အိမ်အပြန်လမ်းရဲ့ အနမ်းလက်ဆောင်"
************************************
************************************
သတ္တလောကထဲက လောကလူသားတို့ ဟာ လူသားသဘာဝအတိုင်း အနု ၊ အရွ ၊ အလှ ၊ အပများကို ရှုမြင်ခံစားချင်ကြတာ
သဘာဝမို့ မဆန်းလှပါဘူးလေ ။ ထို့ အတူ ကျွန်တော်သည်လည်းလောက လူသားတစ်ယောက်မို့ ထို့ နည်းတူပင် အနု ၊ အယဉ် ၊
အသွင် အပြင် များကို ရှု့ မြင်ခံစားချင်ပါသည် ။
သို့ ပေသော်ငြား ကျွန်တော်တို့ လောကလူသားတွေ နေ့ စဉ်မြင်တွေ့ နေရသော အယဉ်အလှ ၊ အနုအရွတွေကြားမှ သူမတူ တစ်သွင်ခြားတဲ့ ( အရေပြားတစ်ထောက်စာ ~ အပေါ်ယံမျက်ကြည်လွှာဖြင့် တွေ့ မြင်ရသောအလှအပများအပြင် ) ခံစားမှုအလှ အပများကို ကျွန်တော်တို
့သတိထားမိချင်မှ ထားမိပါလိမ့်မယ် ။
တစ်ခါတစ်လေမှာ အပေါ်ယံ မျက်စိ အသွင်ဖြင့် ရှု့ ချင် ၊ တင့်ချင်စဖွယ် သာမက အတွင်းအဇ္ဇတ စိတ်ဖြင့် ထိုးထွင်းကြည့်မြင် လျှင်ပင် လွန်စွာတင့်တယ်လှပနေတတ် တာတွေ ရှိကြပါတယ်
။ ကျွန်တော်ပြောနေကျစကားအတိုင်း ကွန်ပြူတာ အခေါ်အဝေါ်နဲ့  ပြောရရင် Hardware ပိုင်းကော
Software ပိုင်းကော နှစ်ဝဲလုံး လှနေတယ်ဆိုတာ မျိုးပေါ့ဗျာ ။
အပေါ်ယံမျက်စိ အသွင်ဖြင့် ရှု့ မြင်ခံစားနိုင်တဲ့ Physical Beauty ကိုတော့ Software ပိုင်းလို့ သဘောထားကာ ၊ သာမာန်မျက်စိဖြင့်ခံစားလို့ မရတဲ့ စိတ်နှလုံး အတွင်းသားထဲက
Mental Beauty ကိုတော့ Hardware ပိုင်းလေးလို့  ကျွန်တော်
တင်စားထားလိုက်ပါတယ် ။
ကျွန်တော်ရှာဖွေခဲ့သော အလှအပများ...
ဒီလိုအလှအပလေးတွေကို ကျွန်တော် ရှာဖွေ တွေ့ မြင်ခွင့်ရဖို့ အတွက် ကျွန်တော်ဟာ
savetheaged ( S.T.A ) ရဲ့  member လေးတစ်ယောက်ဖြစ်ခွင့်ရလာခဲ့ပါတယ် ။ ကျွန်တော်ဟာ
savetheaged ( S.T.A ) ရဲ့  memberတစ်ယောက်ဖြစ်လာတဲ့ နောက်ပိုင်း ကျွန်တော့်ရဲ့  ရုံးပိတ်ရက်
ဆန်းဒေးတိုင်းဟာ ပိုလို့ အသက်ဝင် ၊ လေးနက် ၊ အဓိပ္ပာယ်ရှိကာ ၊ ကျက်သရေရှိလာ ပါတော့တယ်
။ ဒီနေရာမှာ … savetheaged ( S.T.A ) ရဲ့  memberဆိုတာလေးနဲ့ ပက်သက်ပြီး ကျွန်တော်နည်းနည်းလောက်
ပြောပြချင်ပါတယ်။
savetheaged ( S.T.A ) ဆိုတာက အင်တာနက်ပေါ်ကနေ လူငယ်တွေစုစည်းကာ တည်ထောင်ထားပြီး ပရဟိတ တွေကို လုပ်ကိုင်နေကြတဲ့ social network ဆိုဒ်လေး တစ်ခုဖြစ်ပါတယ် ။ savetheaged ( S.T.A ) ကို စတင်တည်ထောင်ခဲ့တဲ့ အဓိပ္ပာယ်က တော့ သက်ကြီးရွယ်အို
စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးဆိုတဲ့ လူငယ်တွေ ပေါင်းစည်း ထားတဲ့ ပရဟိတအသင်း အဖွဲ
့လေးဖြစ်ပါတယ် ။ ကျွန်တော်တို့ဆိုဒ်လေးကနေ ရာသက်ပန်ထောက်ပံမှုကိုခံယူမယ့် ကိုယ်စားမိဘများ အတွက်အလှူဒါန တွေ တင်သာမက
ကာလ ဒါနကုသိုလ်များ ၊ လိုအပ်မှုကို ဖြည့်စွမ်းပေးတဲ့ ခါတော်မီ ဒါနများပါ အပါအ၀င် ပေါ့ဗျာ
။ ကျွန်တော်တို့ အဖွဲ့ လေးမှာကိုယ်ပိုင်ရုံး ၊ ကိုယ်ပိုင်ဌာန မရှိသေးပေမယ့် … အွန်လိုင်းပေါ်ကနေ
အချင်းချင်း ရင်းနှီးစွာ တွေ့ ခဲ့ကြ ဆုံခဲ့ကြရာကနေ လစဉ်လတိုင်း လတစ်လ၏ ပထမအပတ် တနင်္ဂနွေလေးများကို
တွေ့ ဆုံပွဲ (meeting ) လေးများလုပ်လို့ နောက်ဆုံးအပတ် တနင်္ဂနွေနေ့ လေးများကိုတော့ အလှူခရီးစဉ်လေးများ သက်မှတ်ရွေးချယ်ခဲ့ကာ ငိုနေသူများထွေးပွေ့ လို့  ၊ လိုနေသူများ အားဖြည့်စို့ ဆိုတဲ့ ရည်ရွယ်ချက်
နဲ့ ပရဟိတဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ကျွန်တော်တို့ savetheaged ရဲ့ ညီအစ်ကို မောင်နှမများဟာ
အတူတကွ လမ်းတွေကိုလျှောက်ခဲ့ကြပါတယ် ။
မင်္ဂလာရှိသော ဆန်းဒေး ( Sunday)မှာ …
ဒီနေ့ ဟာလည်း နောက်ဆုံးရက်သတ္တပတ်၏ ဆန်းဒေး ( Sunday ) မို့ ထုံးစံအတိုင်း savetheagedအဖွဲ့ ရဲ့  ကုသိုလ်ပြုရေး ခရီးစဉ်ဟာ ရွှေသံလွင်ဘိုးဘွားရိပ်သာလို့ ပစ်မှတ်တည်ထားပါတယ်
။ ကျွန်တော်သည်လည်း လိုက်ပါကုသိုလ်ယူခွင့်ရအောင်လို့  အဖွဲ့ ဝင်များ၏ စုရပ်ဖြစ်တဲ့
လမ်း(၄၀)ထိပ်က တိုကျိုဒိုးနပ်ရှေ့ ကို အပြေးလေးအရောက် သွားပြီး ရွှေသံလွင်ဘိုးဘွားရိပ်သာကြီးကို
ကျွန်တော်တို့ တွေ ခရီးဆက်ခဲ့ပါတယ် ။
ဒီလိုနဲ့ ရိပ်သာမုခ်ဝမှာ ကျွန်တော်တို့ ကို ခရီးဦးကြိုပြုနေတဲ့သူတွေ တော်တော့်ကို များပါတယ်။ ကျွန်တော်တို
့လို လူငယ်တွေကို အလေးအနက်ထားလို့ထွက်လို့ မျှော် ကြိုဆိုပေးနေတာက သားသားတို့ ၊ မီးမီးတို
့မဟုတ်ဘူး။ ကိုကိုတို့  ၊ မမတို့ လည်း မဟုတ်ဘူး။ ဘိုးဘိုးတို့  ၊ ဘွာဘွားတို့ တွေပါ…
။
ရိပ်သာပရ၀ဏ်ထဲ ရောက်ပြီဆိုတာနဲ့  ကျွန်တော်တို့ အသင်းသားတွေရဲ့ ခံယူချက်အတိုင်း မိဘများသဖွယ်မှတ်ယူလို
့ထားရမယ့် … အဘိုးတို့ ၊ အဘွားတို့ရဲ့  ကမ်းလင့်နေတဲ့ ရင်ခွင်ထဲ automatic စီးဝင်သွားပါတော့တယ်
။ရင်ဝယ်ငြိသောအပြုံးများ ...
savetheaged ညီအစ်ကို ၊ မောင်နှမ များဟာ ဘိုးဘွားများရဲ့ ရိပ်သာဆောင်ထဲ ရောက်ပြီဆိုတာနဲ့  … ကိုယ်ပိုင် နှလုံးသား ၊ ကိုယ်ပိုင် အသိတရားများနဲ့ အဘိုး ၊ အဘွား တစ်ယောက်စီကို တစ်ဦးစီကျနဲ့  ပြုစုကြတာ ၊ ယုယကြတာ ၊ကြင်နာကြတာ တကယ်ကို ကြည်နူးစရာပါဗျာ ။ ကျွန်တော်တို့ ရဲ့ တစ်နေ့ တာကို ရွှေသံလွင်မှ အဘိုး ၊ အဘွားတွေကို ပေးအပ်လိုက်မယ်လို့  စိတ်ကူးနဲ့  ကြည်နူးထားပါတယ်။
အဲဗတ်အိုင်းစတိုင်းက ပြောဖူးတာလေး တစ်ခုကို ကျွန်တော်သွားပြီး သတိရမိတယ် … "ကိုယ်ချင်းစာတရားဟာ အမြင့်မားဆုံး လူ့တန်ဖိုးပါ"
တဲ့ လေဗျာ ။
"ကျွန်တော်တို့ တွေဟာ ရောင်ဝါ ထင်လင်းတဲ့ ရှင်နေမင်းကြီးတွေ မဖြစ်ရင်တောင်
… မှောင်ရီနေတဲ့ တိတ်ဆိတ်ညတွေမှာ ရောင်စဉ်ကွန့် မြူးနေတဲ့ ပိုးစုန်းကြူးအလင်းရောင် လောက်လေးနဲ
့ပဲဖြစ်ဖြစ်ကျွန်တော်တို့ တတ်စွမ်းသမျှ ၊ လင်းနိုင်သမျှ အလင်းဓါတ်တွေ ဝေငှလို့အမှောင်တွေဖယ်
အလင်းပေးချင်ခဲ့တာပါလေ" လို့  ကျွန်တော့်စိတ်ထဲ ရေရွတ်မိလိုက်တယ်။
ရိပ်သာအဆောင်ထဲကို လျှောက်လမ်းလို့ လာစဉ်မှာပဲ အပြုံးအလှပိုင်ရှင်တွေရဲ့ အပြုံးတွေ အဘိုးတို့ ပြုံးပြတာ၊ အဘွားတို့ ပြုံးပြတာတွေဟာ မိုနာလီဇာတောင် ရှုံးသွားမှာ သေချာပါတယ်ဗျာ။ ရွှေသံလွင်ရဲ့  နံနက်ခင်းဟာ လှပမှုတွေဝေဖြာပြီး အကြင်နာတွေ ဖြန်းပက်လို့  ဂရုဏာတရားတွေက
အုပ်မိုးလွှမ်းခြုံကာ မေတ္တာတရားတွေကအပိုင်စီးသိမ်းပိုက်ထားလိုက်ပါ တော့တယ်လေ။
ဝေငှသူနဲ့ ခံယူသူအကြား ကြည်နူးခြင်းများ ပွားများလို့  အတော့်ကို မင်္ဂလာရှိနေတဲ့ နေ့သစ်တစ်ခုပဲပေါ့ဗျာ။
ကျွန်တော်တို့ ပေးတဲ့ မေတ္တာဓါတ်တွေကို အဘိုးတို့  ၊ အဘွားတို့ က ခံယူတယ်။ အဘိုးတို
့ ၊ အဘွားတို့ ပေးတဲ့ အပြုံးပန်းတွေကို ကျွန်တော်တို့ က ပန်ဆင်တယ် ။ ဒီလိုပဲပေါ့ …
မေတ္တာဆိုတာ အလျား၊အနံ မသိပေမယ့် အသွား၊အပြန် ရှိတယ်ဆိုတာကို ကျွန်တော် သိခဲ့ရတယ် ။
ရင်ကိုထိသောစကားလုံးများ...
ဘိုးဘွားများကို ကိုယ်စီကိုယ်စီ ပြုစုကြရာ...ကျွန်တော်လည်း အသက်(၇၁)နှစ် အရွယ်ရှိ တစ်ချိန်က
ပုသိမ်မြိုရဲ့ အလှမယ်ဆိုတဲ့ အမေဒေါ်ခင်လေးကို ဂရုစိုက်ခွင့်လေးရခဲ့တယ် ။ ခြေသည်း ၊
လက်သည်း ညှပ်ပေးခြင်း၊ ဆေးလူး နှိပ်နယ်ပေးခြင်းများနဲ့  ဟိုဟိုဒီဒီ စကားလေးတွေ ပြောကြတာ…
အချိန်တိုလေးအတွင်းမှာ အမေနဲ့  ကျွန်တော်ဟာ ဆွေမျိုးရင်းချာများပမာဖြစ်သွားကြတယ်။
ကျွန်တော့် ဘ၀အကြောင်းများကို ပြောရင်း …အမေ့ဘ၀အကြောင်းများကို ပြန်လည် ပြောပြရင်းနဲ့  အမေ့ပါးပြင်မှာ
မျက်ရည်စတွေ၊ ပုလဲခသလို စီးဆင်းလို့ ကျလာပါတော့တယ် ။ ဟုတ်ပါတယ်လေ… အမေက တစ်ချိန်က ကုန်သည်မျိုးရိုးကနေ
ဆင်းသက်လာတဲ့ ရွှေပေါ်မြတင်အပျိုစင်လေး ပုသိမ်မြို့ ရဲ့အလှမယ် ဖြစ်ခဲ့တော့လည်း ပြန်တွေးရင်
ဝမ်းနည်းမိမှာပေါ့လေ …။
"ကျွန်တော်နားလည်ပါတယ် အမေ၊ ကျွန်တော် အမေ့ရင်ဘတ်ကို ၀င်ဖတ်ကြည့်ပါတယ် " လို့ စိတ်ထဲကနေ တီးတိုးလေး ပြောမိနေခဲ့တယ်
။ အဲ့လိုနဲ့ ငိုသံလေးနဲ့ အမေပြောလာတဲ့ စကား " အခုတော့လည်း ဒီမှာ … ဒီလို ခိုကိုးရာမဲ့ဘ၀နဲ
့ဒုက္ခတွေပေါ့ သားရယ်" တဲ့ ။
ကျွန်တော်လည်းပြန်ပြောလိုက်မိတယ်…"အမေ ခုနက အမေကျွန်တော့်ကို ချစ်တယ်လို့  ပြောတယ်နော်၊ ကျွန်တော့်ကို ချစ်ရင်ကျွန်တော်တစ်ခုတည်း တောင်းဆိုပါရစေ"
အမေ စကားဆိုတာလေ … ပြောလို့ လွယ်လို့ပြောပေမယ့် ၊ စကားနောက် တရားပါတတ်လို့  ခက်ပါပေတယ်
အမေရယ် ၊ "နောက်ကို ဒုက္ခဆိုတာကို ဘယ်တော့မှ မသုံးဘဲ "သုခ" လို့ ပဲ ပြောင်းပြော ပေးပါနော် … အမေ၊ ဖြစ်လားဟင် " ဆိုပြီး အမေ့ကို ကျွန်တော် လှမ်းလို
့ ကြည့်တော့ … ခေါင်းလေးကို ငြိမ့်လို့ ပြတဲ့ အမေ့ကို ကျွန်တော်နှစ်ခြိုက်စွာ ပြုံးလိုက်
မိတယ် ။
"အမေ…အမေ ဒီကိုရောက်တော့ ဘာတွေရတုန်းဟင်"လို့  ထပ်ခါ ကျွန်တော်မေးတော့ … "သုခတွေရတာပေါ့သားရယ်…သုခ
တွေရတာပေါ့" လို့ ပြောကာ မျက်ရည်တွေ သုတ်ချ ပစ်လိုက်တဲ့ အမေ့အပြုံးဟာ
အဲ့အချိန်က ကမ္ဘာမှာ အလှဆုံး ဖြစ်ခဲ့လိမ့်မှာပါ။ အမေပြုံး လိုက်တဲ့ အလှတရားကို
ကျွန်တော်ကိုယ်တိုင် စာပန်းချီခြယ်စွမ်းမရှိသလို ၊ ဦးငွေကိုင် လည်း မမှီနိုင်လို့ 
၊ ပီကာဆိုလည်း လက်မှိုင်ချရမှာ သေချာပါတယ်ဗျာ ။
တစ်ဦးမေတ္တာ တစ်ဦးမှာ ...ဒီလိုနဲ့  အမေတို့ တွေလည်း နေ့ လည်စာစားပြီးလို့  အမေ့ကို ကျွန်တော်တွဲလို့  အဆောင်ထဲ
ပြန်ခေါ်လာတော့၊ အမေ့ကုတင်လေး ရောက်တာနဲ့ ပဲ.. “ ငါ့သားလည်း ဗိုက်ဆာနေရောပေါ့ ” ဆိုပြီး
သိမ်းထားတဲ့ အမေ့မုန့် တွေ၊ ကော်ဖီတွေကိုထုတ်လို့  ကျွန်တော့်ကို အတင်းကျွေးပါရောဗျာ။
“မစားရင်တော့ မရဘူးနော် … စိတ်ဆိုးမှာနော် … ဘာနော်” နဲ့ ဆိုတဲ့ ကလေးလေးတစ်ယောက်လို
ဂျီကျပြလို့ ၊ မိခင်တစ်ယောက်လို ဂရုစိုက်ပြနေတဲ့ အမေ့အမူအရာလေးကြားမှာ ကျွန်တော်က သိတတ်နားလည်စွာ
လိုက်လျောပေး လိုက်ရပါတော့တယ်။
အမေဖျော်တိုက်တဲ့ ကော်ဖီနဲ့ မုန့် တွေကို စားနေတဲ့ ကျွန်တော့်ကိုအားရပါးရကြီး ပြုံးပြီးကြည့်နေတဲ့အမေ့ခမျာ
အတော့်ကို သဘောတွေကျနေရှာတာပါ ။
ဒီလိုနဲ့ နာရီလက်တံလေးတွေရဲ့  ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ကစားမှုလေးအောက်မှာ … နေကလေးစောင်းလို
့ ညနေ၀င်ခါနီးတော့၊ ပြန်ကြရအောင်ဆိုတဲ့ အချက်ပေးမှုလေး တွေကြားမှာ အမေ့အနားကနေ ကျွန်တော်
ထွက်ခွာသွားရပါတော့မယ် ။
သွားတော့မယ်နော် … အမေ ။ ကျွန်တော် ကန်တော့ခဲ့ပါရစေ.. ဆိုပြီး …
ဘောင်းဘီအိတ်ကပ်ထဲက ၀တ္ထုငွေလေးကို ထုတ်လို့  အမေ့ကို ကျွန်တော် ရိုကျိုးစွာ ရှိခိုးကန်တော့ခဲ့ပါတယ်။ ကန်တော့အပြီး
မတ်တတ်ရပ်လိုက်တဲ့ ကျွန်တော့်ကို မျှော်လင့်တဲ့ မျက်လုံးတွေနဲ့  ၊ ပူဆာတတ်တဲ့ ကလေးလေးတစ်ယောက်ပမာ … အမေ့ကိုဖုန်းဆက်ပါ ။ ဖုန်းဆက်ပါနော်လို့  တတွတ်တွတ် မှာနေတော့ပါတယ် ။
"ထိန်းထားတဲ့ ကျွန်တော့်မျက်ဝန်းက မျက်ရည်စတွေ … ထွက်မကျစေလိုဘူးအမေ … ကျွန်တော်မငိုချင်ဘူး ။ကျွန်တော်ငိုရင် အမေတို့ က ကျွန်တော့်ထက်ပိုပြီး ခံစားရမှာ ကျွန်တော်သိတယ်…"လို
့ကျွန်တော် စိတ်ကို ကျွန်တော်တင်းကာ မာန်ပြင်းပြင်းနဲ့  ဆက်မှာပေါ့ အမေရာလို့  ပြုံးတုံ့ လှည့်လေးပြောကာကျွန်တော်ခေါင်းလေး ငြိမ့်ပြီး အဆောင်ထဲကနေ ထွက်ဖို့  ဟန်အပြင် ကျွန်တော့်ကို အမေသိုင်းဖက်လို
့ထားတယ်။
မျှော်လင့်ချက် သူ့ မျက်ဝန်းတွေရဲ့ 
အနက်နဲ့  ဘာသာစကားကို
ကျွန်တော့် နှလုံးသားက
နားလည်တယ် …
အားကိုးတဲ့ သူ့ လက်ဝါးအစုံက
ကျွန်တော့် နှလုံးသားကို
ကိုင်လှုပ်ခဲ့တယ် …
ကြည်နူးမှုပီတိ အသွယ်သွယ်က
သူမ မျက်နှာပေါ်မှ
မျက်ရည်စတွေအဖြစ်နဲ့ 
ပြောင်းလဲ စီးဆင်းလာခဲ့တယ် … ။ ~ ။
သေချာပါတယ် ။ ကျွန်တော် နောက်တစ်ခေါက် ရောက်ဖြစ်ဦးမယ်ဆိုတာ။စီးကျနေတဲ့ အမေ့မျက်ဝန်းက
မျက်ရည်စတွေကို သုတ်ဖယ်လိုက်ပြီး ကျွန်တော့်ပါးပြင်ပေါ်ကို အနမ်းတွေ ဆင်ယင်ပေးလိုက်တယ်
။ ကြည်နူး ၊ပြုံးပျော် ၊ ၀မ်းသာ ၊ ပီတိ တွေနဲ့  ခံစားမှု အဖုံဖုံကို ခံစားလိုက်ရတဲ့
ကျွန်တော်…ခဏ မှင်သက်သွားမိစဉ်မှာ … "အမေ့ကိုလည်း ပြန်ပေးဦးလေ သားရဲ့ 
" ဆိုလို့  … ကျွန်တော်လည်း အားပါးတရ တ၀ကြီး အနမ်းတွေ ဒလဟော ပေးပစ်ခဲ့ပါရောဗျာ…။
ကျွန်တော့်ရဲ့ တစ်နေ့ တာ ဖြည့်ဆည်းပေးမှု ၊ ပေးဆပ်မှု့  ၊ ဂရုစိုက်မှု့  ၊ စောင့်ရှောက်မှု တွေရဲ
့ရလာဒ်ဟာ အမေပေးတဲ့ အနမ်းပွင့်လေးတွေလား …. ။
အမေ့ အပြုံးပန်းတစ်ပွင့်ဟာ လူတိုင်းအတွက် ဖြစ်နိုင်ပေမယ့် အမေပန်ဆင်ပေးလိုက်တဲ့ အနမ်းပန်းတစ်ပွင့်ဟာ ကျွန်တော့်
နှလုံးသားမှာ ထာဝရအမှတ်ရနေစရာ ကျန်ရစ်ခဲ့ တော့မှာပါ …။
အဲ့ဒီအနမ်းလေးအတွက် ကျွန်တော့်နှလုံးသားက မြတ်နိုးစွာ ဦးညွှတ်ရင်း … ထာဝရ သိမ်းဆည်းသွားလိုက်ပါတော့မယ် … အမေရယ် ။ ~ ။

ချစ်ခြင်းများစွာဖြင့်…
No comments:
Post a Comment