Tuesday, 1 August 2017

သရက်စိုက်ပျိုးခြင်း

Hight Density PlantingSystem

(HDPS) ဆိုသည်မှာ အပင်များကိုထူထပ်သိပ်သည်းစွာစိုက်ပျိုးသောစနစ်ဖြစ်ပါသည်
အပင်များကိုထူထပ်သိပ်သည်းစွာစိုက်ပျိုးခြင်းဖြင့်သီးထွက်နှုန်းကောင်းပြီးစီးပွားရေးအရတွက်ချေကိုက်ပါတယ် အသီးများ၏အရေအသွေးကိုမြင့်မားလာစေနိုင်ပြီး ပြုစုစောင့်လျှောက်ရသောကုန်ကျစာရိတ်များကိုလည်းလျှော့ချပေးနိုင်ပါလိမ့်မယ်
သမရိုးကျသရက်စိုက်ပျိုးရာတွင်ပင်ကြားတန်းကြားများကို၂၀ပေ×၂၀ပေ ၂၅ပေ×၂၅ပေ ၃၀ပေ×၃၀ပေ ခြားပြီးစိုက်ပျိုးခဲ့ကြပါတယ် တစ်ဧကအပင်ဝင်ဆန့်မှု့များကတော့ ပေ၂၀ပါတ်လည်စိုက်ပျိုးလျှင် (အပင်၁၀၀) ပေ၂၅ပါတ်လည်ဆိုလျှင်
(အပင် ၇၀) ပေ၃၀ပါတ်လည်ဆိုလျှင် (အပင်၅၀ )လောက်သာဝင်ဆန့်ပါသည်
အပင်များကိုထူထပ်သိပ်သည်းစွာစိုက်ပျိုးသောစနစ်
တွင် ပင်ကြားတန်းကြားကို ၆ပေ×၉ပေ (တစ်ဧက အပင် ၈၀၀) ၁၀ပေ×၁၀ပေ (တစ်ဧက ၄၃၀) ၁၀ပေ×၁၂ပေ(တစ်ဧကအပင် ၃၅၀)သာထားပြီးစိုက်ပျိုးကြပါတယ် တစ်ဧကအပင်ဝင်ဆန့်မှု့များလာပြီး
သီးထွက်နှုန်းလည်းကောင်းလာပါတယ်
ဥပမာ ပေ၂၀ပါတ်လည်စိုက်ပျိုးလျှင် အပင် ၁၀၀
ဝင်ဆန့်ပြီး တစ်ပင် ၁၀လုံးယူလျှင် အသီးပေါင်း
(၁၀၀၀)ရမှာဖြစ်ပါတယ် ၁၀ပေ×၁၂ပေ စိုက်ပျိုးလျှင် အပင်၃၅၀ ဝင်ဆန့်ပြီး တစ်ပင် ၁၀လုံးယူလျှင်အသီးပေါင်း(၃၅၀၀)လုံးရရှိမှာပါ တစ်ဧကအသီးထွက်နှုန်းပိုလာမှာဖြစ်ပါတယ်
အပင်များကိုထူထပ်သိပ်သည်းစွာစိုက်ပျိုးရေးစနစ်မှာ
ကိုင်းဖြတ်ကိုင်းညှပ်နည်းစနစ်ကိုအဓိကကျင့်သုံးပေး
ရပါမယ် ကိုင်းဖြတ်ကိုင်းညှပ်နည်းစနစ်မှာ ပထမအကြိမ်အဖြစ် မြေပြင်မှ အစေ့ပျိုးဆိုလျှင် ၂ပေ
ကိုင်းဆက်ပျိုးပင်ဆိုလျှင် ၂ပေခွဲ ၃ပေ မှဖြတ်ရပါမယ်
ဖြတ်ပြီးထွက်လာသည့်အညွန်ု့သစ်များမှသန်မာပြီးဖို
ခနောက်ဆိုင်ဖြစ်သောကိုင်းသုံးကိုင်းကိုသာမွေးမြူရ
မှာဖြစ်ပြီးကျန်အကိုင်းများကိုဖယ်ရှားဖြတ်ပြစ်ရပါ
မယ် ဒုတိယအကြိမ်အဖြစ် မွေးမြူထားသောကိုင်း
သုံးကိုင်းကို ကိုင်းရင်းမှတစ်ပေခွဲအမြင့်တွင်ဖြတ်
ပေးရပါမယ် နောက်အကိုင်းသုံးကိုင်းစီမွေးမြူပြီးကျန်
အကိုင်းများဖြတ်ထုတ်ဖယ်ရှားပေးရပါမယ် ဒီအကြိမ်
တွင်ကိုင်း ၉ကိုင်းရရှိမှာဖြစ်ပါတယ် ဆက်ပြီးတတိယ
အကြိမ်အဖြစ် ကိုင်း ၉ကိုင်းကို ကိုင်းရင်းမှ တစ်ပေ
အမြင့်တွင်ဖြတ်ပြီး ထုံးစံအတိုင်းကိုင်းသုံးကိုင်းစီ
ထပ်မံမွေးမြူရပါမယ် ၎င်းအကြိမ်တွင်ကိုင်ပေါင်း ၂၇
ကိုင်းကိုရရှိပြီဖြစ်ပါတယ် နောက်အဆင့်များတွင်
လည်း ကိုင်းမှတစ်ပေအမြင့်တွင်ဖြတ်ခြင်းကိုင်းသုံး
ကိုင်းမွေးမြူခြင်းတို့ကို ၇ကြိမ်ပြုလုပ်ပေးရပါမယ်
၇ကြိမ်ပြုလုပ်ပေးခြင်းဖြင့် ကိုင်းပေါင်း(၂၁၈၇)ကိုင်း
ရရှိမှာဖြစ်ပါတယ် (၃×၃×၃×၃×၃×၃×၃=၂၁၈၇)
ကိုင်းဖြတ်ကိုင်းညှပ်စနစ်ဖြင့်ပြုပြင်ထားခြင်းမရှိသော
အပင်မှ၎င်းကိုင်းအရေအတွက်ရရှိရန်မှာ အချိန် ၁၅
နှစ်ခန့်ကြာမြင့်နိုင်ပါတယ်
အပင်ကျဲစိုက်ပျိုးသောအပင်များတွင်အနဲဆုံး
တတိယအကြိမ်ထိကိုင်းဖြတ်ကိုင်းညှပ်စနစ်ကိုအသုံးပြုသင့်ပါတယ် အပင်ဝိတ်ကိုညီစေပြီးလေဒါဏ်မိုးဒါဏ်ကိုအတော်အသင့်ခံနိုင်ပါလိမ့်မယ်
ကိုင်းဖြတ်ကိုင်းညှပ်စနစ်ဖြင့်အပင်များအားအမြင့်
၁၀ပေ/၁၂ပေ မှာထိမ်းထားရပါမယ်သို့မှသာအပင်များအားဆေးဖျန်းရာတွင်နှံ့နှံ့စပ်စပ်ပတ်ဖျန်းနိုင်မှာ
ဖြစ်သလို အသီးအိတ်စွပ်ခြင်း အသီးခူးစွတ်ခြင်းလုပ်
ငန်းများတွင်လွယ်ကူချောမွေ့ပြီးအရေအသွေးကောင်းသောသရက်သီးများရရှိနိုင်ပါမယ်
အရေအသွေးကောင်းသောသရက်သီးများပိုင်ဆိုင်နိုင်ကြပါစေ


credit_ Royal Orchard Facebook page









No comments:

Post a Comment