ...
စေတနာတွေပါ..လေ.. ဇီးရွက်လောက်မျက်နှာလေးတွေနဲ့.. အမတွေကို ပုလဲတွေ ခပြလိုက်တယ်..
ကဲကဲ..စမယ်.. ပစ္စည်းတွေက စုံနေပီ..
အဲမှာ ပြသနာစတတ်တာက...
အဲ ပါလာတာတွေကို ဘာနဲ့ ဘယ်ထဲ ထည့်နယ်ကျမှာလဲ.. အားလုံးက ချိုင့်တွေတော့ ပါကြပါရဲ့. ဒါပေမယ့် အများကြီး ဘယ်လို ထည့်သုတ်မလဲ.. အဲမှာ အားလုံး ရှပ်ပြာရှပ်ပြာနဲ့ ရှာကြဖွေကြလေရဲ့..
'' တွေ့ပီဟေ့.. တွေ့ပီဟ..''
ဘာလဲပေါ့.. အော်လာတာက မစာသီဒိုး...
လက်ထဲမှာက ခုနှစ်လွာမှာ မိုးရေတွေစုခံတဲ့ ကော်ဇလုံကြီး...
''ဟာနင်ကလည်း ရူးနေလား.. စားမှာဟ စားမှာ''
အေးဟာ နင်ကလည်း နင့်အကျင့်တွေ မပျောက်သေးဘူးလား.. 
တွေ့ကရာ ခွက်ဆွဲတာ
အေးပါဆို.. ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့...
အားလုံးကို ၀ိုင်းပီး ထောပနာ ပြုနေကြတယ်..
သူမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆရာလုပ်တာတော့ ခံ၇မှာပဲလေ...
သူလည်း ဒေါပွသွားတယ်..ဟုတ်တယ်လေ ကြိုးစားပမ်းစာ ရှာလည်းလာရသေးတယ်..
ဝိုင်းပြောရမလား ဆိုပီးတော့ပေါ့..
အေး နင်တို့ မသုတ်ချင်လည်းနေ.. ငါပြန်ထားလိုက်မယ်..ရှာမကူတော့ဘူး 
နင်တို့ လုပ်ချင်တာလုပ်ဟေ့.. ဆိုပြီး 
စိတ်ဆိုးတဲ့ အထာနဲ့ ဇတ်တောက် ဇတ်တောက်နဲ့ ထွက်သွားလေးရဲ့..
အဲခါကျမှ ကျတော်တို့လည်း ပြန်ချော့ပြီး.. နောက်ဆုံး ရွေးစရာမရှိ အဲ ဂျီးအထပ်ထပ်နဲ့ မိုးရေခံ ဇလုံး အစုတ်ကြီးကို ဆေးကြော သုတ်သင် ပြီး သုတ်ကြတယ်..
နောက်ဆုံးတော့ .. ဟိုဟာနည်းနည်း ထပ် ဒီဟာနည်းနည်းထည့် မြည်း..လိုက် ထည့်လိုက်နဲ့..
ထမင်းသုပ်တော့ ဖြစ်သွားလေရဲ့...
ပီးရော အန်ကယ်တွေ အမတွေကို ကျွေးကြတယ်.. အမယ် ရှလွတ် ရှလွတ် တယ်ကောင်းတယ်ဆိုပဲ...
တော်ပါသေးရဲ့.. သူတို့ကို မိုးရေခံ ဂျေးထူ ကော်ဇလုံ အစုတ်ကြိး အကြောင်း မပြောမိလို့..
မပြောဖြစ်ကြတဲ့.. ကျန်တော်တို့ မျက်နှာတွေမှာတော့ ပြုံးစိ ပြုံစိ နဲ့......
ခုတော့ ဒီစာဖတ်ရင်း သိသွားလောက်ပီ..
ဆောရီးပါနော်... အန်ကယ်တို့ အမတို့...
----------------------------------------------------------------------
တကယ်ဆို အမှတ်တရတွေက များလွန်းလို့ ရေးရင် တစ်ထောင့်တစ်ည ပုံပြင်တွေပါ..
အမှတ်ရဆိုတာ အကောင်းတွေထက် လွဲတာတွေ မဟုတ်တာတွေ အန်ကယ်တွေကို စတာတွေကအများသား... ဖုန်းခိုးဆက်တာတွေ..ကွန်ပြူတာခိုးသုံးတာတွေ..အန်ကယ်ကွန်ပြူတာကနေ ၈ျီတော့ခိုးသုံးတာတွေ.. အန်ကယ်ကော်ဖီတွေယူသောက်တာတွေ.. ၀န်ထမ်းအသစ်ချက်ချွတ်လေးက ၀န်ထမ်းအဟောင်းတွေနဲ့ ရန်ဖြစ်တာတွေ.. ကုမဏီအကြီးဆုံး MD ကြီးကို.. ဂျိုပေးသော အကြည့်တွေ..ပုဆိုးဝတ်ပြီး အမကို သင့်တော်၏ မသင့်တော်၏ ပြတာတွေ..စသဖြင့်..စသဖြင့်..ပါ...
လွန်ခဲ့သော တချိန်က ကျောင်းပီးပီးခြင်း စ၀င်သော အလုပ်မှာ သိရာမှ ခုချိန်ထိ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ...ခုချိန်ထိ ခင်မင်ကာ ဆွေမျိုးတပိုင်းလို ဖြစ်နေကြသော သူငယ်ချင်း အကို.. အမ များသို့....

No comments:

Post a Comment