Tuesday, 1 August 2017

အိုဘားမား



အိုဘားမားလို့ဆိုလိုက်ရင် လူအများရဲ့ထင်မြင်ချက်က သူဟာ ဖခင်ကောင်းတစ်ဦး၊ ယောက်ျားကောင်းတစ်ဦး၊ ဟာသဉာဏ်ရွှင်ပြီး ရင်းနှီးဖော်ရွေသူ၊ အပြောအဟောကောင်းသူတစ်ဦးဖြစ်တယ်။ နယူးယောခ်တိုင်းမ်ရဲ့ အင်တာဗျူးကို လက်ခံဖြေဆိုစဉ်မှာ အိမ်ဖြူတော်ရဲ့သက်တမ်း၈နှစ်ကို သူတောင့်ခံဖြတ်ကျော်နိုင်ခဲ့တဲ့လျှို့ဝှက်ချက်က စာဖတ်ခြင်းကြောင့်လို့ ဆိုတယ်။ 

"စာဖတ်ခြင်းက ကျွန်တော့်ကိုသွေးအေးစေတယ်။ ရှုထောင့်သစ် အမြင်သစ်ကိုရစေတယ်၊ တခြားသူရဲ့ လုပ်နိုင်အားကို စာနာမျှဝေခံစားစေတယ်"

စာဖတ်ခြင်းက အိုဘားမားရဲ့နေ့စဉ်ဘဝမှာ အရေးပါတဲ့အရာတစ်ခုဖြစ်တယ်။ သူဟာ ညနက်နက်မှာ တစ်နေ့တစ်နာရီ စာအမြဲဖတ်တယ်။ ခေတ်ပြိုင်ဝတ္ထုကစ ဂန္ထဝင်ဝတ္ထု သိပ္ပံစာအုပ်တွေအဆုံးဖြစ်တယ်

စာဖတ်တိုင်း ခေါင်းဆောင်တစ်ဦးဖြစ်ချင်မှဖြစ်မယ်။
ဒါပေမယ့် ခေါင်းဆောင်တိုင်း စာဖတ်ကြတယ်။

----

နယူးယောခ်တိုင်းမ်ရဲ့သတင်း Obama’s Secret to Surviving the White House Years: Books သတင်းခေါင်းစဉ်မှ

No comments:

Post a Comment