<<< ကုသိုလ်ဖြင့် နေ့စဉ်ပူနွေးစေသော စုဘူးလေး >>>
မိမိ၏ ၀င်ငွေမှ ..နည်းသည် များသည် အဓိက မဟုတ်ပဲ...
အဓိဋ္ဌာန် သဘောဖြင့်...ပိုက်ဆံ ပမာန တစ်ခုကို...
နေ့စဉ်မပျက် စုဘူးဖြင့်စုပါ...
ထို့နောက်..ဘုရားရှိခိုးပြီးစဉ်.နူတ်မှ...
ယခုကျန်နုပ်၏ ဤ၀င်ငွေစုဆောင်းပြီး ရရှိသော..
ဤပိုက်ဆံများအား..ဘုရား တရား သံဃာ ရတနာသုံးပါး
ကိစ္စမှ လွဲ၍ တခြားနေရာတွင် မည့်သည့် အကြောင်းကိစ္စဖြင့်ပါ မသုံးပါဟု..
အဓိဋ္ဌာန်ပြုရမည်... ထို့နောက် ရရှိသော ပိုက်ဆံအားလည်း...ဘုရားတရား သံဃာ ရတနာ သုံးပါး နှင့်သက်ဆိုင်သောကိစ္စ လှူဒါန်းသော ကိစ္စတွင်သာ သုံးရမည်...

ထိုအခါ အသင်မိတ်ဆွေသည်...ရရှိသော ပိုက်ဆံဖြင့်.. လှူဒါန်းကုသိုလ်ပြုနိုင်မည်...
ထို့အပြင်.. ဆက်တိုက်ဖြစ်နေသော နေ့စဉ်ကုသိုလ်ကြောင့်...
ကျွဲကူးတော့ ရေပါ ဆိုသလို အထူးအထွေ...ဆုတောင်းစရာ မလိုပဲ...
ပိုက်ဆံကိစ္စနှင့် ပတ်သက်ပြီး ဘ၀မှာ မည်သည့်အခါမျှ အခက်အခဲနှင့် ကြုံတွေ့ရမည်မဟုတ်ပါ.....ကြုံတွေရသည်ဆိုအုန်းတော့...ကူညီဖြေရှင်းပေးမည့် သူက အဆင့်သင့်ဆိုတာ... လက်တွေ့ သိလာရပေလိမ့်မည်...

လွန်ခဲ့သော လေးနှစ်ခန့်မှ အသိမိတ်ဆွေ အမ တစ်ယောက် ပြောပြသော နည်းလမ်းလေးမှာ..
ယခုထိ ပူနွေးနေသော ကုသိုလ်တစ်ခုအား မျှဝေရင်းဖြင့်.
No comments:
Post a Comment