ကြာပင်ကို ကွန်ကရစ်ကန်ထဲစိုက်မယ်ဆိုရင်
ပုံထဲကလို ကန်အောက်ခြေကို နုံး သို့မဟုတ် မြေ ဖြည့်ရပါမယ်။
မြစ်နဲ့နီးရင်တော့မြစ်နုံး အကောင်းဆုံးပါ။
မြောင်းဆယ်ထားတဲ့ မြေမဲမဲတွေ အခြောက်ခံထဲ့လဲ ကောင်းပါတယ်။
ပြီးရင်ရေဖြည့်။
ကြာပင်ရဲ့ အမြစ်ကို မြေထဲမြုပ်ပြီး အရွက်ကို ရေပေါ်ပေါ်အောင်ထား ပြီး စိုက်ရပါမယ်။ ရေအမြင့်ဟာ ကြာပင်ရဲ့ပင်စည် အမြင့်နဲ့ လိုက်လျောညီထွေရှိရပါမယ်။
အပင်မြုပ်မနေရပါဘူး။ လိုသလိုရေလျှော့သင့်ရင်လျှော့ရပါမယ်။ ပင်စည် ရှည်နေရင်တော့ခွေထားလို့ ရပေမဲ့တိုနေရင် ရေလျှော့ပေးပါ။ စိုက်ခါစ အပင်ရဲ့ ပါလာတဲ့အရွက်တွေ ကြွေပြီးနောက်ထပ် အသစ်ထွက်လာတဲ့အခါ ရေlevelနဲ့ အနေတော် အမြင့်ထပ်ထွက်လာပါလိမ့်မယ်။
တချို့မျိုးက အမြစ်ကနေ တချို့က အရွက်ကနေလအတက်သစ်အပင်သစ်ပွားပါတယ်။ တချို့ကတော့ အစေ့ကနေထပ်ပွားပါတယ်။ အဲ့အခါကျတော့အပင်သစ် ထပ်ပွားလို့ရပါပြီ။

အရေးအကြီးဆုံးက နေရောင်မရရင် မပွင့်တဲ့အပြင် သေတောင်သေတတ်ပါတယ်။
ငါးမွေးထားရင် ငါးကအပင်ကိုကိုက်လို့ စိုက်လို့မရပါဘူး။ ခရုရှိရင်လဲကိုက်ပါတယ်။ ကန်သေးသေးပဲဆိုတော့ ကောက်ပြီးသာလွှင့်ပစ်လိုက်ပါ။ ကန်ကြီးရင်တော့ ခရုသေဆေးထဲ့တာတို့ ထုံးပက်တာတို့လုပ်ရပါတယ်။ အကုသိုလ်တော့များတာပေါ့။
ထုံးလက်တဆုပ် လောက်ကွန်ကရစ်ကန်ထဲ ထဲ့ပေးရင် ရေကြည်ပါတယ်။ ဒါပေမဲ့ ထုံးများသွားရင်လဲ အပင်ရိပြီးသေတတ်ပါတယ်။
ပိုလှချင်ရင်တော့ ဒေါင်းငါးလေးတွေပါထဲ့မွေးလို့ရပါတယ်။

သိလိုတာ ကျမ ရေးတာမပြည့်စုံတာရှိရင် postကို edit ထပ်လုပ်ပေးပါ့မယ်။
Drအုန်းမြင့် ၀၉၂၀၀၅၅၀၂ ကိုလည်း အချိန်မရွေးဖုန်းဆက်မေးနိုင်ပါတယ်။ အသေးစိတ်ကိုသူဖြေပါလိမ့်မယ်ရှင်။

No comments:
Post a Comment