Tuesday, 1 August 2017

သမုဒ္ဒရာ သံဝေဂ


သမုဒ္ဒရာ သံဝေဂ
--------------------
အပြောကျယ်လှတဲ့ ပင်လယ်ပြင်ကြီးကို ငေးကြည့်ပြီးတော့ ဘုရားဟော တရားနှစ်ပုဒ်ကို
တွေးမိပြီး သတိ သံဝေဂ ဖြစ်မိပါတယ်
များပြားလှတဲ့ ပင်လယ်ကြီးထဲက ရေတွေဟာ
သမုဒ္ဒရာထဲကို ပေါင်းစုံပြီးစီးဝင်တယ် တဲ့
ဘုရားရှင် ဟောထားတဲ့တရားတော်တွေထဲက
သမုဒ္ဒရာနဲ့ ဆိုတဲ့စကားလုံးနဲ့ ပါတ်သတ်ပြီး
သတိ သံဝေဂ ဖြစ်မိတာပါ
တပုဒ်က ချစ်သားတို့  ငါဘုရားရှင် ဘုရားဖြစ်ဖို့ 
ပါရမီဖြည့်တဲ့အခါ လှူခဲ့တဲ့ အသွေးတော်တွေဟာ
သမုဒ္ဒရာ လေးစင်းထဲက ရေထက် များတယ် တဲ့
အို သံဝေဂ ရစရာ ကောင်းလိုက်ပါဘိ
ဒီလောက်များပြားလှတဲ့ အသွေးတော်တွေ လှူပြီးမှ ဘုရားဖြစ်သတဲ့
ဒါက သမုဒ္ဒရာနဲ့ ပါတ်သတ်တဲ့
တရားတပုဒ်ပါ
နောက်တပုဒ်က
ချစ်သားတို့  ဂင်္ဂါ မြစ်တို့  အစိရ ဝတီ မြစ်တို့ 
စတဲ့ မြစ်ကြီးလေးသွယ်ထဲက ရေတွေဟာ
သမုဒ္ဒရာထဲမှာ ပေါင်းစုံမိကြတယ် 
ချစ်သားတို့  အဲဒီ ပင်လယ်သမုဒ္ဒရာထဲကို
ပေါင်းစုံသွားတဲ့ ရေတွေကို ဒါကတော့ ဂင်္ဂါမြစ်ရေ
ဒါကတော့ အစိရဝတီ မြစ်ရေဆိုပြီး ပြန်ခွဲထုတ်ဖို့ 
လွယ်ပါ့မလား ဆိုပြီး ရဟန်းတော်တွေကိုမေးတဲ့အခါ
ရဟန်းတော်များက အရှင်ဘုရား မလွယ်ကူပါဘူးလို့  လျှောက်တယ်
အဲဒီအခါ ဗုဒ္ဓက
ချစ်သားတို့  အဲဒီရေတွေကို ပြန်ခွဲထုတ်ဖို့ က
လွယ်ပါသေးတယ် သတ္တဝါတွေမှာ ဖြစ်ပေါ်နေတဲ့
ဒါက လေဘစိတ် ဒါက ဒေါသစိတ် ဒါက မောဟစိတ် ဆိုပြီး နာမည်တပ်ပေးဖို့ က အဲဒီရေကို ခွဲထုတ်ရတာထက် ပိုပြီးခတ်တယ် ချစ်သားတို့  သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့  ပွင့်ထွန်း
ပေါ်ပေါက်မှသာ သိရတယ် ဆိုပြီး မိန့် ပါတယ်
သြော် - - - - -
အခု လက်ရှိ ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရှိနေတဲ့
ကျွန်တော်တို့ တတွေဟာ
ဘုရား ရှင် နဲ့ ကြုံတွေ့ နေရတာရော
ဘုရားရှင်ရဲ့တရားတော်တွေထဲက
လောဘ ဒေါသ မောဟာ ဆိုတဲ့
မိမိမှာဖြစ်နေတဲ့ဟစိတ်တွေကို
မှန်မှန်ကန်ကန် သိခွင့်ရတာရော
အဲဒီအခွင့်အရေးနှစ်ခုလုံးကို
ရ ရှိနေကြတာဆိုတာ
ပေါ့သေးသေး ပါရမီ မဟုတ်သလို
ဒီသာသနာနဲ့ လွဲသွားရင်
နောင်ကို ကြုံဖို့  ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး
ဆိုတာကို
ပင်လယ်ပြင်ကြီးကို ကြည့်ပြီး
သံဝေဂ ရ မိပါတော့တယ်
ဦးမြင့်ခိုင်

No comments:

Post a Comment