Saturday, 5 August 2017

“ကြာဆစ်ကြိုး”

“ကြာဆစ်ကြိုး”
ကြာဖြူ ကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာ ပွင့်ကြတယ်။
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်ညစ်လောက် ချိုးခဲ့ကွယ်။
ကြာပွင့် ကြာငုံ ထုံထုံမွှေးကို
မလေးဘယ်သို့ သုံးပါ့မယ်။
ကြာရိုး ကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ်။
မင်းသုဝဏ်
ပန်းချီ Kiy Thein

No comments:

Post a Comment