Saturday, 5 August 2017

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်.....


ခွင့်သာခိုက်မှ မလိုက်ချင်လျှင်.....
ငါးအာရုံ ဘင်စု ခင်မှု့နဲ့နေကုန်
နင် ယခုမေ့ပုံလို တွေ့မကြုံစခန်း..
ပါယ်လေးဝ သောကဘုံမှာ ..
မျောရရုံ ရှိတော့ခမန်း ..
..အောက်အဝီစိသောင်းအငူမှာ ခေါင်းမပြူစတမ်း
နှစ် အရှည် နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာ ထင်လင်း ရယ်နှင့်
နင်အဖြင်း ပိုထက်သာပို..
..သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပြစ်လို့
နောင်အသစ် တကယ်ပြင်လျင်
ကောင်းဖို့အစဉ်
ခွင့်သာခိုက်မှ မလိုက်ချင်လျင် ကောင်းဖို့အစဉ်
ခွင့်သာခိုက်ကမှ မလိုက်ချင်လျင်
အမိုက် နင့်ပြင် ရှိသေးလိမ့်လား..
ခွင့်သာဆဲမှမခဲချင်လျင်
အလွဲနင်ပြင် ရှိသေးလိမ့်လော
ခွင့်သာတုံးမှမရုန်း ချင်လျင်
အရှုံး နင့်ပြင် ရှိသေးလိမ့်လား...
(ကျေးဇူးရှင် လယ်တီဆရာတော်ကြီး)

No comments:

Post a Comment