Sunday, 6 August 2017

Back to AD 8 Century … @ Borobudur Buddhist Temple…

Back to AD 8 Century … @ Borobudur Buddhist Temple…
------------------------------------------------
အေဒီ ၈ ရာစုက တည်ဆောက်ခဲ့သော Borobudour စေတီတော်ကြီးမှာ..ကမ္ဘာအကြီးဆုံးသော ဗုဒ္ဓစေတီတော်ကြီး အဖြစ် UNESCO က အသိအမှတ်ပြုထားသည့် ကမ္ဘာ့အမွေအနှစ် World Heritage ဖြစ်သည်...
စေတီတော်ကြီး၏ သမိုင်းသည် ဘာသာရေးသက်သက်တွင်မကပဲ နိုင်ငံရေး၊ လူမှုရေးများပါ ရောနှော ပါဝင် နေသည်ကို သိရသည်။
လူဦးရေ ၂၃၈ သန်းမျှ ရှိသည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။ ယခင်က အိန္ဒိယမှ ကုန်သည်များနှင့် တရုတ်ပြည်မှ ကုန်သည်တို့သည် အခြေချနေထိုင်သော နိုင်ငံဖြစ်သောကြောင့် Indo-China ဟု ခေါ်တွင်သည်။
အင်ဒိုကျွန်းတွင် မူလနေထိုင်သည် လူမျိုးများမှာ ဘာဘေးရီးယန်း လူမျိုးများ ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများက ဆိုပါသည်။
သူတို့သည် တော တောင်နှင့် ပင်လယ်များတွင် သားငါး ရှာဖွေစားသောက် အသက်မွေးကြသည့် လူရိုင်းသာသာ လူမျိုးများလည်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က အိန္ဒိယမှ ကုန်သည်များသည် စူမာတြားကျွန်းသို့ ကုန်ရောင်းရောက်လာပြီး၊ ဂျာဗားကျွန်းအထိ ရောင်းဝယ်ကြသည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။ အိန္ဒိယမှ ကုန်သည်များသည် ကုန်သွယ်မှုနှင့်အတူ အိန္ဒိယ ယဉ်ကျေးမှု၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာတရားတို့ကို စုမာတြားကျွန်းသို့ သယ်ဆောင်လာကြပြီး၊ အခြေချနေထိုင်သည်အထိ နယ်မြေချဲ့ခဲ့ကြသည်။
အေဒီ ၈ ရာစုက တည်ဆောက်ခဲ့သော Borobudour စေတီတော်ကြီးမှာ..ကမ္ဘာအကြီးဆုံးသော ဗုဒ္ဓစေတီတော်ကြီး အဖြစ် UNESCO က အသိအမှတ်ပြုထားသည့် ကမ္ဘာ့အမွေအနှစ် World Heritage ဖြစ်သည်...
ဤမျှ ကြီးမားသော စေတီတော်ကြီး တစ်ဆူကို တည်ဆောက်ထားသည်ကို လေ့လာသောအားဖြင့် ထိုခေတ်ကို ဤနိုင်ငံသည် ဗုဒ္ဓဘာသာ အလွန်ထွန်းကားခဲ့သော နိုင်ငံဖြစ်ကြောင်း သိသာသည်။
စေတီတော်ကြီးသည် Central Java Island, Yogjakarta city အနီးတွင် တည်ရှိပြီး၊ စေတီအဆင့် ၁၀ ဆင့်ရှိသည်။ စေတီတော်ပေါ်သို့ အရပ်လေးမျက်နှာမှ အပေါ်ထပ် အဆုံးအထိ ကျောက်လှေကားဖြင့် တိုက်ရိုက် တက်နိုင်ပါသည်။ စေတီတော်ကြီးတွင် ပတ်ပတ်လည် သွားနိုင်သော အဆင့်ကိုးဆင့် ရှိသည်။ ဖိနပ်တော်မှ အမြင့်ပေ 138.6 ft နှင့် ထုထည်ပေ 46744 ft နှင့် အကျယ်ပေ 396 ft ရှိသည် ဟု မှတ်တမ်းများတွင် လေ့လာသိရှိရသည်၊
ဤ Borobudour စေတီတော်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝတ်ကျောင်းထက် အနှစ် ၃၀၀ စောကြောင်း UNESCO မှတ်တမ်းများက အခိုင်အမာ ဆိုထားသည်။
အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်ဟောင်းကို တူးဖော်စဉ်ကလည်း အင်ဒိုနီးရှား နိုင်ငံနှင့် ပတ်သက်သော ကြေးပြားစာတမ်းကို တွေ့ခဲ့ကြသည် ထိုကြေးပြားတွင် သုဝဏ္ဍဒီပခေါ် စုမာတြားကျွန်းဘုရင် သီရိဗလ ပုတ္တဒေ၀က ရာဇဂြိုလ်ပြည်နယ်၊ ဂယာစီရင်စုမှ ရွာငါးရွာကို မိမိပိုင်သော စုမာတြားမှ ရွာငါးရွာနှင့် လဲလှယ်ကာ နာလန္ဒာကျောင်းတော်ကြီးအား လှူဒါန်းပါသည် ဟုရေားသားထားသည်ကို တွေ့ရလေသည်။
ထိုကြေးစာတမ်းမှ သုဝဏ္ဍဘူဒီပဟူသော စာကို ထောက်ဆပြီး သီရိဓမ္မာသောကမင်းလက်ထက်က ကိုးတိုင်း ကိုးဋ္ဌာန သာသာနာပြုရာတွင် ပါဝင်သော သုဝဏ္ဍဘူမိဟူသည် စုမာတြား ကျွန်းဖြစ်သည်ဟုလည်း သမိုင်းဆရာ အချို့ ဆိုကြသည်။
ဤမှတ်တမ်း သက်သေများကို ထောက်ဆပြီး အင်ဒိုးနီရှား နိုင်ငံတွင် ခရစ်ယေရှု မပေါ်မှီ နှစ်ပေါင်း ၃၀၀ ခန့်ကပင် ဗုဒ္ဓဘာသာနှင့် သာသနာစည်ပင်ခဲ့ကြောင်း သုသေတီတို့က အတည်ပြုထားကြသည်။
ဗောရောဗုဒေါ ဟူသော အမည်မှာ ၀ိဟာရဗုဒ္ဓေါ မှ ဆင်းသက်လာသည်ဟု ဘာသာဗေဒပညာရှင်တို့က ဆိုသည်။ မြတ်စွာဘုရား ကျောင်းတော်ဟု ဆိုလိုဟန် ရှိသည်။
ဗုဒူးရွာတွင် တည်ရှိသောကြောင့် ဗောရောဗုဒေါဟုတ် ခေါ်သည်ဟုလည်း ဆိုသည်။ စေတီတော်ကြီးသည် အောက်ခြေမှ ဖိနပ်တော်အထိ ၃၉၄ ပေ. အလျား အနံစီ ရှိသည်။ အမြင့်ပေ ၁၃၈ ပေ မြင့်ပါသည်။ ဖိနပ်တော် အထက်တွက် အဆင့်လေးဆင့်ရှိပြီး ၀ရံတာ အကာအရံရှိပါသည်။ စေတီတော်ကြီးကို ကုဗမီတာ 55000 volume canic stones များဖြင့် တည်ဆောက်ထားသည်ဟု သိရှိရပါသည်။ တည်ဆောက်ချိန် နှစ်ပေါင်း ၇၀ ကျော်ကြာ မြင့်သည်ဟု စေတီတော် အတ္ထုပတိစာတမ်းများက ဆိုပါသည်။
အဆင့်တိုင်းတွင် လှည့်လည် ကြည့်ရှုနိုင်သော လမ်းရှိသည်။ ၀ရံတာ၏ အထက်တွင် ဘုရားကျောင်းဆောင်လေးများရှိပြီး၊ အဆောင်တိုင်းတွင် လူတစ်ကိုယ်စာမျှကြီးသော တင်ပလ္လင်ခွေပုံ ကျောက်ဆင်းတုရုပ်ပွားတော် တစ်ဆူစီ ရှိသည်။ ထိုဆင်းတုတော်များမှာ တစ်မျက်နှာတွင် ၁၀၈ ဆူရှိသည် လေးမျက်နှာပေါင်းလျှင် ၄၃၂ ဆူဖြစ်သည်။
မြောက်ဘက်မျက်နှာမှ ရုပ်ပွားတော်များသည် လက်ယာလက်ဝါးဖြင့်ကာလျက် ဟန့်တားနေဟန်ဖြစ်သည်။ ထိုသို့သော မြတ်စွာဘုရားရှင်၏ အမူအရာကို အဘယမုဒြဟု စာအခေါ်ရှိသည်၊ အားပေးလျက် တရားဟောတော်မူဟန် ဖြစ်သည်။ အရှေ့ဘက်မျက်နှာမှ ဆင်းတုတော်များသည် လက်ဝါးကို လက်ယာခြေတော်ပေါ်တွင် မှောက်လျက်တင်ထားသည့်ပုံများဖြစ်သည်။ ဘူမိဖသမုဒြဟုခေါ်သည်၊ မြေကိုသက်သေတည်ပြီး တရားဟော်တော်မူသည့်ဟန် ဖြစ်သည်။
တောင်ဘက်မျက်နှာမှ ဆင်းတုတော်များသည် လက်ယာ လက်ဖ၀ါးကို လက်ယာခြေတော်ပေါ်တွင် ပက်လက်လှန်ဖြန့်လျက် တင်ထားသည့်ပုံများဖြစ်သည်။ ဒါန မုဒြဟုခေါ်သည်။ ပစ္စည်းဥစ္စာကို တွက်တာတပ်မက်မှုဖြင့် သိမ်းဆုပ်မထားပဲ ပယတပါဏိ ဖြန့်ထားသော လက်ရှိလျက် ရက်ရက်ရောရောဒါနပြုရန် တိုက်တွန်းလျက် တရားဟောတော်မူဟန်ဖြစ်သည်။ အနောက်ဘက်မျက်နှာမှ ဆင်းတုတော်များသည် လက်ဝဲလက်ပေါ်မှ လက်ယာလက်ကို ပက်လက်လှန်လျက် တင်ထားပုံများ ဖြစ်သည်၊ ဈာနမုဒြဟုခေါ်သည်၊ မြတ်စွာဘုရားရှင် ဈာန်ဝင်စားနေပုံဖြစ်သည်။
အဆင့်လေးဆင့်တွင် အတွင်းအပြင် နံရံများတွင် ၅၅၀ ဇတ်နိပါတ်များ ဘုရားအလောင်းတော် နောက်ဆုံးဘ၀ပုံများ ဘုရားဖြစ်ပြီး ပုံများကို ရုပ်လုံးများ အဖြစ်ဖြင့် ထွင်းထုထားသည်ကို တွေ့နိုင်ပါသည်။
နှစ်ပေါင်း ၁၀၀၀ ကျော်က ကျောက်ထွင်းပန်းချီကားချပ်များမှ ယနေ့တိုင် ပီပီသသရှိဆဲဖြစ်သည်၊ ဘုရားအလောင်းတော် နိမိတ်ကြီးလေးပါးမြင်ပုံ၊ တောထွက်ပုံ၊ ဆန္ဒအမတ်ကို မြင်းနှင့်အတူ နေပြည်တော်သို့ ပြန်လွှတ်ပုံ၊ ဘုရားအလောင်းတော်အား ဗြဟ္မာမင်းက သင်္ကန်းဆက်ကပ်ပုံများကို နောက်ဘက်များနှာတွင် တွေ့ရသည်၊ ပဥ္ဒ၀ဂ္ဂီငါးဦးတို့အား တရားဟောနေပုံကို အရှေ့ဘက်မျက်နှာတွင် တွေ့နိုင်သည်၊ ဇတ်ကားပန်းချီကားချပ်ပေါင်း ၂၁၄၁ ရှိသည်ဟုဆိုသည်၊ ထိုကျောက်ထွင်းပန်းချီကားချပ်များကို တချပ်ခြင်းစပ်လျက် စီတန်းထားမည်ဆိုလျင် ၃ မိုင်ခန့် ရှိမည်ဟု ဆိုသည်။
ထိုလေးထောင့်ပုံ လေးဆင့်ပြီးသော အခါ အထက်တွင် အပိုင်းလေးဆင့် ရှိသည်။ အောက်ဆုံး အဆင့်တွင် ခေါင်းလောင်းပုံ စေတီငယ်များ အစဉ်အတိုင်း ၃၂ ဆူ၊ ၂၄ ဆူ၊ ၁၆ ဆူ ရှိပြီး စုစုပေါင်း စေတီငယ် ၇၂ ဆူ ရှိသည်။
ကျောင်းတောင်ကြီးကို သွားရင်… ဘုံအဆင့်ဆင့်နဲ့ ရှေးခတ် ဗိသုကာလက်ရာတွေကို တည်ဆောက်ပုံ ပုံစံကိုတွေ အံသြလေးစား အတုယူဖွယ် ကို လေ့လာနိုင်ပါတယ်….
---------------------------------
လည်စရာ
---------
1) Borobudur Temple
2) Merapi Volcano
3) Sultan Palace
4) Water Castle
5) Plaosan Temple
6) Malioboro Street
7) Luwak Coffee
Merapi Volcano
---------------
ငယ်ငယ်က ကြားဖူးပါတယ်.. ငါတို့နေထိုင်ကြီးပြင်းခဲ့တဲ့ ငါတို့ရွာလေးမှာပဲ ငါတို့ သေသည့်တိုင် ခေါင်းချချင်တယ်..ဆိုတဲ့ အဘိုးအဘွား စကားတွေကို….
ခုလည်း ဒီလိုပါပဲ… အန္တရယ်လွန်စွာမှ များလှသော မီးတောင်များ ပေါက်ကွဲ ချော်ရည်များကို လူ့စည်းစိမ် အိုးအိမ် လူ့အသက် ကျွဲနွား တိရိစ္ဆာန်တွေ အသက်ကို ၀ါးမျိုးမှန်း သိပေမယ့်လည်း
နေရာအစွဲ ဒေသအစွဲ လူအစွဲတွေကြောင့် လူတွေ နေ နေသော နေရာတစ်ခုပါ….
ကျတော်တို့ ရောက်သွားတော့ အဲမှာ..ဂျစ်ကားနဲ့ မီးတောင်ထိပ်ထိ လိုက်ပို့ပါတယ်..
လမ်းတစ်လျောက်ကတော့ ဂျစ်ကားတန်းကြီးကလည်း အစီအတန်းလိုက် အများကြီးပါ…
လမ်းတွေဆိုတာလည်း ဆိုးချက်ဆိုတာ လမ်းလျောက်သွားရင်တော့ အန်လောက်ပါတယ်..
ဒါပေမယ့် ဂျစ်ကားဆရာတွေက တော့ သူတို့အတွက်တော့ ထမင်းစားရေသောက်ပါပဲ…
တောင်ထိပ်မရောက်ခင် သူတို့က ပြတိုက်သဘောမျိုး လေးနှစ်တစ်ကြိမ် နီးပါးလောက် မီးတောင်ပေါက်ကွဲတော့ ချော်ရည်တွေ ၀ါးမျိုးထားတဲ့ ပစ္စည်း ပစ္စယတွေ အရိုးစုတွေကို ပြထားပါတယ်….
ဖန်ခွက်တွေဆို အပူရှိန်ကြောင့် ပိန်လိန်နေပြီး တခြားပစ္စည်းတွေဆိုလည်း..အားလုံး အကျိုးအပဲ့တွေပါပဲ…
အဲကတဆင့် မီးတောင် တောင်ထိပ်နဲ့ အနီးဆုံးနေရာအထိ ပို့ပေးတော့…
မီးတောင်တောင်ထိပ်နားမှာ ညော်နံ့တွေတောင် ရချင်သလိုလို….
Sultan Palace & Water Castel
---------------------------------------
အင်ဒိုနီးရှားမှာ ဆူလတန် မြို့စား နယ်စားက အုပ်ချုပ်လာလိုက်ကြတာ…
ခုချိန်ထိပါပဲ.. လက်ရှိအုပ်ချုပ်နေတဲ့ ဆူလတန် ဘုရင်က No.9 ပါ..
သူ့မှာက သမီး ငါးယောက်ပဲ ရှိပါတယ်..
အရင် နံပါတ် N0.7 တုန်းက တရားဝင် မိန်းမ ၄ ယောက် သားသမီး ၇၃ ယောက်
No.၈ တုန်းက တရားဝင် မိန်းမ ၄ ယောက် သားသမီး 82 ယောက်…
သူတို့ရဲ့ နန်းတော်ကို ခုချိန်မှာ ပြတိုက်အဖြစ် .. သူတို့ရဲ့ လက်ဆင့်ကမ်း ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို
ခုချိန်မှာ အများပြည်သူ လေ့လာဖို့ ပြသထားတာပါ..
ဂိုက်ကတော့ ရှင်းပြပါတယ်.. No.7 နဲ့ 8 က သားသမီးအရမ်းများပြီး စွမ်းတယ်.. No.9
ဆူလတန် ဘုရင်က သမီး ၄ ယောက်ပဲ မွေးလို့ မစွမ်းတဲ့အကြောင်း…
ကျတော်တို့ကိုလည်း လမ်းညွှန်ပါတယ်.. စွမ်းတာက အဲဘုရင် No. 7 နဲ့ 8 က ၀ိုင်တွေပဲ မနက် နေ့လည် ည သောက်နေတယ်… အဲတော့ ကျတော်တို့ အဖွှဲ့ကလည်း မေးပါတယ်.. No.9 က ဘာလို့ လေးယောက်ပဲ ရတာလည်းဆိုတော့… သူက ပြောရှာပါတယ်… ဘုရင်က ၀ိုင်မသောက်ပဲ… ကိုလာပဲ သောက်နေတယ်..
မင်းတို့ကတော့ ကိုလာမသောက်ကြနဲ့.. ၀ိုင် သောက်ကြဖို့လည်း ဆက်ဆက်မှာလိုက်တယ်….
Luwak Coffee
---------------
အင်ဒိုရောက်ရင် မလုပ်မဖြစ် လုပ်ရမယ့် အရာ သောက်ရမယ့် အရာ မြည်စမ်းရမယ့် အရာကတော့
Luwak Coffee ခေါ် ကြောင်ချေးကော်ဖီပါ..
ကမ္ဘာမှာ ဈေးအကြီးဆုံး ကော်ဖီ ဆိုရင်လည်း မမှားပါဘူး..
ကျတော်တို့ ဂိုက် ကောင်းမှု အကြောင်းပြုပြီး… ပင်ရင်း ဈေးသက်သာတဲ့ ဆိုင်ကို သွားခွင့်ရခဲ့ပါတယ်..
အဲဆိုင်မှာ တောကြောင်တွေကိုလည်း ပြထားပါတယ်… အဲကနေတဆင့် ကော်ဖီ ထုတ်ပုံ အဆင့်ဆင့်ကိုလည်း ပြသထားပါတယ်… အစကတော့ ကျတော်တို့ အဖွဲ့လည်း စိတ်ထဲမှာ မသတီဘူးပေါ့…
သို့ပေတည်း.. နည်းနည်းလည်း မြည်းကြည့်လိုက်ရော.. အရသာက ရှားမှရှား…
ကော်ဖီသောက်ပြီး ရင်တုန်တယ်ဆိုတာ ဘာလဲလို့ မေးယူရလောက်အောင်ကို…
ကောင်းလွန်းလှပါတယ်.. ဒါကြောင့်လည်း နာမည်ကြီး ဈေးကြီးတာကိုး….
သူတို့ ကော်ဖီ သောက်ပုံက ကော်ဖီ အရသာ ပျက်မှာဆိုးလို့..
ကော်ဖီ တကျိုက်သောက်.. သကြား တကိုက်စား..နဲ့ ကော်ဖီအရသာ ပေါ်လွင်စေပါတယ်…
ကော်ဖီကြိုက်သူတွေ အတွက်တော့.. ပါရာဒိုက်ပါပဲ….
အဲဒါနဲ့ ကျတော်တို့လည်း အိမ်ပြန်လက်ဆောင် ၀ယ်ဖြစ်ကြပါတယ်….
Milaoboro Street
------------------
ရိုဂျာဂါတာ ရဲ့ ညဈေးတန်းပါ…
ရိုးရာ အစားအစာတွေ ရိုးရာ လက်ဆောင်ပစ္စည်းတွေ အပေါဆုံး ၀ယ်လို့ အကောင်းဆုံးသော နေရာတစ်ခုပါ…
လူတွေကလည်း အများကြီး ဆိုင်တွေကလည်း အများကြီး…
ဈေးတွေကလည်း ဆစ်နိုင်မှ တော်ကာကြတယ်….
ကျတော်တို့လည်း အဲမှာ စားသောက် ၀ယ်ခြမ်းပြီးတော့…
ဟိုတယ်ပြန်ကြပါတယ်….
-------------
တည်နေရာ
Indonesia (Near Yogyakarta City)
Borobudur ကို သွားမယ်ဆိုရင်…
Option 1 က Yogyakarta City မှာတည်းလည်း ရပါတယ်
Option 2 က Borobudur Temple နား Manahora Hotel မှာလည်း ရပါတယ်…
ဘာကွာလည်းဆိုတော့… Borobudur Temple က Yogyakarta City နဲ့ ကားတစ်နာရီမောင်း ခရီးလောက်မှာ ရှိတာပါ… Manahora Hotel ကတော့ Borobudur Temple နဲ ငါးမိနစ်ခန့် လမ်းလျောက်ရင် ရပါတယ်.. ဒါပေမယ့် ဟိုတယ်နှစ်ခုရဲ့ ဈေးက $40 လောက် ကွာပါတယ်…
ကျတော်တို့ စလုံးမှာ ၀ယ်တဲ့ အေးဂျင့်ကလည်း
သေချာလေး စီစဉ်ပေးလို့ ဈေးသက်သက်သာနဲ့ အဆင်ပြေခဲ့ကြပါတယ်...
--------
ကျတော်တို့ အဖွဲ့ကတော့ ချွေတာစုဆောင်း သူဋ္ဌေးလောင်းတွေမို့
ဒေါ်လာ ၄၀ လောက် သက်သာတဲ့ မြို့ထဲမှာ နေပါတယ်...
----------------
အားလုံးပဲ.. အာဂူနာမာ .. တာ..တာ..
-----
ref;..ဆရာတော်စာအုပ်



No comments:

Post a Comment