Saturday, 5 August 2017

ဘဝ



အသက် ၄ နှစ် အရွယ်သာရှိသေးတဲ့ ဆီးရီးယားကလေးငယ်တစ်ဦးပါ။ 

ဓာတ်ပုံသတင်းထောက်တစ်ဦးက သူ့ကို ဓာတ်ပုံရိုက်ဖို့အတွက် အနားကပ်သွားပြီး ကင်မရာနဲ့ ချိန်လိုက်တဲ့အခါ အခုဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း သူ့လက်ကလေးတွေကို ခေါင်းပေါ်တင်ပြီး လက်မြောက်လိုက်ပါတယ်တဲ့။ 

သူ့စိတ်ထဲမှာ ကင်မရာကို လက်နက်တစ်ခုခုလို့ ထင်မှတ်သွားပုံရပါတယ်။ နေ့စဉ်နဲ့အမျှ သေနတ်သံ ဗုံးသံတွေကြားမှာ ရှင်သန်ကြီးပြင်း နေထိုင်နေရတဲ့ ကလေးငယ်တစ်ဦးရဲ့ စိတ်ထဲမှာ ဘာတွေများ ခံစားနေရပါလိမ့်။ 

သူ့ကိုချိန်ထားတဲ့ ကင်မရာကို သေနတ်ထင်မှတ်ပြီး သူ့ကို နာကျင်အောင်မလုပ်ဖို့၊ မပစ်ဖို့၊ မသတ်ဖို့ တောင်းပန်တိုးလျှိုး အညံ့ခံနေတဲ့ အသနားခံနေတဲ့ မျက်ဝန်းလေးတွေကို မြင်ရတာ ကျွန်တော်တို့ရင်ကို နာကျင်စေပါတယ်။ 

စစ်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ ဖြူစင်တဲ့ ကလေးငယ်ပေါင်း ဘယ်လောက်များများ အခုလိုမျိုး ခံစားနေကြရသလဲဆိုတာ ကျွန်တော်တို့တွေ စဉ်းစားသင့်ကြပါပြီ။ 

လူလားမမြောက်သေးတဲ့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ အနာတရ ဖြစ်နေတာ၊ အရာရာကို မလုံခြုံဘူးလို့ ခံစားနေရတာတွေဟာ ကျွန်တော်တို့ လူ့လောကကြီးအတွက် ကောင်းမွန်တဲ့အရာ မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။ 

ကမ္ဘာပေါ်က စစ်ပွဲတွေ လျှော့ပါးပါစေ၊ ပပျောက်ပါစေ....။ 

ကလေးငယ်လေးတွေအားလုံး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးထွားနိုင်ကြပါစေ

No comments:

Post a Comment