'အေးလိုက်တာ' လို့
အသံတိုးတိုးလေးတွေနဲ့ညည်းကြတယ် . .
သူတို့သင်္ကန်းတွေလှမ်းကြည့်လိုက်တော့
ပါးလှပ်နွမ်းဖတ်လို့
အသံတိုးတိုးလေးတွေနဲ့ညည်းကြတယ် . .
သူတို့သင်္ကန်းတွေလှမ်းကြည့်လိုက်တော့
ပါးလှပ်နွမ်းဖတ်လို့
ရေ နွေးလာတောင်းကြတယ်
တစ်ပါးပါးတော့ ဖျားပြန်ပြီ ထင် ပါရဲ့
တစ်ပါးပါးတော့ ဖျားပြန်ပြီ ထင် ပါရဲ့
ရွာက လာကြရှာတော့ သူတို့ပါလာတဲ့
ငါးထောင် တစ်သောင်းလောက်က
သူတို့အဖျားတွေကို ဘယ်အတိုင်းအတာထိ
ပျောက်အောင် ဖျောက်ပေးနိုင် မလဲ ?
ငါးထောင် တစ်သောင်းလောက်က
သူတို့အဖျားတွေကို ဘယ်အတိုင်းအတာထိ
ပျောက်အောင် ဖျောက်ပေးနိုင် မလဲ ?
ကိုယ့်စောင်လေး ကိုယ်ခြုံ
ကိုယ့် ဆေးနီကြော်လေး ကိုယ်ငုံရင်း
အဖျားဒဏ်ကို ခံကြရရှာတယ်
ကိုယ့် ဆေးနီကြော်လေး ကိုယ်ငုံရင်း
အဖျားဒဏ်ကို ခံကြရရှာတယ်
ဘဝ ပေးဆိုတဲ့ကံတရားက
သံဃာ အားလုံးကိုတော့
မပြည့်စုံစေနိုင် တာအမှန် . . .
သံဃာ အားလုံးကိုတော့
မပြည့်စုံစေနိုင် တာအမှန် . . .
သင်္ကန်းနွမ်းနွမ်းလေးတွေ
ခြုံစောင်ဟောင်းဟောင်းလေးတွေနဲ့
မနက်၎နာရီက ည၁၁နာရီဆိုတာကို
ဖြတ်ကျော်ကြရတယ် . . .
ခြုံစောင်ဟောင်းဟောင်းလေးတွေနဲ့
မနက်၎နာရီက ည၁၁နာရီဆိုတာကို
ဖြတ်ကျော်ကြရတယ် . . .
နေ့စဉ်လိုလိုရွာနေတဲ့မိုးတွေအောက်မှာ
သင်္ကန်းတွေက . . . စို
လဲစရာအပိုအလိုလည်း သိပ်မရှိတော့
သင်းပိုင် ကို ကိုယ်မှာခြုံလို့ခြုံ
ကိုယ်ပတ် ကို ခါးမှာ ပတ်လို့ပတ်
ကိုယ့်ပြဿနာကိုယ် ရှင်း
မိုးတွင်းဆိုတာနဲ့စစ်ခင်းနေကြရတယ် . .
သင်္ကန်းတွေက . . . စို
လဲစရာအပိုအလိုလည်း သိပ်မရှိတော့
သင်းပိုင် ကို ကိုယ်မှာခြုံလို့ခြုံ
ကိုယ်ပတ် ကို ခါးမှာ ပတ်လို့ပတ်
ကိုယ့်ပြဿနာကိုယ် ရှင်း
မိုးတွင်းဆိုတာနဲ့စစ်ခင်းနေကြရတယ် . .
အဆိုးဆုံး သီတင်းတစ်ပတ်
မိုးတွေရွာလို့ ဆွမ်းခံမထွက်ကြရဘူး
ကိုရင်လေးတွေ ဘယ်လိုဘုန်းပေးလဲ
သွားကြည့်မိတော့ . . .
ရင် ထဲ 'ဆို့ခနဲ'ဖြစ်သွားတယ်
မိုးတွေရွာလို့ ဆွမ်းခံမထွက်ကြရဘူး
ကိုရင်လေးတွေ ဘယ်လိုဘုန်းပေးလဲ
သွားကြည့်မိတော့ . . .
ရင် ထဲ 'ဆို့ခနဲ'ဖြစ်သွားတယ်
ဆွမ်းကျောင်းက ကပ်တဲ့ သပိတ်တစ်လုံးစာ
ဆွမ်းတွေပေါ်မှာ
မက်မန်းသီးလေးတွေပုံ
ဒါ . . . နံနက်အာရုဏ်တဲ့
ဆွမ်းတွေပေါ်မှာ
မက်မန်းသီးလေးတွေပုံ
ဒါ . . . နံနက်အာရုဏ်တဲ့
တကယ် စာအံ . . . တကယ်စာကျက်
တကယ် ဆွမ်းခံထွက်ပြီး
တကယ်ပင် ပန်းနေတဲ့ သူတို့လေးတွေအတွက်
ဒါ . . ကံတရားက ကပ်တဲ့ဆွမ်းတစ်နပ်လား ?
တကယ် ဆွမ်းခံထွက်ပြီး
တကယ်ပင် ပန်းနေတဲ့ သူတို့လေးတွေအတွက်
ဒါ . . ကံတရားက ကပ်တဲ့ဆွမ်းတစ်နပ်လား ?
မက်မန်းသီး ငါးဆယ်တန်အတွဲလေးတွေ
ကျောင်းကခူးထားတဲ့
ဆီးပူသီးအခိုင်လေးတွေက
သူတို့ဘဝအတွက် အာဟာရလား ?
ကျောင်းကခူးထားတဲ့
ဆီးပူသီးအခိုင်လေးတွေက
သူတို့ဘဝအတွက် အာဟာရလား ?
စိတ် မ ကောင်းစွာနဲ့ ဆုတောင်းမိတယ်
ပြည့်တဲ့အိုးတွေရေလျှံကျ နေကြချိန်မှာ
လှုပ်လှီလှုပ်လှဲ့ သူတို့အိုးထဲက ရေ လေးတွေ
သာသနာ ခရီးတစ်လျှောက်
်ရည် မှန်းချက် မ ရောက်ခင်
မခမ်းခြောက် ပါ စေ နဲ့လို့

ပြည့်တဲ့အိုးတွေရေလျှံကျ နေကြချိန်မှာ
လှုပ်လှီလှုပ်လှဲ့ သူတို့အိုးထဲက ရေ လေးတွေ
သာသနာ ခရီးတစ်လျှောက်
်ရည် မှန်းချက် မ ရောက်ခင်
မခမ်းခြောက် ပါ စေ နဲ့လို့


( ဥာဏ်နဲ့ယှဉ် ၍ လှူတတ်ကြပါစေ )
No comments:
Post a Comment