Tuesday, 1 August 2017

အိမ်လုပ်ငါးပိရည်ကျိုမွှေးမွှေးလေး

ဆိုးဆေးကင်း မြေသြဇာကင်း အိမ်လုပ်ငါးပိရည်ကျိုမွှေးမွှေးလေး
ရေချိုငါးစုံ ၁ပိသာ (ငါးဇင်းရိုင်း ငါးဖယ် ငါးပနော် ငါးခူသေးသေးလေးတွေက အစပါပါတယ်) ကြိုက်ရာ ငါးဈေးပေါပေါလေးတွေ တမျိုးထဲလည်း လုပ်လို့ပါတယ်။ ငါးကို အူထုတ် ရေဆေးပြီး ရေစစ်ထားပါ။
ဆား၂၅ကျပ်သားနဲ့နှယ်ပြီး ၂ရက်နေပြ ထားပါတယ်။၂ရက်မြောက်နေ့ ညနေမှာ နေပြထားတဲ့ ငါးတွေကို စဉ့်အိုးထဲ ထည့်ပြီး လောက်သေရွက်များ အပေါ်က ဖုံးပြီး လေလုံအောင် ပိတ်ပြီး နေပူပူမှာ တစ်လလောက် ထားပါ။ ၃ပတ်လောက် ထားလည်း ရပါတယ်။
အိုးထဲက ငါးတွေကို ထုတ်ပြီး ဓါးနဲ့စင်း အိုးထဲပြန်ထည့်ပြီး ၅ရက်လောက် အဖုံးပိတ်နေပြထားပါ။ (ကေကတော့ ငါးတွေဓါးနဲ့ မစင်းပါဘူး အိုးထဲမှာပဲ ငရုတ်ကျည့်ပွေ့ရှည်ရှည်နဲ့ ထောင်းပေးပါတယ်။) ၅ရက်ပြည့်ရင် လတ်ဆတ်တဲ့ ငါးပိရည်ကျိုရပါပြီ။ ငါးပိအိုး အပေါ်က အိုးတက်ရေလေးတွေကို ဇွန်းလေးနဲ့ အသာခပ်ပြီး ပွက်ပွက်ဆူအောင် ကျိုထားရင် ငါးငံပြာရည်ချို စစ်စစ်လည်း ရပါတယ်။
ငါးပိရည်ကျို လုပ်နည်းကို ဟင်္သာတသား အဘတစ်ယောက်ဆီက တတ်ပါတယ်။
အဘကိုဂါရဝပြုလျက်………
ကျန်းမာကျပါစေရှင်။




No comments:

Post a Comment