ရုပ်ဝတ္ထုများနောက်ကိုလိုက်ရ
ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေခဲ့ပြီ ။ နောက်ထပ် သိမ်းဆည်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။ အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင်
နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထိုနှမြောခြင်းတွေထက် ကျွန်တော်ပို၍ နှမြောရမည့် အရာရှိနေသည်။ ထိုအရာက ကျွန်တော် သားသမီးများ၏ အနာဂတ် ဖြစ်သည်။ သူတို့လေးတွေ အတွက်ကြောင့်ပင် ကျွန်တော် နှစ်ပေါင်းများစွာ နေထိုင်လာသည့် သည်နေရာမှ အပြီးအပိုင် စွန့်ခွါပြီး မြန်မာပြည်ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
လွန်ခဲ့သည့် ဆယ်ငါးနှစ်ကတည်းက ထိုင်ဝမ်နိုင်ငံတွင် ကျွန်တော်လာရောက်အလုပ်လုပ်က
သည်နိုင်ငံတွင် ကလေးတစ်ယောက် စရိတ်မှာ မြင့်မားလှသောကြောင့် ဇနီးဖြစ်သူမှာ မွေးဖွားခါနီး အထိ အလုပ်တက်ခဲ့ရ၏။ ထိုနောက် သမီးလေးကို မွေးဖွားခဲ့ပါသည်။ သည်နိုင်ငံ စနစ်အရ ကလေးမွေးဖွားရန်အတွက် ခွင့်ရက် လေးဆယ့်ငါးရက် ရပါသည်။ ထို့ကြောင့် သမီးလေး တစ်လသားအရွယ်တွင် ဇနီးဖြစ်သူမှာ ခွင့်ရက်စေ့သွားတာကြောင့် အလုပ် ပြန်တက်ရ၏။ သမီးလေးကို အိမ်နီးနားရှိ မြန်မာလူမျိုး အဒေါ်ကြီးတစ်ဦးကို လခပေး၍ ထိန်းခိုင်းရသည်။ အိမ်တွင်ကလေးထိန်းပေးမည့် အဖိုးအဖွား မရှိသည့် မိသားစုတိုင်း ဤကဲ့သို့ နီးစပ်ရာကို အခကြေးငွေပေး၍ ထိန်းခိုင်းကြရသည်မှာ ရုပ်ဝတ္ထုနောက်ကို လိုက်နေရသော မြို့ပြ၏ ပုံစံခွက်တစ်ခုပင် ဖြစ်သည်။
ဤသို့ဖြင့် သမီးလေး နှစ်နှစ်ကျော်တွင် သားလေးကို ထပ်မွေးခဲ့ပြန်သည်။ သားသမီးနှစ်ယောက်အတွက် ကလေးထိန်းစရိတ်များမှာ ကျွန်တော့်ဇနီးသည်၏ လခတစ်လစာခန့်ရှိသည်။ ထိုကြောင့်ဇနီးဖြစ်သူက အိမ်တွင်နေ၍ ကလေးထိန်းရန်အတွက် အလုပ်ထွက်လိုက်သည်။ ကလေးနှစ်ယောက်၏ နို့မှုန့်ဖိုးအပါအဝင် အထွေထွေစရိတ်များ ၊ အိမ်စရိတ်များ အစရှိသည့် စရိတ်များစွာကို အဆင်ပြေဖို့ ကျွန်တော် နေ့စဉ်လိုလို အလုပ်တွင် အချိန်ပို ဆင်းရသည်ကြောင့် မိသားစု စုံစုံလင်လင်နေရသည့်အချိန်က
ထိုသို့ဖြင့် သမီးကြီး သုံးနှစ်အရွယ်ရောက်သောအခါ မူကြိုထားရန် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြ၏။ သည်နိုင်ငံ၏ ကလေးမူကြိုစရိတ်မှာလည်း မြင့်မားလှပါသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်သည်။ သားနှင့် သမီးကို မြန်မာပြည်သို့ ပြန်ပို့ကာသူတို့၏ အဖိုးအဖွားများထံတွင် ခဏတာအပ်ထားပြီ့း ထိုအတောအတွင်းတွင် ကျွန်တော်နှင့် ဇနီးဖြစ်သူက ကြိုးစား၍ ရှာဖွေစုဆောင်းပြီးမှ သားသမီးများကို ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။
သားသမီးများနှင့် ခွဲခွါရ သဖြင့် ကျွန်တော်တို့နှစ်ဦးစလုံး စိတ်မကောင်း ဖြစ်ကြရသည်။ သားသမီးများကို စိုးရိမ်စိတ်၊ သတိရသည့် စိတ်များကြောင့် ရင်တွေ ပူလောင်လွန်းရသည်။ ထိုခံစားချက်များသည် သားသမီးများ၏ ရှေ့ရေးနှင့် ယှဉ်လျှင်တော့ ခံသာသည်ဟု ဆိုရမည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး၏ ရည်ရွယ်ချက်မှာ သားသမီးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး ပညာတတ်များ ဖြစ်စေချင်သည်။ ထို့ကြောင့် ကလေးများကို သတိရချိန်တွင် အလုပ်ကိုသာ ပို၍ကြိုးစားဖြစ်သည်။ အားလပ်ရက်များတွင်ပါ အချိန်ပိုဆင်းသည်။ ကလေးစရိတ်များ သက်သာသွားတာကြောင့် နှစ် နှစ်ခန့် အကြာတွင် အနည်းငယ်စုဆောင်းမိလာသည်။ ထို့နောက် သားနှင့် သမီးကို ကျွန်တော်တို့နှင့် အတူထားရန် ပြန်ခေါ်လာဖြစ်ခဲ့တော့သည်။
*****
သားသမီးများ ပြန်ရောက်သည့် နောက်ပိုင်းတွင် မိသားစု ဘဝလေး ပို၍သာယာ ပျော်ရွှင်လာခဲ့ရသည်။ သားနှင့်သမီးကို အနီးနားရှိ ကျောင်းတွင် ထားသည်။ ကလေးများကို မြန်မာပြည်တွင် ထားသည့် နှစ်နှစ်ကျော်အချိန်အတွင်းတ
သို့သော် ကျွန်တော်တို့ မိသားစု အတူတကွ ဆုံတွေ့ချိန်က ညပိုင်းများသာ ဖြစ်သည်။ ကျွန်တော်တို့ အလုပ်တက်နေချိန်တွင် သားနှင့်သမီးမှာ တနေကုန်ကျောင်းတက်ကြသည်။ မိသားစုဘဝ ဆုံတွေ့ချိန် နည်းလှသည့် သည်နိုင်ငံတွင် ကျွန်တော် မထင်ထားသည့် ဆိုးရွားမှု တစ်ခုရှိလာသည်။ ထိုအရာမှာ သားသမီးများကို ကျောင်းထားပြီး တစ်နှစ်ကျော်ခန့်အချိန်တွင်
တစ်နေ့တွင် ကျွန်တော်အလုပ်မှ အချိန်အနည်းငယ် စောကာပြန်လာသည်။ အိမ်တံခါး ဖွင့်ပေးရန် ခေါင်းလောင်းကို နှိပ်လိုက်၏။ ကျွန်တော့် သားလေးက တံခါလာဖွင့်ပေးသည်။ တံခါးဖွင့်သံကြားသည့် ကျွန်တော့်ဇနီးက မီးဖိုခန်းထဲမှ လှမ်းအော်မေးသည်။
“ တံခါးကို အရမ်း မဖွင့်နဲ့။ ဘယ်သူလဲကြည့်အုံး။”
“လောင်မား။ နီးလောင်ကုန်းလား။”
သားငယ်၏ (အမေအိုကြီး နင့်ယောင်္ကျား) ဟု ပြန်ဖြေသံကို ကြားရသဖြင့် ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျွန်တော့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ ထိုနောက် လွယ်ထားသည့် အိတ်ကို ဘေးတွင်ချပြီး သားကိုဆုံးမရတော့သည်။
“သားငယ်လေး။အဲဒီလို မပြောရဘူး။ ဖေဖေ ၊ မေမေ လို့ ခေါ်ရတယ်လေ။”
ကျွန်တော်ဆုံးမတော့ “ဟုတ်”ဟု ဆိုကာ ပြေးထွက်သွားသည်။ ထိုကဲ့သို့ မိဘကို အခေါ်အဝေါ်များသည် ကာတွန်းကားများထဲမှ အတုယူထားခြင်းဖြစ်မည်ထင်၏။ သည်နိုင်ငံတွင် ကလေးများကြိုက်ကြသော (လပီရှောင်ရှင်း) ဟု အမည်ရသည့် ကလေးဆိုး ကာတွန်းကားမှာ ခေတ်စားလှသည်။ ထိုထဲတွင် လူကြီးမိဘများကို ထိုကဲ့သို့ ခေါ်လေ့ရှိသည်။ ကလေးများကို ပိုမိုဂရုစိုက်ပေးဖို့ ဇနီးဖြစ်သူကို မှာကြားရတော့သည်။
“မင်း ကလေးတွေကို နည်းနည်းပါးပါး ဆုံးမပါအုံးကွာ ။ ကလေးတွေ အကျင့်ပျက်နေပြီ။ ”
ဇနီးဖြစ်သူကို ထပ်သတိပေးသော်လည်း ကျွန်တော်တို့ နှစ်ယောက်စလုံး အားလပ်ချိန်များတွင် ကလေးများကိုပြောဆိုဆုံးမလေ့
ကျောင်းတွင် ကလေးများကို ရိုက်နှက်ဆုံးမခွင့် မရှိပါ။ ကျောင်းသားကို ရိုက်မိသဖြင့် ရဲတိုင်ခံရသည့် ဆရာများ အကြောင်း မကြာခဏကြားနေရသည်။ ဆရာများတွင်သာ မဟုတ်။ မိဘဖြစ်သူအနေဖြင့်လည်း သားသမီးကို ရိုက်နှက်ဆုံးမိလျှင် ရဲတိုင်ခံရပြန်သည်။ တစ်သက်နှင့်တစ်ကိုယ် မကြားဖူးသော ဓလေ့ထုံးစံဖြစ်၏။ ထိုဓလေ့ကြောင့် သားသမီးများက မိဘကို ရိုသေရကောင်းမှန်း မသိ။ ဆရာများကိုလည်း ကြောက်ရကောင်းမှန်း မသိကြတော့ပါ။ အရွယ်ရောက်လျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြမည
ကျွန်တော်တို့ ယခုအသက်အရွယ် ရောက်သည်အထိ လမ်းတွင် ဆရာ၊ ဆရာမများကိုတွေ့လျှင်လက်နော
အခွင့်သာတိုင်း ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ ကျွန်တော်နှင့်ဇနီး ဖြစ်သူ၏ ဆိုဆုံးမသော်လည်း သည်နိုင်ငံယဉ်ကျေးမှုဓလေ့စရိ
မောင်နှမအချင်းချင်း ပစ္စည်းညွှန်လျှင်လည်း ခြေထောက်နှင့်သာ ညွှန်ကြသည်။ ပန်ကာ ပိတ်လျှင် ခြေထောက်ဖြင့် ပိတ်ကြသည်။ တီဗီပါဝါခလုတ်ကို ခြေထောက်ဖြင့် ဖွင့်ကြသည်။ တွေ့လျှင် ဆုံးမသော်လည်း ကျောင်းတွင် ကျောင်းသားချင်းဆီမှ ကူးစက်လာဟန်တူသော ဓလေ့စရိုက်များက အရိုးစွဲစပြုနေပြီထင်ူသည်။ ဆုံးမရတာ များလာသည်ကြောင့် သမီးနှင့်သားကလည်း မိဘများနှင့် မျက်နာချင်းဆိုင် ရှိနေချိန်နည်းလာသည်။ မိသားစု ဘဝသည် ယခင်လို ပျော်ရွှင်ဖွယ် မကောင်းတော့။ သက်ပြင်းများဖြင့်သာ နေ့ရက်များကို ဖြတ်သန်းရတော့သည်။ ထိုသို့ဖြင့် ရင်ခွင်တစ်ခုလုံး လောင်မီးကျတော့မည့် နေ့တစ်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က တနင်္ဂနွေ အားလပ်ရက်ဖြစ်တာကြောင့် အိမ်တွင် မိသားစု စုံညီနေသည်။
“သမီး အမေ့ကို တီဗီရီမုပေးစမ်း ”တီဗီရီမု (remote) ကို ဇနီးဖြစ်သူက လှမ်းတောင်းသည်။ ခုံအောက်ကျနေသော ရီမုကွန်ထရိုးကို သမီးကြီးက ကုန်းမကောက်ဘဲ ခြေထောက်နှင့် လှမ်းကန်ပေးလိုက်သည်။ ထိုအပြုအမူကို မြင်သည့်အခါ ကျွန်တော့် စိတ်ထဲတွင် ဒေါသများ ထောင်းခနဲ ထွက်ကာ စိတ်မထိန်း နိုင်တော့ဘဲ ဆိုဖာပေါ်မှ ချက်ချင်းထပြီး သမီးကြီးကို ရိုက်မိတော့သည်။
“အင့်ဟာ...”
“ဖုန်း...”
“ဖုန်း...”
“ငါတို့ဒီလောက်ဆုံးမနေရဲ့နဲ
ဇနီးဖြစ်သူက ဝင်ဆွဲသည်။ သမီးကြီးက ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်၏။ ထို့နောက် ကျွန်တော့် မထင်မှတ်သည့် စကားကို သမီးကြီးက ပြောချလိုက်သည်။
“ နင် ငါ့ကို ရိုက်တယ်။ အေး...ငါအခု ရဲတိုင်မယ်။ ရဲကို ခေါ်ဖမ်းခိုင်းမယ်”
ထိုစကားကြားတော့ ကျွန်တော် ကြက်သေသေ သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားပြီထင်ရသည်။ မယုံကြည်နိုင်။ကျွန်တော်အသက
“ဟဲ့ သမီးကြီး အဖေကို အဲဒီလို မပြောရဘူးလေ”
“အဖေက ငါ့ကို ဘာလို့ရိုက်လဲ”
သူတို့ပြောနေကြသည်များကို ကျွန်တော် ကြားနိုင်စွမ်းမရှိတော့။ အိမ်တံခါးတွန်းဖွင့်ကာ လမ်းမသို့ ထွက်လာခဲ့သည်။ ခြေလှမ်းများ လှမ်းနေသော်လည်း အသိတရားတို့မရှိတော့ပါ။ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ချိန်တွင် ကျွန်တော်မျက်ရည်များ စီးကျနေမှန်း သတိပြုမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံ အပင်ပန်းခံ ရှာဖွေ ပြုစုပျိုးထောင်ခဲ့ရသမျှ ထိုသို့ပြန်ရဖို့လား။ ချွေးစက်များဖြင့် တည်ဆောက်ခဲ့ရသမျှ ထိုသို့ ပြိုလဲဖို့လား။ ပုခုံးနှစ်ဖက်ဖြင့် ပင့်တင်ခဲ့ရသမျှ ထိုသို့နာကျင်ရဖို့လား။ တားဆီးဖို့ မေ့လျော့နေသော မျက်ရည်များ စီးကျလာရင်းမှ ကျွန်တော် နာကျင်စွာတွေးနေမိသည်။
“ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ်”
“ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ”
“ငါအခုရဲတိုင်မယ်..။ရဲကို ခေါ်ဖမ်းခိုင်းမယ်”
ထိုစကားစုသည် ပဲ့တင်သံများအဖြစ် နားစည်ဝမှ နှလုံးအိမ်ထဲအထိ အခါခါ ရိုက်ခတ်နေတော့သည်။ ပြိုကျသွားသည့် အိမ်တစ်လုံးကို စောင့်ကြည့်နေရသူ အိမ်ရှင်တစ်ယောက်၏ နာကျင်မှုမျိုးထက် ပိုမိုသည့် ဝမ်းနည်းခြင်းများစွာက ကျွန်တော့်ကို လွှမ်းမိုးထားပါသည်။ ကျွန်တော်တို့ ကြိုးစားတည်ဆောက်ထားသည့် မိသားစုအိမ်ကလေး တအိအိဖြင့် ပြိုကျသွားခဲ့လေပြီ။
ထိုနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့
“ကိုယ်တို့ မြန်မာပြည် ပြန်ကြစို့ကွာ”
ဇနီးဖြစ်သူက သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်ပြ၏။ သားသမီးများ၏ အနာဂတ်အတွက် သူလည်း ဘာမဆို စွန့်လွှတ်ဖို့ တွေးထားမည် ထင်ပါသည်။ ရုပ်ဝတ္ထုများနောက်ကိုလိုက်ရ
No comments:
Post a Comment