နေညိုချိန်တွင်
ငါ ဆံပင်တွေ ဖြူ ချေ ပြီ ။
ညဥ့်ကနက်၍
သစ်ရွက်ခြောက်များ ဝါယော်လျက် ။
နွေဦးသစ်ကိုင်း ညို ညစ်မှိုင်း၏
ကျေးငှက်လည်းအိပ် ငြိမ်တိတ်ဆိတ် ။
ပြက္ခဒိန်တရွက် အသက်တရစ်
တက်သစ်ခြင်းလား ဆုတ်ခြင်းလားဟု
မလှည့်ဖျားလို ငါလည်းအိုပြီ
အညို အဖြူ ဝါနက်နက် ။
လလည်းမွန်းယိမ်း လုပ်ငန်းသိမ်းပေါ့
အငြိမ်းယူကာ နားစက်ပြီ ။
အိုခြင်းဒုက္ခ ကျ ခြင်းဘေးဒဏ်
ငါလက်ခံအံ့
ကံကြမ္မာတည်း ငါမညည်းဘူး
ပစ္စည်းသိမ်းလော့ ဒီမှာသော့ ။ ။
ဆရာကြီးတင်မိုး
(ရှုမ၀မဂ္ဂဇင်း၊ ၁၉၇၅ ခု၊ ဖေဖော်ဝါရီ)
No comments:
Post a Comment