Tuesday, 1 August 2017

ဗီယက်နမ် တောင်ပိုင်းက အရမ်းလှတဲ့ နေရာလေးတွေ


ဗီယက်နမ် တောင်ပိုင်းက အရမ်းလှတဲ့ နေရာလေးတွေ
ဗီယက်နမ် မြောက်ပိုင်း နဲ့ အလယ်ပိုင်းတွေ မွှေနှောက်လို့ အပြီးမှာ့ ဒီတစ်ခါ အလှည့်ကျတာ ကတော့ တောင်ပိုင်း ဗီယက်နမ်တောင်ပိုင်းပဲပေါ့ …
ဒီတစ်ခေါက်ခရီးစဉ်က ကိုယ့်ဟာ ကိုယ်သွားတာ မဟုတ်ပဲ တိုးနဲ့ သွားခဲ့တာဆိုတော့ အရမ်းကို သက်တောင့်သက်သာဖြစ်ပြီး စားကောင်းသောက်ဖွယ်တွေ နဲ့ဇိမ်ကျခဲ့တာပေါ့.. ဒီခရီးစဉ် ကိုသွားချင်နေတာ ကြာပါပြီ ဘာလို့ လဲ ဆိုတော့ ဗီယက်နမ် ခရီးစဉ် အားလုံးထဲမှာ ဈေးအပေါ ဆုံးဖြစ်တဲ့ အပြင် 5 ရက်ခရီးဆိုတော့ ရက်လဲပိုများပြီး ပိုတန်လို့ပါပဲ.. တိုးတော်တော်များများမှာလဲ ဈေးက သိပ်မကွာပဲ ရောင်းနေ ကြတာ တွေံရပြီး စက်တင်ဘာ လကုန် အထိ promotion ဈေးကို အားလုံး အပြီးအစီးမှ 400$ ပတ်ချာလည်ဆိုတော့ စွန်းတန်လွန်းတာပေါ့.. 
အဓိက သွားခဲ့တာတော့ ဗီယက်နမ်တောင်ပိုင်း မြို့တွေ ဖြစ်တဲ့ ဗီယက်နမ်ရဲ့ ဒုတိယ မြို့တော် ဖြစ်ပေမယ့်အစည်ကားဆုံးသော မြို့ဖြစ်တဲ့ ဟိုချီမင်းရယ်.. ပျော်စရာတွေ အများ ကြီးပေးစွမ်းနိုင် မယ့် ဗီယက်နမ်တောင်ပိုင်းက မွေ့နဲ လို့ခေါ်တဲ့ ပင်လယ်ကမ်းစပ် မြို့လေးရယ် ..အေးစိမ့်နေတဲ့ချစ်စရာတောင်ပေါ်မြို့ငယ်လေး ဒါလတ်ရယ်ပါပဲ.. ဟိုချီမင်း အကြောင်းက တော့ ရေးစရာတွေများလွန်းလို့ နောက်ထပ် တစ်ပို့စ့် အနေနဲ့ ရေးပေးမယ်ကွယ်.. 
ရန်ကုန်ကနေ ဟိုချီမင်းကို ကတော့ Vietnam Airlines ရယ်.. Vietjet ရယ် ဆို ပြီး ရွေးချယ်စရာ နှစ်ခုရှိတယ်.. Vietjet ကတော့ budget Air ဖြစ်တဲ့ အပြငဒီလထဲ promotion တွေများကြီးနဲ့မို့ အသွားအပြန်မှ 100 $ ပတ်ချာလည် ရယ်..ကီလိုဝယ်ရင်တော့ နည်းနည်းပိုပေးရတာပေါ့.. ဟိုချီမင်းထိကို လေယာဉ် နှစ်နာရီ စီးရတယ်..ရောက်တဲ့ အချိန်က ညနေပိုင်း ဆိုတော့ shopping လောက်ပဲ အချိန်ရတာပေါ့.. shopping ဘယ်လောက်ကောင်းလဲ ဆိုတာတော့ ဟိုချီမင်း သီသန့်တင်တဲ့ ပိုစ့်မှပဲ ရေးတော့ မယ်ကွယ်..  ဟိုချီမင်းမှာ တစ်ည အိပ်ပြီး နောက်နေ့တော့ မွေ့နဲ ကို ကားနဲ့ခရီးဆက်တာပေါ့..
မွေ့နဲ 
ဒီပင်လယ်ကမ်းစပ်မြို့လေးက ဟိုချီမင်းကနေ ကီလို 200 အကွာမှာတည်ရှိတယ်.. ကားနဲ့ ဆိုရင် လေးနာရီလောက်စီးရတယ်.. 
လေးနာရီလောက် ဆိုပေမယ့် မပျင်းရပါဘူး လမ်းမှာ ကေဘယ် ကားနဲ့ တက်ရတဲ့ Tacu mountain ကိုလဲ ၀င်လည်လို့ ရသေးတယ်.. ဗီယက်နမ်တွေက တောင်ဆိုရင် ကေဘယ်နဲ့ပဲ တက်မယ် လို့စဉ်းစားထားလား မသိအောင် ကို နေရာတကာ မှာ ကေဘယ်ကားတွေ ကြီးပဲ.. လမ်းမှာရူခင်း လေးတွေ ကြည့်ပြီး ၁၀ မိနစ်အပေါ် စီးလိုက်ရင်တော့ တောင်ပေါ်ကို ရောက်ပြီပေါ့.. အပေါ်ရောက်တာ နဲ့ ရာသီဥတုက ချက်ချင်းပြောင်းပြီးအေးစိမ့်စိမ့်နဲ့ သိပ်နေလို့ကောင်တာ..နောက်ပြီ့း် ခြံထွက် ပင်မှည့် သီးနဲ့ ဆေးကုလားမ ရောထားတဲ့ အအေးတစ်ခွက် ကို တောတောင်တွေ ကို ကြည့်ပြီး အမောဖြေ ၀ယ်သောက်လို့လဲ ရသေးတယ်..မြန်မာငွေ နဲ့ဆို 500 လောက်ပဲပေးရတာ..တောင်ပေါ်ရောက်ရင် လှေကားတွေ အများကြီးနဲ့ ဆက်တက် သွားပြီး လျောင်းတော်မူ ဘုရားကြီးကို ဖူးမျော် နိုင်တဲ့ အပြင် အပေါ်ကနေ ကြည့်ရတဲ့ ရူခင်းက သိပ်လှတာ.. 
နောက်ထပ် လမ်းမှာ ရပ်တဲ့နေရာက တော့ Cham Tower လို့ခေါ်တဲ့ ပုဂံ ဘုရားတွေလို အုတ်ကျောင်း ပုံမျိုးနဲ့ ရှီဝ ရဲ့ဘုရားကျောင်းဆောင် နဲ့လဲ ဓါတ်ပုံရိုက်နိုင်သေးတယ်..ကိုယ်ကတော့ ကိုယ်တွေ ပုဂံ နဲ့ ယှဉ်ပြီး ဒီ Tower ကို ဘယ်လိုမှ ခံစားလို့မရဘူးရယ်.. ဒါပေမယ့် အဲ့နောက် ကရူခင်းကတော့ အရမ်းလှတာ..ချောက်ကပါးပေါ်ကနေ အောက်ဘက်က မွေနဲ မြို့ကြီး ရယ် ပင်လယ် ကြီးရယ် ကို မျက်စိ တစ်ဆုံး သိပ်ကြည့်လို့ကောင်းတာ..လေလေးတဖြူးဖြူး နဲ့ အဲ့ဒီနား မှာပဲ ငေးမောပြီး အကြာကြီး ထိုင်နေ လိုက်ချင်တာ.. 
အဲ့ဒီ နှစ်ခု ကနေ ဆက်ထွက် ခဲ့တော့ သဲ ကန္တာရ ယောင်ဆောင် ထားတဲ့ သဲအနီတွေ နဲ့ Red Sand Dunes လို့ခေါ်တဲ့ တောင် ကုန်းကြီးကို ရောက်သွားတော့ တစ်ခါတည်း ပြေးတက်သွားကြတာ .နေ၀င်ချိန်ရောက်သွားတော့ ပိုလှတာပေါ့ နေလုံးက နီနီ နဲ့ တိမ်တွေ က အရောင် တောက် ..ရူမျော် မဆုံးဖြစ်နေတဲ့ သဲအနီတွေ နဲ့ သိပ်ကို ဟာမိုနီဖြစ်တာ.. နောက်ပြီးကလေးလေးတွေ လိုက်ငှားနေတဲ့ ပလပ်စတစ် slebs လေးတွေ နဲ့ ကုန်းပေါ်ကနေ လျှောစီးလို့ရသေးတယ်..တစ်ခုမှ မြန်မာငွေ 1000 ပဲပေးရတယ်..ကိုယ်ကတော့ မစီးတတ်စီးတတ်နဲ့ စစစီးချင်း လိမ့်ပြီးကျတာပေါ့..ဒါပေမယ့် အရမ်းပျော်ပါတယ်..ရင်ခုန်စိတ်လူပ်ရှားမူတွေပေးလို့..အဲ့ဒီရောက် ရင် ဖုန်းတွေ သတိထားဖို့လို တယ်..သဲထဲ မြုပ်သွားရင် ပြန်ရှာလို့ မလွယ်ဘူးရယ်.. 
အဲ့ဒီမှာဆော့ပြီးမှ လမ်းမှာ view point လိုကြည့်လို့ရတဲ့ fishing village လေး မှာလဲ ကားရပ်ပေးတယ်..ရူခင်းကလှပေ မယ့် Fishing village ဆိုတဲ့ အတိုင်း အနံအသက်ကတော့ မကောင်းဘူးရယ်..ဒီမှာ 5 မိနစ်လောက် ဓါတ်ပုံရိုက်ပြီး ကားခနလေးမောင်းလိုက်တာနဲ့ မွေနဲ့ Beach က ဟိုတယ် ကို ရောက်တယ်.. ဒီ beach ကတော့ ဒါနမ်း တို့ ညချမ်း တို့ရောက်ဖူးထားတဲ့ ကိုယ့်အတွက် ကတော့ တော်တော် မလှဘူး လို့ပြောလို့ရတယ်..သောင်ပြင်လဲ မကျယ်..သဲလဲ သိပ်မဖြူတော့ ရေထဲတောင် မဆင်းတော့ပဲ.ဟိုတယ် ရေကူးကန်မှာပဲ ရေစိမ်နေလိုက်တော့တယ်..ဒီကမ်းခြေကလဲ တကယ်တော့ nightlife တွေဘာတွေမရှိ..ည 10နာရီ လောက်ဆိုရင်တောင် ဆိုင်တွေ ပိတ်ကုန် လို့သိပ်တော့မကြိုက်လှဘူးရယ်..
နောက်နေ့ တော့ ကိုယ်အကြိုက်ဆုံး White sand dunes ကြီးဆီကို သွားကြတာပေါ့ ..သူ့ရဲ့ သဲသောင်ပြင်ကြီးကမှ တကယ့်ကို သဲကန္တာရ ကြီးအတိုင်းပဲ.. တမျော်တစ်ခေါ် အပြင် တောင်ကုန်းကြီးတွေ ကလဲ အများကြီးပဲ ..လမ်းလျောက်နေတဲ့ လူတွေ ကို မူန်ပြပြ လေးသာ မြင်ရတယ်..အောက်ခြေမှာလဲ ရေကန်ကြီးနဲ့ ဆိုတော့ သိပ်ကို ပနာရတာပေါ့.. အဲ့ဒီ လဲရောက်ရော ကိုယ်တွေ ဘယ်လို သောင်းကျန်းခဲ့ လဲဆိုတာ ဗီဒီယို တင်ပေးပီးပြီနော်..  ATV တွေ မောင်းရတာ အရမ်းမိုက်တာ..သူများတွေကတော့ အကူတစ်ယောက် နဲ့စီး တယ်. ကိုယ်ကတော့ သိတဲ့ အတိုင်း ငယ်ငယ်ထဲက အကြောက်အလန့်မရှိတဲ့လူမို့လို့လားမသိဘူး တစ်ယောက်ထဲပဲ စီးတယ်..တောင်ကုန်းပေါ်က မောင်းချတဲ့ အချိန်ဆို အရှိန်နဲ့ မို့မမှောက်အောင်မနဲ ထိန်းရတာ..အသဲတအေးအေးနဲ့ ..အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ မောင်းရတာ ရေလည်မိုက်တာ..ရေကန်ကြီးဘေးလဲ ရောက်ရော အောက်ကို ထိုးစိုက်သွားတာ ငါတော့သွားပြီ လို့တွေးလိုက်မိတယ်..ဒါမဲ့ သဲတွေကအရမ်းထူနေတော့ လိမ့်မဆင်းပဲ ..သေချာထိမ်းလိုက်နိုင်လို့..ဓါတ်ပုံတွေလဲ အရမ်းရိုက်လို့ကောင်းတာ. ဂျစ် ကားလဲမောင်းလို့ရတယ်.. လူကြီးတွေကတော့ ဂျစ်ကားနဲ့ပေါ့ .. ATV ကတော့ သူ့ size ပေါ်မှာ မူတည်ပြီး ဈေးကွာတယ်..မိနစ် နှစ်ဆယ်ကို မြန်မာငွေ နဲ့ဆို 3 သောင်း 2 သောင်း စသည်ဖြင့် ဈေးကွာတယ်..ဂျစ်ကားကတော့ 5 သောင်းလောက်၇ှိတယ်..ဒါမယ့် ၁၀ ယောက်လောက်စီးလို့ရလို့တန်ပါတယ်.. မိနစ် 20 ထဲနေရတာ ကိုယ်ကတော့ သိပ်မ၀သလိုပဲ. အဲ့ဒီကနေ ထွက်လာတော့ လမ်းမှာ နဂါမောက်သီး စိုက်ခင်းတွေ အများကြီးတွေ့တယ်..အပြင်မှာ ပဲ ခြင်းတွေ နဲ့ရောင်းနေကြတာ အလုအယက်ဝယ်ကြတာပေါ့..
ဒါလတ်
မွေနဲ ကနေ သုံးနာရီလောက်မောင်းရင် ရောက်တဲ့ ဒါလတ် မြို့လေးဆီ ခရီးဆက်ကြတာပေါ့.. တောင်ပေါ်မြို့လေး ဆိုတဲ့ အတိုင်း ကားမောင် လာတဲ့ လမ်းတလျောက်လုံး မှာ တောင်တွေ တစ်တောင် ပြီးတစ်တောင် ဖြတ်ပြီး တက်လာတာ .ကိုယ်တွေ ဆိုတာ ကားပေါ်ကနေ ငေး ဆွေးပြီးလိုက်လာတာ ပေါ့..တိမ်တွေ ကလဲ နိမ့်နိမ့်လေးရယ်..သစ်တောတွေကလဲ စိမ်း..တောင်ထိပ်လေးပေါ်က တိမ်ဖြူဖြူလေးတွေ နဲ့ ကြည့်လိုက်တိုင်း တောင်ပေါ်ကို ပြေးတက်သွားပြီး တိမ်တွေ ကိုလက်နဲ့ လှမ်းပြီး ကိုင်လိုက်ချင်စိတ်ကို ပေါက်တယ်.အဲ့လောက်အထိ ကို လှတာ..တောင်တွေ အရမ်းတက်ရလို့ လမ်းမှာ ကားကြီးလဲ မောလို့ အနားပေးရတာပေါ့..driver ကလဲချစ်ဖို့ကောင်းတယ် ဗျ..တောင်ခြေက ရေကန်ကြီးဘေးမှာရပ်ပေးတယ်..ခုန က၀ယ်လာတဲ့ နဂါမောက်သီးတွေ ကို ဗီယက်နမ် ဂိုက်လေးက သတင်းစာ ကြီးဖြန့် ပြီး ခွဲကျွေးတာ ..လတ်ဆတ်နေတော့ ချိုရဲပြီး စားလို့သိပ်ကောင်းတာ .. ထင်းရူးပင်တွေ ၀ိုင်းရံနေတဲ့ ဒီမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေမြင့်လို့ အမြဲတမ်းအေးစိမ့်နေပြီး ဆောင်းတွင်းကာလတွေဆိုဗီယက်နမ်အောက်ပိုင်းဖြစ်ပေမယ့် 10”C အောက်အထိ ကျဆင်း တတ်တယ်..ပြင်သစ်ကိုလိုနီ ကာလတုန်းက အပန်းဖြေစရာ နေရာဖြစ်ခဲ့လို့ မြင်မြင်သမျှက ပြင်သစ်စတိုင်လေးတွေမို့ little paris လို့တောင်ခေါ်ဆို ကြလေရဲ့.မြို့လယ်မှာ သာယာတဲ့ ရေကန် ကြီးရယ်..ချစ်စရာ အိမ်လေးတွေ ရယ်တောင်တန်းတွေ ၀ိုင်းနေတဲ့ဒီမြို့လေးဟာ ကိုယ့်အတွက်တော့ ပြင်သစ်စတိုင် ဆိုတာ ထက် ပြင်သစ်နဲ့ ဆွဒ်ဇလန်က ထိစပ်နေတဲ့ နယ်နမိတ်တွေ ထဲ ဆွဒ်မြို့ငယ်လေးတွေနဲ့တောင် ပိုတူတယ်လို့ထင်မိတယ်..တောင်ပေါ်မှာ..ချိုင့်ဝှမ်းတွေ မှာ အိမ်ငယ်ငယ်လေးတွေ တွေ ကြည့်ရတာ..ဒီမှာ အခု ဗီယက်နမ်တွေနေတာ ဟုတ်ပါရဲ့လားလို့တောင်သံသယ ဖြစ်မိတယ်..
ဒါလတ်မြို့မှာ လည်စရာတွေ ..church တွေ ..ဘုံကျောင်းတွေ လျောက်လည်ရင်းနဲ့ ကိုယ့်ရဲ့ ပြင်ဦးလွင် ကိုတောင် သတိရမိသေးတယ်..ဟိုချိုင့်ကြီးထဲမှာရှိတဲ့ ရေတံခွန် အကြီးကြီးတွေ ဆီ Alpine Costar လေး အသဲ တအေးအေး စီးရင်း သွားရတာလဲ တကယ့်ကို ပျော်စရာလေးပဲ..ပြင်ဦးလွင်က သွားရခက်ခဲ တဲ့ရေတံခွန် တွေဆီလဲ အဲ့လိုလေးလုပ်ပေးထားရင် ဘယ်လောက်များ ခရီးသွားတွေ လာကြမလဲ လို့ တွေးမိပြန်ရော..တခြားနိုင်ငံတွေ ရောက်ရင် ကိုယ့်မှာရှိတဲ့ အရာတွေ တွေနဲ့ နိုင်းယှဉ်မိပြီး အဲ့လိုတွေ အမြဲဖြစ်စေချင် နေတဲ့စိတ်က လဲ ကိုယ့်ကို အမြဲနှိပ်စက်နေလေရဲ့.. ဒီ ဒန်တန်လာ ရေတံခွန် ကြီးကတော်တော် လှတာ .နှစ်ထပ် ဖြစ်နေတဲ့ ဒီရေတံခွန် ကြီး မှာ ရေဆော့ဖို့ မပြောနဲ့ ချိုင့်ထဲ ရောက်သွားလို့ စိမ့်နေအောင်ချမ်းတာ.. နောက်ပြီး ထူးထူးဆန်းဆန်း မှော်လိုလို ဘာလိုလို ဆောက်ထားတဲ့ Crazy House ကိုလဲ သွားလည်ခဲ့သေးတယ်..တကယ်တော့ နေရာ ကျဉ်းကျဉ်းလေးမှာ ဓါတ်ပုံရိုက်ဖို့ အတွက် အဓိက ဆောက်ထားတဲ့ ဒီနေရာ ကို ကိုယ်ကတော့ သိပ်မကြိုက်လှဘူးရယ်.. The valley of Love ဆိုတဲ့နေရာလေးကတော့ မဆိုးပါဘူးး. Pre wedding တွေလာလာ ရီုက်ကြပြီး ဓါတ်ပုံရိုက်လို့ သိပ်ကောင်းတယ်..နောက်တစ်ခု သွားခဲ့တာက Flower Garden ..ကိုယ်ကတော့ ကိုယ့်ရဲ့ ပြင်ဥိးလွင်ကန်တော် ကြီးက ပိုလှ ပြီး ပိုကြယ်တန်လို့မြင်တယ်..ဒါမယ့် သူက ပန်းတွေပိုစုံတယ်.. နေရာ သိပ် မကျယ်ပဲ ပန်းတွေ များများထည့်ထားတော့ ပိုလှတန်လို့ ထင်ရတာပေါ့..အလယ်မှာရေကန်ကြီးနဲ့ ..ဟိုးးအနောက်ဘက်ဆက်သွားရင် ကျုးလစ်ပန်းတွေ တွေ့နိုင်တယ်လို့ ဆိုပေမယ့် ဓါတ်ပုံတွေ လျောက်ရိုက်နေလို့ အချိန်မရတာ တကြောင်း ပန်းသိပ်မကြိုက်တတ်လို့ လဲအဲ့ဘက်အထိတော့ မသွားခဲ့တော့ဘူး.. မီယက်နမ် နောက်ဆုံး မင်းဆက် ဖြစတဲ့ Bao Dai ရဲ့ နွေရာသီ စံနန်းကတော့ လှတယ်.. အဲ့ဒီ အချိန် သူ အသက် 12 နှစ် တုန်းက အနားယူ အပန်းဖြေစရာ နန်းတော် တစ်ခု လဲ စြဖ်တယ်.. အထဲ မှာ ဟိုးးခေတ် က ၀တ်စုံတွေ နဲ့ လဲ ဓါတ့်ုံ ရိုက်လို့ ရသေးတယ်..အထဲမှာ ပြင်သစ်ကိုယ်ကတော့ ဖြစ်နိုင်ရင် ဒီမြို့ကို ရဲ့ အဓိက လည်စရာနေရာတွေ ကိုလျောက်မလည်ပဲ စက်ဘီးလေး တစ်စီးနဲ့ မြို့ထဲ ကိုလျောက်ပတ် အိမ်လှလှလေးတွေ Church တွေ ကို ဓါတ်ပုံလျောက်ရိုက်နေချင်မိတယ်.. 
ညဈေးကတော့ သိုးမွေးထည် လိုမျိုး အနွေးထည်တွေ တော်တော်ဝယ်လို့ကောင်းတယ်..ဈေးကလဲ ပေါမှပေါ.. တစ်ထည်မှ မြန်မာ ငွေနဲ့ ဆို 5 ထောင် တစ်သောင်းလောက်ရယ်.. မြို့မှာ ချစ်စရာ bar လေးတွေ တော်တော်များများရှိတယ်.. ကိုယ်တွေ သွားတဲ့ အချိန် မိုးရွာနေလို့ ဟိုတယ်နားက နီးတဲ့ pub တစ်ခုကို ပဲ သွားလိုက်ရတယ်..ရေကန်ကြီးကို မျက်နှာ မူထားတဲ့ ဒီ Pub ကသေးတယ်လို့ ဆိုရပေမယ့် DJ တော့ ရှိလို့ မပျင်းရဘူးး ..ဒါလတ်ဝိုင်ကလဲ သောက်လို့ ကောင်းတယ်.. တစ်လုံးမှ 10$ လောက်ဆိုတော့ သူတို့ ဒေသထွက် နဂါးမောက်သီး လေးလိုက် ရာသီဥတု အေးအေးလေးထဲ အရှေ့က ရေကန် ကြီးကို ကြည့်ပြီး ၀ိုင်လေး သောက်လိုက် DJ နဲ့တူတူ သွားကလိုက် နဲ့ ပျော်စရာ ကို သာသာယာယာ နဲ့ ရတဲ့နေရာလေးပေါ့ ..နောက် အလုပ် အားမှ ဒီ မြို့မှာ နှစ်ည သုံးညလောက်လာ အိပ်အုန်းမယ်ကွယ်.. 
ဒါလတ်ကနေ ဟိုချီမင်းကို 5 နာ၇ီလောက် မောင်းရပေမယ့် ..ကားအကြာ ကြီးမစီးချင်ဘူးဆိုရင်တော့ လေယာဉ်စီးလို့ လဲ ရတယ်.. ဒီ ခရီးစဉ်က road trip ဆိုပေမယ့် ရာသီ ဥတု ကြောင့်ရယ်..လမ်းမှာ ဆင်းလိုက် တက်လိုက် မုန့်ဝယ်စားလိုက် ..ကားပေါ် ပြန်အိပ်လိုက် နဲ့ ဆိုတော့ မပင်ပန်းဘူးရယ်..လမ်းမှာ ကားရပ်တဲံ ဆိုင်တွေ က ဆီကလဲ ကော်ဖီတွေ ဗီယက်နမ် မုန့်တွေ အိမ်အပြန် လက်ဆောင်တွေ အဖြစ် သိပ် ၀ယ်လို့ကောင်းတာ..တစ်ခု မှာ ချင်တာ က အပြန် လေယာဉ် မှာ ကီလို ကို ပိုသာ ၀ယ်ထား လူတိုင်းလိုလို ၀ယ်တာ များ ပြီး ကီလို မလောက်ချင်ဘူးရယ်.. 
ဒီခ၇ီးစဉ် လေးက ကိုယ့်အတွက်တော့ တိုးနဲ့ သွားခဲ့တာရယ်.. road trip ဖြစ်တာ ရယ် ရာသီဥတု အေးစိမ့်စိမ့်နဲ့ သာယာတာတွေ ကြောင့် မပင်ပန်းပဲ ပျော်ခဲ့ရတယ်..ဈေးလဲ သက်သာ..ပျော်စရာတွေ များ..တောင်ပေါ် မြို့လေး ရဲ့ လှပတဲ့ ရူခင်းတွေ ကြည်ံရင်း ရာသီ ဥတု ကြောင့် စိတ်အပန်းဖြေစေမယ့် ဒီ ဗီယက်နမ်တောင် ဘက်ပိုင်း လေးကို တစ်ခေါက်လောက်တော့ သွားလည်ကြည့်သင့်ပါတယ်. 
MZ

No comments:

Post a Comment